ကိုဗစ်-၁၉ ဖြေလျော့မှု နောက်ဆက်တွဲ စိုးရိမ် ရတဲ့အနေအထား

ကမ္ဘာ တဝှမ်း လူသန်းပေါင်းများစွာ သေကြေခဲ့ရပြီး၊ ကမ္ဘာကြီး ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ဟာ မြန်မာပြည်ကို ရောက်ရှိလာတာ ၃လနီးပါး ရှိလာပါပြီ။

တောင်ကြီးမြို့လယ်ခေါင်တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ဘဲ သွားလာနေသူ နှင့် ဈေးရောင်းနေသူများ( Photo by SHAN)

ထို ကိုဗစ်-၁၉ ဟာ မြန်မာပြည် လူသန်း၆၀ လုံးရဲ့ စီးပွားရေး၊ လူမှုရေး အစစအရာရာ ကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင့် Covid- 19 ကြောင့် မြန်မာနိုင်ငံ တဝှမ်း အသွားအလာ ပိတ်ဆို့ထားကာ (Lockdown) များကို ပြုလုပ်ခဲ့ပြီး ယခု လ ( ဇွန် ၁) ရက်မှာတော့ အသွားအလာ တွေ ပြန်လည်ဖြေလျော့ ပေးခဲ့ပါတယ်။

သျှမ်းပြည်အစိုးရမှ ပြန်လည်ဖြေလျော့ပေးခဲ့တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဇွန် ၁ ရက်နေ့မှာတော့ မြို့မဈေးကြီးများ စားသောက်ဆိုင်တွေနဲ့ ခရီးသွားတွေကို အလုပ်ပုံစံ အသစ် သွားလာနေထိုင်မှု ပုံစံ အသစ်တွေနဲ့ ပြန်လည် နိုးထ စတင်လာပါတော့တယ်။

အသွားအလာတွေ ဖြေလျော့ပေးလိုက်ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ လူနာ ဟာ ဆက်လက်ဖြစ်ပွားနေဆဲပါ။

“တကယ့် တကယ်တမ်းဖြစ်ရင် အန္တရာယ် တော်တော်များတယ်။ ကိုယ်ဖြစ်ကိုယ်ခံပဲ အစိုးရက ဘာမှ လုပ်ပေးနိုင်တာမဟုတ်ဘူး။ အမေရိကန် နိုင်ငံတောင် ဘာမှ မလုပ်နိုင်တဲ့ဟာကို ကိုယ့်ဘက်ကပဲ ဝိရိယ ပိုစိုက်ရတာပေါ့ ” တောင်ကြီးမြို့ တွင်နေထိုင်ပြီး သတင်းနဲ့ သုတေသန လုပ်ငန်းလုပ်ကိုင်တဲ့ နန်းဖွေးငင်း ကပြောပါတယ်။

ယခုကဲ့သို့ ဖြေလျော့လိုက်ပြီးနောက် တောင်ကြီးမြို့လယ်ခေါင်ဖြစ်တဲ့ မြို့မဈေးကြီး၊ စားသောက်ဆိုင်တွေ မှာ ပြည်သူတွေ အသွားအလာ ပြန်လည်စည်ကားလာပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြီး ပျောက်ကွယ်သွားတဲ့အတိုင်းဖြစ်နေပါတယ်။

လက်ရှိ တောင်ကြီးမှာတော့ ကိုဗစ် -၁၉ အတည်ပြု လူနာ စတွေ့တုန်းကလိုမျိုး အကြောက်အရွံ့မရှိတော့ပဲ သွားလာလှုပ်ရှားနေ သက်ဝင်နေပါတယ်။

တောင်ကြီးမြို့လယ်ခေါင်တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ဘဲ ဈေးရောင်းနေသူများ( Photo by SHAN)

“ကပ်ရောဂါ ကူးစက်တာထက် စားဝတ်နေရေးကို ပိုပြီး စိုးရိမ်နေကြတယ် လို့ မြင်ပါတယ်” လို့ အသက် ၃၈ နှစ် အရွယ်ရှိ တောင်ကြီးတွင်နေထိုင်တဲ့ စိုင်းအောင် က ပြောပါတယ်။

