တောတောင်ထဲရောက် သျှမ်းတောင်စစ်ရှောင်များ အကူအညီမဲ့နေ

သျှမ်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အချို့သည် တောတောင်းအတွင်းသို့ ရောက်ရှိနေပြီး အဆက်သွယ်ပြတ်ကာ အကူညီမဲ့နေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်အများစုသည် မြို့အနီးတဝိုက် ကျေးရွာနှင့် တခြားမြို့ဖြစ်သည့် တောင်ကြီး၊ ဟိုပုံး စသည့်ဖြင့် တိမ်းရှောင်သွားနိုင်ကြသော်လည်း အချို့ သည်တောတောင်အတွင်း ရောက်ရှိသွားပြီး အဆက်သွယ်ပြတ်ကာ အကူညီမဲ့နေကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂ Pa-O Women’s Union ကတာဝန်ရှိသူတဦး ပြောသည်။

“စစ်ဘေးရှောင်တွေက များတော့အားဖြင့် ကြပ်တည်းမှုကတော့ တူညီကြပါတယ်။ ဒါပေမယ့် မြို့၊ ရွာနဲ့ နည်းနည်းအလှမ်းဝေးတဲ့ နေရာမျိုးဆိုရင်တော့ ပိုပြီးစားဝတ်နေရေး ပိုခက်ခဲတာတွေရှိတယ်။ ဆေးဝါး၊ စားဝတ်နေရေးတွေက သူတို့ဟာနဲ့သူတို့ပဲ စစ်ဘေးမရှောင်ခင်မှာ ဆန်၊ ဆီ၊ ဆေး၊ ဆားကို သူတို့အိမ်ကနေပြီး သယ်သွားရတာ။ ပြီးတော့ တောတောင်နေရာမှာ ပုန်းရှောင်နေတဲ့သူတွေကျတော့ ဘယ်တောတောင်လဲဆိုတာ ဘယ်သူမှမသိဘူး” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ တောတောင်အတွင်း ထွက်ပြေးခိုလှုံနေရသောကြောင့် လူမှုကူညီရေးအဖွဲ့အနေဖြင့် သွားရောက်ကူညီရန် ခက်ခဲသလို ဆက်သွယ်မေးမြန်ရန်အတွက်လည်း ခက်ခဲကြောင်းဆိုသည်။

ထို့အပြင် ၎င်းတို့ဘက်က အဆက်သွယ်ဖုန်းလိုင်းမရကြသဖြင့် မြေပြင်မှာဖြစ်နေသည့် သတင်းအချက်လက် များလည်းမရှိကြကြောင်း၊ အဆိုပါသတင်းအချက်အလက်များမရရှိကြသဖြင့် မြို့တွင်းသို့ ရုတ်တရက် ဝင်ရောက်ပြီး ပစ္စည်းသယ်ကာ လက်နက်ကြီးထိမှန်ခြင်း၊ ဖမ်းဆီးခံရခြင်းများ ကြုံတွေ့နေလျက်ရှိသည်။

မတ်လဒုတိယပတ်အတွင်း ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ပစ္စည်းယူသည့် ဒေသခံလူငယ် ၂ ဦးလည်း ဖမ်းဆီးရိုက်နှိက်ခံလိုက်ရကြောင်း ဆီဆိုင်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်က ပြောသည်။

“တစ်လောက်ကမြို့ထဲကိုပြန်ပြီး ပစ္စည်းယူတဲ့လူနှစ်ယောက်ဖမ်းဆီးရိုက်နှိက်ခံရတယ်။ တစ်ယောက်က သူ့ဖုန်းထဲမှာ မိန်းမဖြစ်သူရဲ့ဖုန်းနံပါတ်ကို ဗိုလ်မှူးလို့မှတ်ထားလို့ စစ်သားတွေက ဗိုလ်မှူးတွေနဲ့ ဆက်သွယ်တယ် ဆိုပြီးရိုက်တာ။ တစ်ယောက်ကလည်း ခါးပတ်မှာ စစ်ခါးပတ်ပါတယ်ဆိုပြီး သံသယဖြစ်တာ ရိုက်လွတ်လိုက်တာ။ နှစ်ယောက်လုံး မသေတာကံကောင်းတယ်။ ရွာသူကြီးနဲ့ အာမခံနဲ့ပြန်လွတ်လာတာ” ဟု ဆီဆိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဆီဆိုင်မြို့ကို နေရပ်သွားသည့် စစ်ဘေးရှောင်များ ပြန်ပြီးပစ္စည်းယူနေစဉ်
မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်မှာ စစ်ကောင်စီ လက်နက်ကြီး ထိမှန်၍ ဒေသခံ ၇ ဦး သေဆုံးသွားခဲ့သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

သျှမ်းတောင်စစ်ရှောင် #

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...