Wednesday, January 28, 2026

သိန္နီ တံတားစောင့် တပ်သား သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂လုံးထိ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အဝင်တံတားကင်းစောင့် တပ်သားများ သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိမှန်ခဲ့ကြောင်း သိရသည်။

Photo Credit to SaiOne Leng Kham-နေအိမ်ေခါင်မိုး သေနတ်ထိမှန်ရာ

ဇွန် ၆ ရက် ည ၁၁ နာရီ ကျော် ဆိုင်ကယ်မောင်းနှင်လာသည့်လူတဦးအား သိန္နီမြို့ အဝင် တံတား ကင်းစောင့်နေသည့် တပ်သားမှ စစ်ဆေးရန် ရပ်ခိုင်းရာ မရပ်သဖြင့်ဟုဆိုကာ သေနတ်ပစ် ခြိမ်းခြောက်ရာမှ လူနေအိမ်များအားထိခိုက်ရခြင်းဖြစ်ကြောင်း သိန္နီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဆိုင်ကယ်စီး လူတယောက်က တံတားဖြတ်သန်းစဉ်မှာ လုံခြုံရေးက တားပါတယ်။ တားလို့ မရပ်တဲ့အတွက် ကင်းစောင့်တဲ့ တပ်သားက သေနတ်ပစ်လိုက်တာပါ။ လူတော့ထိဘဲ အိမ်၂ အိမ်ကိုထိသွားတယ်” ဟု စိုင်းဦးခမ်း က ပြောသည်။

အဆိုပါ အိမ် ၂အိမ်သည် တံတားအနီးတွင်ရှိသည့်အိမ်များဖြစ်ပြီး၊ အိမ်ခေါင်မိုး၊ နံရံ များ တွင် ကျည်ဆံထိမှန်ကြောင်း၊ သက်ဆိုင်ရာ တပ်မှလည်း ကျည်ထိမှန်သည့် အိမ်ကိုလာရောက်ကြည့်ရှုကြောင်း၊ သေနတ်ပစ်သည့် တပ်သားများကိုလည်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်ဟု စိုင်းဦးခမ်း က ထပ်ပြောသည်။

“ ဆိုင်ကယ်ကိုတားတာ မရပ်လို့မိုးပေါ်ထောင်ပစ်တယ်ပြောတယ်။ သေနတ်သံ ၅ ချက် ကျော် ၁၀ ချက်နီးပါးရှိတယ်။ ကျနော့အိမ်ကို ၃ ချက်ထိတယ်။ လူအိပ်ချိန်မို့လို့တော်သေးတယ်” ဟု ကျည်ထိမှန်သည့် အိမ်ပိုင်ရှင် စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo Credit to SaiOne Leng Kham-နေအိမ် နံရံသေနတ်ထိမှန်ရာ

ဆက်လက်ပြီး “G1 ( ဗိုလ်မှူး) က အမိန့် နဲ့ ပစ်တာပါ” ဟု အခင်းဖြစ်ပွားပြီး နောက် မနက် တွင် အစောင့်ရဲဘော်များက စိုင်းကျော်ခိုင် ၏ နေအိမ်ကိုလာပြောပြကြောင်း သိရသည်။

ထို့အပြင် တန်ဖိုးကြီးသည့် ပစ္စည်းများ ပျက်စီးပါကလည်းလျော်ပေးမည်ဟု တပ်က ပြောဆိုကြောင်းလည်း စိုင်းကျော်ခိုင် က ပြောသည်။

“ တန်ဖိုးကြီးပျက်စီးတာ ရှိရင် လျော်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် လူတယောက်ယောက်ကို ထိသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေး ဝင်လာတယ်။ စိုးရိမ်စရာပါ။ နောက်နောင် ဒီလိုမျိုး မဖြစ်ဖို့ပဲ လိုပါတယ် ” ဟု စိုင်းကျော်ခိုင် က တောင်းဆိုလိုက်သည်။

လုံခြုံရေး အရ ဆိုင်ကယ် တားသည်ကို မရပ်သည့် အတွက် သေနတ်ပစ်ရသည့် အကြောင်းပြချက် မဖြစ်သင့်ကြောင်း၊ နောက်နောင် အရပ်သားနေထိုင်သည့် နေအိမ်ဘက်သို့ေ သနတ်မပစ်ရန် တောင်းဆိုချင်ကြောင်း ကျည်ထိမှန်သည့် နေအိမ်တွင်နေထိုင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယ်ဒီတာပေးစာ

0
သို့သျှမ်းသံတော်ဆင့်သတင်းဌာန သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။ ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။ တိုက်ပွဲဖြစ်ပြီးတဲ့...
Hsenwi_MNDAA_ID_1

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

တရုတ်လမုန့် ပွဲ နာမည်ခံ သိန္နီမြို့ လောင်းကစားပွဲတော်

0
ဘောလုံးကွင်း တကွင်းစာခန့်ရှိသော မြေလွတ်တစ်နေရာတွင် လူတွေက “ဖားဖား…၊ ကျားကျား..၊ ဆင်ဆင်..”ဟု အော်သူကအော်ပြီး ဆော့သူကဆော့ကာ အများအကြိုက် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆော့ကစားနေကြသည်။ အများသူဌာသည် လမုန့်စားပွဲတော်ဟု နှုတ်ကနေပြောဆိုသော်လည်း အမှန်တကယ်တွင် လောင်းကစား ပွဲတော်ပင် ဖြစ်နေသည်။ ထိုနေရာသည် တချိန်တခါက သျှမ်းစော်ဘွား နန်းစိုက်ရာ...

စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ

0
ကိုးကန့် တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် သိန္နီမြို့သို့ ပြန်ဝင်လာမည်ဟု သတင်းထွက်ပေါ်လာသေးသည်။ ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

သိန္နီမြို့ထဲ စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်

0
ကိုးကန့်တပ် MNDAA အခိုင်အမာ ပြင်ဆင်တည်ဆောက်ထားသည့် သိန္နီမြို့ကို ပြန်ပေးရန် စစ်ကော်မရှင်ဘက် တောင်းဆိုနေလျက်ရှိရာ ယခုလမှစ၍ သိန္နီမြို့ထဲ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်ဝင်လာတော့မည်ဟု ဒေသခံများက ပြောသည်။ သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု ပြီးခဲ့သော...