ယခင် တောင်ကြီးပြည်သူတွေဟာ နှာခေါင်းစည် တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ အိတ်ထဲတွင် လက်ဆေးရည် (Hand Gel) ဆောင်ခြင်း၊ တဦးနှင့် တဦး ခပ်ခွါခွါ လမ်းလျှောက်တာတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒါတွေ ဟာ မတွေ့ရတော့ဘဲ တောင်ကြီးမြို့က ပုံမှန် သက်ဝင်နေပါတယ်။

ပြည်သူတွေ ဟာ ကိုဗစ်-၁၉ အဆုံးမသတ်သေးတာကို သတိလက်လွတ်ဖြစ် နေကြတယ်လို့ တောင်ကြီး ဒေသခံတွေ က ပြောဆိုလိုက်ပါတယ်။

“ဒီလို သွားလာနေတာက တကယ်ပြောရရင် မကြောက်တော့ဘူး။ ဖြစ်ရင်လည်း ပြန်ပျောက်နိုင်တယ်။ မဖြစ်အောင် မိမိ ကိုယ့်ကို ဘယ်လို ကာကွယ်နေထိုင်ရမလဲဆိုတာလည်း ကျန်းမာရေးဌာန က မကြခဏ ပညာပေးတွေ လုပ်နေတယ်။” လို့ အသက် ၃၅ နှစ် အရွယ် ဆောက်လုပ်ရေးကုမဏီမှာ လုပ်ကိုင်တဲ့ နန်းဟွမ် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် စဝင်ရောက်တုန်းက social media မှာလည်း ကိုဗစ် သတင်းမှ လွဲပြီး ကျန်သည့် သတင်းများ မတွေ့ရပေ။

“စစခြင်းတုန်းကတော့ တအားကြောက်တယ်။ သတင်းတွေလည်း တအားဖတ်တော့လေ။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲဘူး။ ခုက လိုတာရှိရင် ထွက်တာပဲ။ ဒါပေမယ့် လက်ဆေးရည်တော့ အမြဲဆောင်ထားရတာပေါ့နော်။” ဟု တောင်ကြီးဒေသခံ နန်းဟွမ် ကပြောပါတယ်။

အပြင်ထွက်သွားလာနေတဲ့လူတွေမှာလည်း ၁၀၀ မှာအယောက် ၃၀ လောက်သာ နှာခေါင်းစည်းတပ်ပြီး သွားလာနေကြတာကို တွေ့မြင်ရပါတယ်။

“ သွားသွားလာလာလည်း တအားများတယ်။ ပြည်တော်ပြန်လည်း ဒီထဲမှာ ရှိတယ်။ အန္တရာယ်များတာပေါ့နော်။ ခုက စိတ်ချရမယ့် အနေအထားမျိုး လုံးဝ မဟုတ်သေးဘူးလေ။” လို့ တောင်ကြီးဒေသခံ နန်းဖွေးငင်း ကပြောပါတယ်။

ဒါ့အပြင် ကိုဗစ် – ၁၉ ကာလထဲ ဖြစ်နေတဲ့ ဇူလိုင် ၂၁ ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံး အခြေခံ ပညာရေးကျောင်းတွေ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပညာရေး ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုထုတ်ပြန်ချက်ကြောင့် သျှမ်းပြည် အတွင်းနေထိုင်တဲ့ ကျောင်းသားမိဘတွေ ဟာ စိုးရိမ်ထိတ်လန့်မှု၊ ပူပန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေပါ။

“ခု စိတ်ချရမယ့် အခြေအနေ မဟုတ်သေးလို့ အိမ်မှာ ရှိတဲ့ ကျောင်းသူတောင်မှ ဒီနှစ် ကျောင်းမပေးသွားဘူး။ တစ်နှစ်အောက်ရင် အောက်ပါစေ။ ကျောင်းတက်မှာကိုလဲ ကိုယ်က စိတ်မချဘူး။ အစိုးရ ရဲ့ လုပ်ဆောင်ချက်က ဒီလောက်နဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး” အလယ်တန်းကျောင်းသားမိခင် တဦးဖြစ်တဲ့ နန်းယိင်း က ပြောပါတယ်။

တောင်ကြီးမြို့လယ်ခေါင်တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ဘဲ သွားလာနေသူ နှင့် ဈေးရောင်းနေသူများ( Photo by SHAN)

