Friday, April 26, 2024

မိုင်းရှူးမြို့တွင် နမ့်ငချောင်းရေလျှံ လူ ၂၀၀ ကျော်ရေဘေးသင့် လယ်ယာခြံသီးနှံများပျက်စီး

Must read

သျှမ်းပြည်တောင်ပိုင်းမိုင်းရှူးမြို့တွင် ဖြတ်သန်းစီးဆင်းသည့်နမ့်င ချောင်းမှ ချောင်းရေလျှံကာ ဒေသခံရွာသား ၂၀၀ ခန့်ရေဘေးသင့်ခဲ့ကြောင်းသိရသည်။

မိုင်းရှူးမြို့တွင် နမ့်ငချောင်းရေလျှံ လူ ၂၀၀ ကျော်ရေဘေးသင့် လယ်ယာခြံသီးနှံများပျက်စီး Photo Crd to Hseng Linn

ဩဂုတ်လ ၄ ရက်မနက်ပိုင်းမှ ချောင်းရေစလျှံကာ ချောင်းဘေးနေထိုင်သူ ရပ်ကွက် ၂ ရပ်ကွက် ၃ မှဒေသခံရွာသားများ   ကုန်းပိုင်းရှိ မိတ်ဆွေ ဆွေမျိုးများထံသွားရောက်ခိုလှုံခဲ့ရကြောင်း မိုင်းရှူးဒေသခံနန်းဆိုင်လင်းကပြောသည်။

မိုးသည်းထန်ရွာတာလည်းမဟုတ်ဘူး။   ရေက မနက်ပိုင်းကစတက်တယ်။ နေ့လည်လောက်ကျတော့ ရင်ဘတ်လောက်အထိရှိနေပြီ နမ့်င ချောင်းဘေးမှာနေထိုင်တဲ့သူတွေရဲ့အိမ်တွေအပေါ် ထပ်အထိရေမြုပ်တယ်။ နေအိမ် ၅၀ လောက်ရေလွှမ်းတယ်။ လူ ၂၀၀ လောက်ရေဘေးရှောင်ရတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းရှူးမြို့တွင် နမ့်ငချောင်းရေလျှံ လူ ၂၀၀ ကျော်ရေဘေးသင့် လယ်ယာခြံသီးနှံများပျက်စီး Photo Crd to Hseng Linn

ရပ်ကွက် ၂ တွင်အိမ်ခြေ ၁၀ ကျော်၊ ရပ်ကွက် ၃ တွင်အိမ်ခြေ ၄၀ ကျော် ရေမြုပ်ပြီး ပန်စွဲရပ်ကွက်ဘက်ရှိ ဖရဲခြံရွာဘက်တွင်မူ ဒေသခံများ၏ လယ်ယာမြေများ ပြောင်းခြံများ ရေလွှမ်းကုန်ကြောင်းသိရသည်။

ရွာသားတွေရဲ့ပစ္စည်းတွေကို စစ်တပ်၊ ထွေအုပ်၊ မြို့တွင်းလူငယ်အဖွဲ့နဲ့ ကျားခေါင်းပါတီက လူတွေလာပြီး ကူညီသယ်ထုတ်ရေဘေးရှောင်ကြတယ်။ ထိခိုက်ဒဏ်ရာရတာ သေကြေတာတော့မရှိဘူး။ ဆုံးရှုံးမှုစာရင်းလည်းမသိရဘူး- ဟု မိုင်းရှူးဒေသခံကပြောသည်။

တောင်ကျချောင်းရေကြောင့် နမ့်င ချောင်းရေတက်ခြင်းဖြစ်နိုင်ကြောင်းမိုင်းရှူးမြို့ခံများကပြောသည် ။

သို့သော်ညနေပိုင်းတွင်မူရေများပြန်ကျသွားပြီဖြစ်သဖြင့် ရွာသားတချို့နေအိမ်သို့ပြန်နိုင်ကြပြီဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article