Wednesday, January 28, 2026

တပ်မှ မြေသိမ်းပြီး တရားပြန်စွဲထားသည့်အမှုကို ဆီဆိုင်တောင်သူများ ရင်ဆိုင်မည်

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ရ ဒေသ ဆီဆိုင်မြို့နယ် မြေယာသိမ်းဆည်းမှု နှင့် ပတ်သက်ပြီး တပ်မှ အမှု ရုပ်သိမ်းပေးခြင်းမရှိသဖြင့် မြေပိုင်ရှင်များမှ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

Photo by Mg Mg/ Facebook

ဇွန်လ ၄ ရက်က ဆီဆိုင်မြို့နယ် အစိုးရ တပ်မတော် နှင့် တောင်သူများ မြေယာ အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးအစည်းအဝေး ခန်းမတွင် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ထူးခြားသည့် ရလဒ် တစုံတရာ မထွက်ပေါ်လာကြောင်း လယ်ယာ သိမ်းဆည်းခံရသည့် တောင်သူများက ပြောသည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် အရှေ့တိုင်း စစ်ဌာနချုပ် မှ တာဝန်ရှိသူ နှင့် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ သိမ်းဆည်းခံ တောင်သူများတက်ရောက်ခဲ့သည်။

“လက်ရှိ အခြေနေတော့ ထူးခြားပြောင်းသွားတာ မရှိသေးဘူး။ တွေ့ဆုံဆွေးနွေးပွဲက အဖြေမပေါ်၊ ရလဒ် တစ်စုံတစ်ရာ မရပဲနဲ့ ပြီးဆုံးသွားတာပဲလို့ ပြောလို့ရပါတယ်” ဟု ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နှစ်ဖက် တွေ့ဆုံပွဲမှာ တောင်သူများဘက်မှ မြေယာမြေများ ဆက်လက်စိုက်ပျိုးခွင့်ပြုရန်၊တောင်သူ (၇၀)ကျော် တရားစွဲဆိုထားမှု အပေါ် အမှု ရုပ်သိမ်းပေးရန်၊ တပ်မှ ပိတ်ဆို့ထားသည့် လမ်းများကို ပြန်ဖွင့်ပေးရန် နှင့် တပ်မှ သိမ်းဆည်းထားသည့် ထွန်စက် ၂၉ စီး ကိုလည် ပိုင်ရှင်များလက်သို့ ပြန်လည် အပ်နှံ ပေးရန် တောင်းဆိုကြကြောင်း ဦးစံဝင်းမောင်က ပြောပြသည်။

ဓာတ္ပံု Mg Mg/Facebook

“ထွန်စက်တွေကိုတော့ အဲ့နေ့ ညနေ မှာ ပြန်ပေးလိုက်တယ်။ ရဲက အာမခံ နဲ့ ပြန်ထုတ်ပေးလိုက်တဲ့ သဘောပဲလေ။ အမှု ကိုတော့ ရုတ်သိမ်းတာတွေ ဘာတွေ မရှိသေးဘူး။ အမှုကတော့ ရင်ဆိုင်ရအုံးမယ်” ဟု ဦးစံဝင်းမောင် က ဆိုသည်။

အရှေ့တိုင်း စစ်ဌာနချုပ် မှ တောင်သူ ၇၀ ကျော်ကို ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားပြီး ထိုအမှုကို ရုပ်သိမ်းပေးခြင်းမရှိသေးသည့်အတွက် ဆက်လက် ရင်ဆိုင်သွားရမည် ဟု ဦးစံဝင်းမောင် က ထပ်လောင်းပြောသည်။

ထို့ပြင် ဆီဆိုင်မြို့နယ် အတွင်း ခြေမြန်တပ်ရင် ခမရ ၄၂၃/ ၄၂၄ တပ်ရင်းများမှ ဒေသခံ တောင်သူများထံ စိုက်ပျိုးမြေ၊ မြေယာ အဓမ္မ သိမ်းဆည်းခြင်း၊ လယ်သမားများ စိုက်ပျိုးထားသည့် အပင် ဖျက်ဆီးခြင်း၊ တောင်သူများအား တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ ထွန်စက်များ သိမ်းယူခြင်း၊ တပ်သိမ်းမြေစာရင်းများ ပွင့်လင်းစွာချပြမှု မရှိသည့်အပေါ် ပအိုဝ်း အရပ်ဖက် လူမှုအဖွ့ဲအစည်းများ နှင့် မိတ်ဖက် အရပ်ဖက် လူမှု အဖွဲ့အစည်း ၁၉၄ ဖွဲ့က ဇွန် ၃ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် စီးပွားရေး အကြပ်အတည်း အခြေအနေ အမျိုးမျိုးကြောင့် တောင်သူလယ်သမားများ စားဝတ်နေရေး အတွက် ခက်ခဲစွာ ရင်ဆိုင်နေရသည့် အချိန်ကာလဖြစ်နေကြောင်းလည်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

