တောင်ကြီး ကိုဗစ် လူနာ အမှတ်(၆၅၂) နှင့် ထိတွေ့ ဆက်စပ်သူ ၃၀ ကျော်ရှိ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကိုဗစ်-၁၉ လူနာ အမှတ် (၆၅၂) နှင့် ထိတွေ့ ဆက်စပ်သူ ၃၀ကျော် ရှိပြီး သက်ဆိုင်ရာ Quarantine တွင် ရှိထားကြောင်း စုံစမ်းသိရသည်။

Photo by Win Naing Soe /Facbook
https://www.facebook.com/photo?fbid=2698344010419787&set=a.1386663754921159

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက သြဂုတ် (၂၉ ) ရက်တွင် ထုတ်ပြန်ခဲ့သည့်တောင်ကြီး လူနာအမှတ် (၆၅၂) နှင့် ထိတွေ့ ဆက်စပ်သူ (၃၁) ဦးရှိပြီး ၊၎င်းတို့၏ ဓါတ်ခွဲနမူနာ ယူထားပြီး ရန်ကုန်အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာနသို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု စုံစမ်း ရသလောက် ၃၁ ဦး ရှိပါတယ်။ သက်ဆိုင်ရာ Quarantine ထားထားတယ်။ Swab က ယူပြီးပြီ မနက် ပို့ပြီး စစ်မယ်။ လူနာ အမှတ် (၆၅၂) လည်း ရဲ့ ကျန်းမာရေး အခြေနေကောင်းတယ်။ နဂိုကတည်းက လက္ခဏာ မရှိဘူး” ဟု ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက် မှ ထုတ်ပြန်ထားသည့်အတိုင်း mask ( နှားခေါင်းစည်း) တပ်ဆင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ လက်ကို မကြာခဏ ဆေးခြင်း၊ သြဂုတ် ၁၀ ရက် နောက်ပိုင်း ရခိုင်ပြည်မှ ပြန်လာသည့် ပြည်သူများ ရှိလျှင် Quarantine ဝင်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ် ကျန်းမာရေး ဌာနက ပြောသည်။


“ကိုယ့် ကျန်းမာရေးအတွက် ကိုယ်ပတ်ဝန်းကျင်တွေအတွက် maskတပ်ရင် အကောင်းဆုံးပေါ့နော်။ ဒါမယ့် လူတွေက ကိုယ့်ကိုယ်တပ်ဖို့ အားနည်းလာတယ်။ မေ့လျော့လာတဲ့အပေါ်မှာတော့ နဂို ရှိပြီးသား ဥပဒေတွေ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်ရင်တော့ လုပ်ရမှာပေါ့နော်။” ဟု ဒေါက်တာ ဇဝနကို ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဒေသခံ ပြည်သူများ လူနာအမှတ် (၆၅၂) တွေ့ပြီးနောက်ပိုင်း mask တပ်ဆင်မှု ၈၀ ရာခိုင်နှုန်းကျော်ရှိ လာကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က ပြောသည်။

“တောင်ကြီးဒေသခံတွေ ၈၀ ရာခိုင်နှုန်းလောက် Mask တွေ တပ်လာပြီ။ ပြီးတော့ ဒီရောဂါပိုးတွေ့ရှိတဲ့သူ ဆိုတဲ့သတင်းလေး ကြားသွားတော့ နည်းနည်း ပိုပြီးတော့ နှိုးနှိုးကြားကြား ဖြစ်သွားတဲ့သဘောမျိုး” ဟု ဦးဖြိုးမင်းထိုက် ကပြောသည်။

ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် နှင့် အညီ Mask တပ်ဆင်ရန်အတွက် ပညာပေးခြင်း လုပ်ဆောင်ပြီး လိုက်နာမှု မရှိလျှင် စီမံခန့်ခွဲရေးဆိုင်ရာ အနေဖြင့် သော်လည်း သက်ဆိုင်ရာ တည်ဆဲ ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းထိုက် က ထပ်လောင်းပြောသည်။

“လိုက်နာမှု မရှိရင် ပျက်ကွက်နေမယ်ဆိုရင် စီမံခန့်ခွဲရေးဆိုင်ရာ အနေနဲ့ကော သက်ဆိုင်ရာ တည်ဆဲ ဥပဒေ နဲ့ အညီ အရေးယူ ဆောင်ရွက်နိုင်ရေးကို သျှမ်းပြည်နယ် အစိုးရ အဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ဦးဖြိုးမင်းထိုက် ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ Quarantine ဝင်ထားသည့်သူ (၆၀) ဝန်းကျင်ခန့်ရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကို နေ့စဉ် နှင့်အမျှ ထပ်တိုး လူနာ များလာပြီး ၎င်း အထဲတွင် ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ တစ်ဦးရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ (၇၈၇) ဦး၊ ပြန်လည် သက်သာလာသူ ( ၃၅၂) ဦး၊ လက်ရှိ လူနာ ( ၄၉၂) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...