Thursday, January 29, 2026

RCSS/SSA တပ်သား ၂၀ ထွက်ပြေးသည့်ကိစ္စ မဟုတ်မှန်ကြောင်း RCSS ပြော

တပ်မတော် သတင်းမှန် ထုတ်ပြန်ထားသည့် RCSS/SSA တပ်သား ၂၀ ဦး ထွက်ပြေးသည့် သတင်းသည် မမှန်ကန်ကြောင်း ဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။

Photo Jai Tai Rebel

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA မှ အတင်းအဓမ္မ လူသစ်စုဆောင်ပြီး လွိုင်တိုင်းလျန်း တွင် တပ်သားသစ် သင်တန်းတက်နေသည့် သူများအနက် သင်တန်းသား ၂၀ ဦး ထွက်ပြေးခဲ့ကြောင်း ဇွန် ၂၄ရက်စွဲဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ထွက်ပြေးလာသည့် RCSS/SSA တပ်သား ၂၀ဦးကို သျှမ်းပြည် အရှေ့ပိုင်း တာဖာလိုင်ဒေသ တွင် “ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) ကယာယီ ထိန်းသိမ်းထားပြီး ဇူလိုင် ၂၃ ရက် ညပိုင်းက တာချီလိတ်မြို့ရှိနယ်မြေခံတပ် သို့လာရောက် အပ်နှံခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါ သတင်းသည် လုံးဝ မှန်ကန်မှုမရှိကြောင်း၊ RCSS/SSA၏ ဂုဏ်သိက္ခာကို ဖျက်ဆီးသည့် သတင်းဖြစ်ကြောင်း RCSS/SSA မှပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုံးဝ မဟုတ်မမှန်တဲ့ လုပ်ကြံတဲ့ သတင်းဖြစ်တယ်။တဖက်သားရဲ့ နာမည် ဂုဏ်သိက္ခာ အဖွဲ့အစည်းတစ်ခု ရဲ့ ဂုဏ်သိက္ခာကိုဖျက်ဆီးရာ ဖျက်ဆီးကြောင်း ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာလား လို့ သံသယ စိတ်တောင် ဝင်မိတယ်” ဒု ဗိုလ်မှူးကြီး စဝ်အုမ်ခေး ကဆိုသည်။

၎င်း သတင်းမျိုး မကြာခဏ ထုတ်ပြန်လျှင် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလမှာ ထိခိုက်နိုင်ခြင်း၊ NCA စာချုပ် ချိုးဖောက်ရာ ရောက်ကြောင်း၊ JMC တွင် သဘောတူညီမှု ရထားသည့်ကိစ္စလည်း ချိုးဖောက်ရာ ရောက်ကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး UWSA ၏ ပြန်ကြားရေး နှင့် ဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းကိုဆက်သွယ်မေးမြန်းရာ “ အဲ့ဒီကိစ္စနဲ့ ကျနော်က ခရီးလွန်နေလို့ မသိရဘူး။ မကြားရသေးဘူး” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး လက်ရှိ အချိန်ထိ အစိုးရ နှင့် အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲ မကြာခဏ ပြုလုပ်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...