Saturday, April 27, 2024

မြို့နယ် ၁၇၂ မှာ စစ်မှုထမ်းဥပဒေ စတင်ဖော်ဆောင်

Must read

ယခုနှစ်ဖေဖော်ဝါရီလ ၁၀ တွင် စစ်ကောင်စီမှ မြန်မာနိုင်ငံတမှမ်းကို ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုစစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်လာကြောင်း Data for Myanmarမှ ထုတ်ပြန်ထားသည်။

မတ်လ ၂၂ ရက်အထိ စုဆောင်းထားသည့် အချက်အလက်များအရ စစ်ကောင်စီသည် မြို့နယ်ပေါင်း ၃၃၀ အနက် ၊ ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဆောင်ဖို့ စာရင်းကောက်ယူနေပြီး၊မဲနှိုက်ရွှေးချယ်ခြင်း၊စစ်မှုထမ်းရန် အသက် အရွယ်ရောက်ရှိပြီးသူအဖြစ် မှတ်ပုံတင် စာရင်းသွင်းဖို့ ဆင့်ခေါ်မှုများ စတင်းလုပ်ဆောင်နေကြောင်း Data for Myanmar ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် လူဦးရေများသည့် ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း နှင့် နေပြည်တော်ကောင်စီ နယ်မြေထဲတွင် ဦးစားပေး အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း Data for Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်ထဲရှိ မြို့နယ်အချို့တွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေနှင့် နီးစပ်ရာကျေးရွာများကို ဦးစားပေးလုပ်ဆောင်နေကြောင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းမှုနှင့် အတူ စစ်မှုထမ်းရန်အတွက် စတင်ဆင့်ခေါ် ကာ လူသစ်စုဆောင်းမှုကို သင်္ကြန်ကာလ ရုံးပိတ်ရက် အပြီး ဧပြီလအတွင်း စတင်မည်ဖြစ်ကာ ပထမ အသုတ် အနေဖြင့် လူ ၅,၀၀၀ အောက် စတင် ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃)ရက် BBC သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ယခု ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဉပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသမီးများနှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

စစ်မှုထမ်းရန်အတွက် စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျှင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကောက်ယူထားသည့် ကြားဖြတ်သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဉပေဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိ ဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်း ကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဉပဒေ ပြန်ဋ္ဌာန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article