ဆီဆိုင် ကုန်းမြင့်မြေ ဖော်ဆောင်ရေးကို ကန့်ကွက်မှုကြောင့် မပြုလုပ်တော့ပေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ အစားထိုးပြန်ပေးရန် ကုန်းမြင့်လယ်ယာမြေ ဖော်ဆောင်ရေးကို ဒေသခံများကန့်ကွက်မှုကြောင့် မပြုလုပ်တော့ကြောင်း စုံစမ်းသိရသည်။

တပ်သိမ်းမြေအစားထိုး ပေးရန် ဖော်ဆောင်မည့် ကုန်းမြင့်မြေ ကို ကန့်ကွက်သည့် ဆီဆိုင်မြို့နယ် ဒေသခံများ ပုံ

ကုန်းမြင့်လယ်ယာမြေ ဖော်ဆောင်မည့် နေရာသည် ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာ နှင့် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ နမ့်တောင်းကျေးရွာပိုင် ကုန်းမြင့်လယ်ယာများကိုဖော်ဆောင်ပြီး တပ်သိမ်းမြေ အစားထိုး ပြန်ပေးမည် ဟု ပြောဆိုခဲ့သည်။

တပ်သိမ်းမြေ အစားထိုး အဖြစ် ကုန်းမြင့်မြေ ဖော်ဆောင်ပါက သစ်တော ဧက (၂၀၀) ကျော်ကို ဖျက်ဆီးရမည် ဖြစ်သဖြင့် ဒေသခံ များက ဇူလိုင် (၁၈) ရက်က ကန့်ကွက်ခဲ့ကြသည်။

“ကျနော်တို့ ကန့်ကွက်တဲ့နေရာမှာတော့ မလုပ်ဖြစ်တော့ဘူး။ ဘယ်နေရာရွေ့မှန်းတော့မသိဘူး။ အဲ့နေရာတော့ မလုပ်ဖြစ်တော့ဘူး” ဟု ဆီဆိုင်မြို့နယ် သျှမ်းလူငယ် စိုင်းပွန်းဟန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆီဆိုင်မြို့နယ် တောင်သူများ ပိုင်ဆိုင်သည့် မြေယာမြေ ဧက (၁၉၀၀) ကျော်ကို ဆီဆိုင်အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ် နှင့် (၄၂၄) တပ်တို့ က သိမ်းဆည်းခဲ့ပြီး ထို သိမ်းဆည်းခဲ့သည့် မြေများအစား နမ့်တောင်းကျေးရွာရှိ သစ်တော ဧက (၂၀၀) ကျော်ကို ကုန်းမြင့်လယ်ယာမြေ ဖော်ဆောင်ပြီး အစားထိုး ပြန်လည်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကုန်းမြင့်မြေ ဖော်ဆောင်ရေး မပြုလုပ်တော့ကြောင်း ကို ဇူလိုင် ၂၃ရက် တွင် လာရောက်အကြောင်းကြားခဲ့ပြီး၊ ကုန်းမြင့်မြေ ဖော်ဆောင်ရာတွင် အသုံးပြုမည့် မြေတူးစက်ယန္တရားများ ပြန်လည်ရုပ်သိမ်းသွားပြီဖြစ်ကြောင်း စိုင်းပိန်းဟန် က ပြောပြသည်။

“အရင်ကတော့ သူတို့ မြေတူးကားတွေ တဲတွေ လာထားတာ ရှိတယ်။ အခု အဲ့ဒါတွေလည်း မရှိတော့ဘူး။ အကုန်လုံး ပြန်ရုပ်သိမ်းလိုက်ပြီ” ဟု စိုင်းပိန်းဟန် ကပြောသည်။

