Wednesday, January 28, 2026

ဖမ်းဆီးထိန်းသိမ်းထားသည့် အရပ်သားတစ်ဦးကို ပစ်ခတ်သည့် KNDF တပ်သား ၂ ဦး ထောက်ဒဏ် နှစ် ၂၀ ကျော်ချမှတ်

ဖမ်းဆီးထိန်းသိမ်းထားသည့် မသင်္ကာသူတစ်ဦးကို ပစ်ခတ်ခဲ့သည့် KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် (၂၀) နှစ်နှင့် (၁) လပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ည ၁၁ နာရီဝန်းကျင်တွင် အသက် (၂၇) နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့၏ မလျော်မကန်သည့်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦးစုံစမ်းဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ (၄၉) ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှု ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ကျူးလွန်သူ KNDF တပ်သား (၂) ဦးကို စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀) အရ ထောင်ဒဏ် (၂၀) နှစ်နှင့် (၁) လပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့အပြင် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန် (၅) ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိကြောင်း ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နယ်မြေပြန်စိုးမိုးရန် မိုးဗြဲအနီး ထိုးစစ်ဆင်နေ

0
သျှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့ အနီးနှင့် ဘီလူးချောင်း အရှေ့ဘက်ကမ်းတွင် တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ စပြီး စစ်ကော်မရှင် တပ်သားများသည် မိုးဗြဲမြို့ အရှေ့ခြမ်း၊ ဖယ်ခုံအရှေ့ဘက်ခြမ်းနှင့် ဘီလူးချောင်း အရှေ့ခြမ်းဘက်သို့ ခပ်စိပ်စိပ် စစ်ကြောင်း...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

0
ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ် အများအပြားကို KNDF၊ PNDF နှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Myanmar National Post မှ မေလ ၂၉ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပြီး နေအိမ်မီးလောင်နေသည့် ရုပ်သံဖိုင်များနှင့်အတူ...

ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ

0
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ...

သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် SSNDF ဖွဲ့စည်း

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းတောင်အမျိုးသား ကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်...

လွိုင်ကော် – ဆီဆိုင်လမ်းကို အသုံးမပြုလုပ်ရန် KNDF ထုတ်ပြန်၊ KPay အသုံးပြုသူများကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

0
လွိုင်ကော် - ဆီဆိုင်လမ်းကို ပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်(၂)က ယမန်နေ့ (မတ်လ ၂၀ ရက်) တွင် အသိပေး ထုတ်ပြန်လိုက်သည်။ အဆိုပါ လွိုင်ကော်-ဆီဆိုင်လမ်း တကြောတွင် စစ်ကောင်စီတပ်မှ နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေခြင်းကြောင့်...