သျှမ်းပြည်အစိုးရမှ ဇွန် (၁) ရက်နေ့က စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ဖြေလျော့ပေးခဲ့ပေမယ့် ကျန်းမာရေး ဌာနက ထုတ်ပြန်ချက်အတိုင်း လိုက်နာ နေထိုင်ရန် လိုအပ်ကြောင်း ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ ကလည်း အကြံပေးပြောဆိုလိုက်ပါတယ်။

“ဖြေလျော့လိုက်ပြီဆိုပေမယ့် လူတွေ အကုန်လုံးက သွားချင်တိုင်းသွား လာချင်တိုင်း လာ လို့ ရတာမဟုတ်ဘူး။ အခု New Normal lifestyle က Mask တွေ တပ်ရမယ်အပြင်ထွက်တိုင်း mask တပ်ရမယ်” လို့ ဒေါက်တာနှင်းအိဖြူ က ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေ အနေနဲ့ဆေးရုံ၊ ဆေးခန်း တွေ မလိုအပ်ဘဲ မသွားရန်၊ သက်ဆိုင်ရာ ကထုတ်ထားတဲ့ စည်းကမ်းချက်တွေလိုက်နာကြရန်နဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လည်း တစိုက်မတ်မတ် လိုက်နာ ဆောင်ရွက်ရန် ဒေါက်တာနှင်းအိဖြူ က အကြံပြုလိုက်ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ နှင်းအိဖြူ က “အဓိက ရောဂါ source က ပြည်ပပြန်ကနေ ပါလာတယ်။ကိုယ်တွေ နေထိုင်တာ စည်းကမ်းရှိမယ်ဆိုလို့ရှိရင် တကျော့ပြန် ဖြစ်ဖြစ် စိတ်ပူစရာ မရှိဘူး။” ပြောပါတယ်။

ကမ္ဘာတဝှမ်း ကို တုန်လှုပ်ပြီး စီးပွားရေး၊ လူမှုရေး တွေပါ ကျဆင်းစေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ  ကိုဗစ် အတည်ပြု လူနာ ၂၃၆ ဦး ရှိပြီး ပြန်လည် သက်သာလာသူ ၁၄၈ နဲ့ သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာပြည်သူအနေနဲ့ သက်ဆိုင်ရာ မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် လျော့လိုက်ပြီး New Normal Lifestyle တွင် မိမိကိုယ်ကိုယ် သတိပြုမူပြီး ဂရုစိုက်နေထိုင်ရန် ဆရာဝန်များက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ...

သင်္ကြန်ကာလအပြီး တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်(၃၀)ကျော် ဖမ်းဆီးခံရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ကာလအပြီး လိုင်စင်မဲ့ယာဉ်များ၊ စုံ-မ သတ်မှတ်ချက် မှားယွင်းမှုများ ဖမ်းဆီးနေပြီး ယာဉ်အစီးရေ (၃၀)ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီလ ၂၀ ရက်)တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း အလယ် ဘီအိုစီ စက်သုံးဆီဆိုင်ရှေ့နှင့် ဗိုလ်ချုပ်လမ်းဘက်တွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့်...

တောင်ကြီး သင်္ကြန်မဏ္ဍပ် (၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်တွင် အတာသင်္ကြန် မဏ္ဍပ် (၉) ခုထက်မနည်း ဆောက်လုပ်ထားပြီး စစ်ကော်မရှင်က စက်သုံးဆီချွေတာရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်လည်း ပြုလုပ်ထားသည်။ ထိုသို့ သင်္ကြန်ပွဲတော် ဆင်နွှဲရန် တောင်ကြီးမြို့တွင် စိတ်ဝင်စားသူ...

တောင်ကြီး ရွှေတောင်ရပ်ကွက် ဖုန်းဆိုင် မီးလောင်မှုဖြစ်ပွား၊ သံသယရှိသူကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထား

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက် ပုပ္ပါးလမ်းဆင်းရှိ ဖုန်းဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ယမနနေ့ ဧပြီလ (၈)ရက်နေ့ညတွင် ကုန်သည်လမ်းရှိ “My Dream” မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်မှ ဆိုင်သိမ်း၍ နေအိမ်သို့ ပြန်ခဲ့ပြီး အဆိုပါ ဖုန်းဆိုင်ဘေးတွင် အဆောင်ငှားနေထိုင်သူ အသက်...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...