Saturday, April 27, 2024

မိုင်းရှူးမြို့ စစ်ကောင်စီ ဂိတ် အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်မပြု

Must read

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ကား ညဖြတ်သန်းခွင့် မပြု ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ မှ စ၍ မြို့ အဝင်၊အထွက် စစ်ဆေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်ကာ ည ၆နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ငယ် ဆိုင်ကယ်များကို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့အဝင်အထွက်လည်းသွားလာရခက်တယ် ည ၆ နာရီဆို သူတို့ ပိတ်ပြီ။ဘာပဲ ဖြစ်နေ ဖြစ်နေ မဖွင့်ပေးဘူး။ ကားသမားတွေတောင် အပြင်မှာပဲ အိပ်ရတာ။ဆိုင်ကယ်ဆိုသူတို့ ရှေ့ဖြတ်မောင်းလို့မရဘူး။ဆင်းပြီး လမ်းလျှောက်ပြီး တွန်းခိုင်းတာ။ကားရောပဲ ကားဆရာပဲမဆင်းရတာ ပါလာတဲ့လူက ဆင်းပြီး ဂိတ်ကျော်မှ ပြန်တက်ရတာ” ဟု ၎င်းအမျိုးသမီး ကဆိုသည်။

အလားတူ တန်ယန်းမြို့တွင် လည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များ ည ၆ နာရီမှ မနက် ၆ နာရီထိ ကားများကို ဖြတ်သန်းသွားလာခွင့်များ ပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ရက်မှစတင်ပြီး မိုင်းပွန်မြို့အဝင် လမ်းပြန်ဖွင့်ပေးသော်လည်း ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article