အဆိုပါ သဘောထားချက် ထုတ်ပြန်ပြီးနောက်တွင် “ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် လည်း ဆင်းလာပြီးတော့ ရွာသားတွေနဲ့တွေ့တယ်။ အခုအနေအထားက တိုင်းမှူးက ပြန်မပေးချင်တဲ့အနေအထားဖြစ်နေတယ်” ဟု ပအိုဝ်းလူငယ် အစည်းအရုံး ဥက္ကဌ ခွန်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြေယာမြေ အငြင်းပွားမှု ကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထူးခြားမှု မရှိပါက ဒုတိယ သမ္မတ ထံစာတင်တောင်ဆိုသွားမည်ဖြစ်ပြီး၊ T-Shirt Campaign ပြုလုပ်ရန်နှင့် တောင်သူများကို ပြန်စုကာ ထွန်ယက်စိုက်ပျိုးမှုများလည်း ပြုလုပ်သွားမည် ဟု ခွန်ဦးက ပြောသည်။

“တပ်က မြေယာနဲ့ပတ်သက်ပြီးတော့ပိုပြီး သိမ်းထားတယ်။ သူတို့ (တပ်) ကလည်း စီးပွားရေး လုပ်ချင်တော့ သူတို့က ပြန်မပေးချင်ဘူးဖြစ်နေတယ်”ခွန်ဦးက ဆိုသည်။

စစ်တပ် မှ သိမ်းဆည်းထားသည့် မြေများနှင့် အကောင်အထည်ဖော်ထားခြင်းမရှိသည့် မြေများအား မူလလုပ် ပိုင်ခွင့်တောင်သူများနှင့် လက်ရှိလုပ်ကိုင်နေသည့် တောင်သူများထံချွင်းချက်မရှိ တရားဝင် ပြန်လည်စွန့်လွှတ်ရန် လည်း အရပ်ဖက် လူမှု အဖွ့ဲအစည်း ၁၉၄ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား ပြည်သူများ လက်တွေ့ကျင့်သုံးနေသည့် ဓလေ့ ထုံးတမ်းမြေယာစနစ် ကို အသိအမှတ်ပြုရန် နှင့် ပိုင်ဆိုင်ခွင့် စီမံခွင့် အားလေးစားရန်၊ လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် မြေယာများ သိမ်းယူထားသည့် သက်ဆိုင်ရာ တပ်ရင်း ဌာနများ အနေဖြင့် မြေသိမ်းခြင်းလျော်ကြေး နစ်နာကြေး ပေးခြင်း၊ အကောင်အထည် ဖော်ထားခြ င်းမရှိသည့် မြေနေရာများ အား ဥပဒေအညီ မူလ လုပ်ပိုင်ခွင့်ရ တောင်သူများအားပြန်လည် စွန့်လွှတ်ပေးခြင်း စသည့် တည်ဆဲမြေယာဥပဒေများပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပေးရန် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...

အခြားဒေသသို့ စစ်ဘေးရှောင်ပြီး နေရပ်ဆီဆိုင်မြို့သို့ ပြန်လာသည့် ကလေးများ ကျောင်းအပ်ခွင့်မရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် အခြားဒေသသို့ စစ်ဘေးရှောင်သွားရာမှ ပြန်လာသည့် ကလေးများကို ကျောင်းအပ်လက်မခံကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်စပိုင်းတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် PNLA တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မြို့ခံများသည် ဘေးလွတ်ရာ အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဆီဆိုင်မြို့တွင်...

ဆီဆိုင်မြို့ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်နေ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်ရ

0
သျှမ်းပြည် ဆီဆိုင်မြို့တွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ခိုးဆိုးလုယက်မှု ပေါများခြင်းကြောင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ဆီဆိုင်မြို့တွင် ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး ရပ်ကွက်အချို့ထဲတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသား တစ်ဦးက...