“၁၁၁၁ စစ်ဆင်ရေး”စတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း (၆၅) ခု သိမ်းပိုက်နိုင်

ကရင်နီ (ကယား) ပြည်တွင် (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် မြို့နယ်အသီးသီးရှိ စစ်ကောင်စီတပ်စခန်း (၆၅)ခုကို တော်လှန်ရေးဘက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအသီးအသီးက ယနေ့ (မတ်လလ ၁၃) ရက်မှာ ထုတ်ပြန်ထားသည်။

၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်မှစတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီ တပ်စခန်းများ ဖြစ်သည့် လွိုင်ကောက်မြို့နယ် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြိုနယ် စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ် စခန်း (၉) ခု၊ ဘောလခဲမြို့နယ် စခန်း (၅) ခု၊ ရှားတောမြို့နယ် စခန်း (၇)၊ ဖယ်ခုံမြို့နယ် (၁၇) ခုနှင့် မယ်စဲမြို့နယ် (၁) ခုနှင့် ဖရူဆိုမြို့နယ် စခန်း (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်ကြောင်း သိရသည်။

(၁၁၁၁) စစ်ဆင်းရေး ကာလမတိုင်ခင်မီအချိန်တွင် မြို့နယ်တစ်ခုမှ မြို့နယ်တစ်ခုသို့ ဆက်သွယ်ထားသော စစ်ကောင်စီတပ်ဖွဲ့၏ ထောက်ပို့နှင့်ဆက်သွယ်ရေးလမ်းကြောင်းများအား ရှိသော်လည်း (၁၁၁၁) စစ်ဆင်းရေး စပြီးနောက်ပိုင်း အဆိုပါလမ်းကြောင်းများ ပြတ်တောက်သွားကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

“ ၁၁၁၁ စစ်ဆင်ရေးမစခင်ကတော့ စစ်တပ်ဘက်က မြို့တမြို့နဲ့ တမြို့သာ ထောက်ပို့လမ်းကြောင်းတွေ ပွင့်တယ်။ သူတို့လွိုင်ကော်ကနေပြီ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင် စတဲ့ထောက်ပို့လမ်းကြောင်းတွေ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်တယ်။ ၁၁၁၁ စစ်ဆင်ရေးစပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းတွေ အကုန်လုံးပြတ်တောက်သွားတယ်။အခုသူတို့ လေယာဉ်နဲ့ ရဟတ်ယာဉ်ကို အသုံးပြုပြီးမှ ထောက်ပို့လုပ်ရတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ထိန်းချုပ်နိုင်သည့် နယ်မြေများလည်း တဖြည်းဖြည်းနှင့် နည်းပါးလာနေပြီး နောက်ဆုံးတပ်စခန်း ဆုတ်သွားသည့်အဆင့်ထိ ဖြစ်လာကြောင်း ၎င်းဆိုပြန်သည်။

လက်ရှိ စစ်ဆင်ရေးကာလအတွင်း ကရင်နီ (ကယား) ပြည်ရှိ မယ်စဲ့၊ ဒီးမောဆို့၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊ မိုးဗြဲ စသည့် မြို့ (၆) ခုကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံထိန်းချုပ်နိုင်ခဲ့ပြီး ကရင်နီတပြည်တဝှမ်းလုံးကို ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောဆိုထားသည်။

ထို့အတူ စစ်ကောင်စီဘက်က လက်လွတ်ဆုံးရှုံးခဲ့ရသည့် မယ်စဲ့မြို့နှင့် ရှားတောမြို့ကို တန်ပြန်ထိုးစစ်ဆင် လာနိုင်ရန်အတွက်ဆိုလျှင် လက်ရှိမှာလုံးဝမစောင့်သာသည့် အနေအထားရှိပြီး မြေပြင်မှသော်လည်းကောင်း စစ်ကြောင်းထိုးနိုင်သည့် အခြေအနေမရှိတော့ကြောင်း ဆိုသည်။

တစ်ဖက်တွင် ပင်လောင်းမြို့နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွား နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...