မြေယာဖော်ဆောင်မည့် နေရာသည် ကုန်းမြင့်လယ်ယာမြေဖြစ်ပြီး သစ်ပင် သစ်တောများဖြစ်ပြီး ဒေသခံ ရွာသားများက ချက်ပြုတ်ရန်အတွက် ထင်းခုတ်ခြင်း အိမ်ဆောက်ရန်အတွက် အမိုးအကာ သွားယူခြင်းများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ခုလက်ရှိ ကန့်ကွက်နေတာသည် ကုန်းမြင့်လယ်ယာဖော်ဆောင်ရေး စီမံကိန်း ကို ကန့်ကွက်နေတာမဟုတ်ဘူး။ ကျနော်တို့ နေရာကိုပဲ ကန့်ကွက်နေတာ။ တကယ့်တောထဲကို ဖြိုပြီးတော့ လုပ်မယ်ဆိုတော့ ဒါက သဘာဝ မကျဘူး နည်းလမ်း လည်း မဟုတ်သေးဘူး” ဟု စိုင်းပိန်းဟန် ကပြောသည်။

လယ်ယာ သိမ်းခံရသည့် ဆီဆိုင် ပအိုဝ်း တောင်သူများကို အစားထိုးမြေယာ အဖြစ် ကုန်းမြင့်လယ်ယာမြေ ဧကာ ၂၀၀ ကျော်ဖော်ဆောင်မည့် ကိစ္စကို ပအိုဝ်းတောင်သူများလည်း လက်မခံကြောင်း၊ မြေယာဖော်ဆောင်သည့်အခါ သစ်ပင်များ ခုတ်ရပြီး သစ်တောပြုန်းတီးမှုများဖြစ်လာသည့်အတွက် လက်မံနိုင်ကြောင်းလည်း လယ်ယာသိမ်းဆည်းခံရသည့် ပအိုဝ်းတောင်သူများကပြောသည်။

လက်ရှိ ကုန်းမြင့်မြေ ဖော်ဆောင်မှုရပ်ဆိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး လယ်ယာသိမ်းခံရသည့် ဒေါ်ချိုချိုဝင်း က “ဒီလို ကြားရတော့ စိတ်ချမ်းသာတယ်။ ပအိုဝ်း နဲ့ သျှမ်း တွေလည်း တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲမှားမှုတွေ မရှိတော့ဘူး။ သံသယတွေ ကင်းတယ်။ ဒီသစ်တောကို မဖျက်စီးတဲ့ခါကျတော့ သျှမ်း နဲ့ ပအိုဝ်းတွေ ငြိမ်းချမ်းရေးဖြစ်သွားတယ်” က ပြောသည်။

အစားထိုး မြေယာများ ပြန်ပေးမည့် ကုန်းမြင့်လယ်ယာမြေ ဧက (၂၀၀) ကျော်ကို ဖော်ဆောင်မည်ဟု သိရှိရပြီး မြေယာများကို ဖော်သည့်အခါ သစ်ပင်များ ခုတ်ရမည်ဖြစ်ပြီး သစ်တောပြုန်းမှုများ ဖြစ်လာနိုင်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

တပ်သိမ်းမြေ အစားထိုးအဖြစ် သစ်တောများကို ဖျက်ဆီးပြီး တောင်သူများကို ပြန်လည်ပေးသည့် ကိစ္စ သည် အဓိပ္ပာယ်မရှိကြောင်း၊ သစ်တောများ ဖျက်ဆီးပြီး ပြန်ပေးသည် မြေယာများကိုလည်း မလိုချင်ကြောင်း လယ်ယာသိမ်းဆည်းခံရသည့် ဒေါ်ချိုချိုဝင်း ကပြောသည်။

“ အန်တီတို့အနေနဲ့ ကိုယ့်မြေကိုယ်ယာပဲ ပြန်ရချင်တယ်။တပ်ဘက်က သိမ်းဆည်းပေမယ့် သူတို့က အကောင်အထည် ဖော်ထားတာမရှိဘူး။ ဘာမှ လည်း မစိုက်ပျိုးထားဘူး။ အန်တီတို့က သူတို့ သိမ်းစဉ်ကတည်းက စိုက်တယ်” ဟု ဒေါ်ချိုချိုဝင်း က ဆိုသည်။

ကုန်းမြင့်မြေ ဖော်ဆောင်ပါက သစ်တောများ ပျက်စီးစေမည် ဖြစ်သဖြင့် ကောင်းကျိုးထက် ဆိုးကျိုးပိုများဖြစ်ကာ ဆီဆိုင်မြို့နယ် ဒေသခံများက ကန့်ကွက်ခဲ့ ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...