Sunday, April 28, 2024

တာချီလိတ် မီးလောင်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး

Must read

သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မီလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့

သျှမ်းပြည် တာချီလိတ်မြို့နယ် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနီးတွင် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပိတ်မိကာ မီးခိုးမွန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“မနေ့ကတော့ ညနေ ၃ နာရီကျော်လောက်မှာ မီးလောင်တာဟုတ်တယ်။ မီးသတ်ကားတွေနဲ့ မီးသတ်နေတော့ လမ်းမှာခံနေတာ။ အဲ့ထဲမှာ ပိတ်မိနေတာက အသက် ၆၀ လေဖြတ်တဲ့လူ တစ်ယောက်က သေသွား တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသေဆုံးသွားသော အမျိုးသားသည် အသက် ၆၀ ဝန်းကျင် လေဖြတ်နေသူဖြစ်ပြီး ဦးအိုက်နွန်းဖြစ်ကြောင်း၊ မည်သည့်ကိစ္စကြောင့် မီးလောင်ကျွမ်းသည်ကို မသိရှိသေးပေ။

ထိုပြင်ပြီးခဲ့ သည့် မတ်လ ၁၃ ရက်တွင်လည်း သျှမ်းပြည် လဲချားမြို့နယ် ဝန်ထီးကျေးရွာအုပ်စုရှိ ဝိဟန်စလိုင်းခုန် ဘုန်းကြီးကျောင်းတွင် ဘတ္ထရီ ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article