Sunday, April 28, 2024

ဆီဆိုင်မြို့တွင် စက်သုံးဆီများဝယ်လိုပါက ရပ်ကွက်ထောက်ခံစာပြရမည်

Must read

သျှမ်းပြည် ဆီဆိုင်မြို့တွင် စက်သုံး ဆီများကို ရပ်ကွက်ထောက်ခံစာပြပြီး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

တောင်ကြီး စက်သုံးဆီဆိုင်

သျှမ်းပြည် ဆီဆိုင်မြို့ အတွင်းတွင်ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ စက်သုံးဆီဆိုင်အချို့တွင် ဆီများကိုပုံးဖြင့် ဝယ်ယူပါက ရပ်ကွက်ထောက်ခံစာပြ၍ ဝယ်ယူနေရကြောင်း ပြည်သူဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ စက်သုံးဆီဆိုင်တွေက နေ့တပိုင်းလောက်ပဲဖွင့်တာဆိုတော့ လုဝယ်နေကြတာ။ခွဲတမ်းနဲ့ ပဲရောင်းပေးတာ။ ရပ်ကွက်ထောက်ခံစာတွေက ပြရတယ်။၂ ရက်လောက်ရှိပြီ အဲ့လိုပြရတာ။ပုံးတွေနဲ့ ဝယ်ပြန်မယ်ဆိုရင်တော့ ထောင်ခံစာတွေလို့တယ်” ဟု ဆီဆိုင်ဒေသခံ​အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီး စက်သုံးဆီဆိုင်

လက်ရှိတွင် ဓါတ်ဆီ ၁ လီတာကို ၃၅၀၀ ကျပ်ရှိနေပြီး တစ်ဦးချင်းစီကို အကန့်သတ်ဖြင့် သာရောင်းချ ပေးပြီး တန်စီ၍ ဝယ်နေရပြီး၊ကား၊ဆိုင်ကယ်များ ဆိုင်သို့လာရောက်ပြီး ဆီဖြည့်သည့်အခါတွင်လည်း ထောက်ခံစာပြရသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ ဒေသအချို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်လာပြီး ယခုနောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဓာတ်ဆီဝယ်ယူရန် ယခင်ကထက် ပိုမိုအခက်အခဲ ရှိကြောင်း သိရသည်။

သျှမ်းပြည်‌ မြို့နယ် အများစုတွင် စက်သုံးဆီများပြတ်လပ်နေပြီး အချို့နေရာတွင် ဈေးများတက်ကာ အကန့်သတ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article