သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (တက္ကသိုလ်) တောင်ကြီးမှ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားများနှုတ်ဆက်ပွဲကျင်းပ  

တောင်ကြီးတက္ကသိုလ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးစီးဦးဆောင်ပြုလုပ်ကာ သျှမ်းကျောင်းသား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားများအား နှုတ်ဆက်ပွဲအခမ်းအနားတရပ်ကို တောင်ကြီးမြို့ တက္ကသိုလ်တွင်ကျင်းပခဲ့သည်။


နံနက် ၉ နာရီတွင် အခမ်းအနားစတင်ကျင်းပ ရာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ထူးချွန်ထက်မြက်သောကျောင်းသားများအား ဆုပေးခြင်းအခမ်းအနားပါ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧည့်သည်တော်များအဖြစ် သျှမ်းပါတီများ ၊ မြို့နယ်အသီးသီးမှ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်များ တက္ကသိုလ်အသီးသီးမှ သျှမ်းကျောင်းသားလူငယ်မောင်မယ်ကိုယ်စားလှယ်များစုစုပေါင်း ၁၀၀၀ နီးပါးတက်ရောက်ကြကြောင်းသိရသည်။

အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှအလုပ်အမှုဆောင်စိုင်းလောဝ်ဖှက – သျှမ်းပြည်တွင်းက တက္ကသိုလ်ကျောင်းသားများကိုယ်စားလှယ်သာမက တခြားပြည်နယ်နဲ့တိုင်း က တက္ကသိုလ် အသီးသီးက သျှမ်းကျောင်းသားများကိုယ်စားလှယ်အဖွဲ့ကလည်း လာပြီးတော့ တက်ရောက်အားပေးပါတယ်။ ကျနော်တို့ရည်ရွယ်ချက်ကတော့ ကျောင်းသားအချင်းချင်းချိတ်ဆက်အလုပ်လုပ်သွားနိုင်အောင်ဖြစ်ပါတယ်။ ပြီးတော့ မိမိတို့နဲ့သက်ဆိုင်တဲ့လူမှုအသိုင်းအဝိုင်းအသီးသီးမှာ ဦးဆောင်ဦးရွက်လုပ်သွားနိုင်အောင်ရည်ရွယ်ပါတယ် – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ဆုဆွတ်ခူးရရှိသော ထူးချွန်ကျောင်းသား ၁၅ ဦးမှာ တက္ကသိုလ်ဝင်တန်းအောင်ထူးချွန်သောကျောင်းသားများနှင့် မဟာတန်းတက်ရောက်မည့် ထူးချွန်ကျောင်းသားများဖြစ်ကြောင်းသိရသည်။

ဆုလက်ခံရရှိသော တက္ကသိုလ်ကျောင်းသူ နန်းသင်ဇာဦးက- ကျောင်းသားကျောင်းသူလေးတွေ ပိုမိုကြိုးစားမှုရှိလာအောင် အားပေးသလိုဖြစ်ပါတယ်။ ဒီလိုအခမ်းအနားလေးတွေကျင်းပပေးတဲ့အတွက် တက္ကသိုလ်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကိုကျေးဇူးတင်ပါတယ်။ အဖွဲ့ရဲ့ရည်မှန်းချက်အတိုင်းပါဘဲ ကျမတို့ကျောင်းပြီးရင် လူမှုအသိုင်းအဝိုင်းမှာပါ၀င်အားဖြည့်ပြီးလှုပ်ရှားသွားမှာပါ။ မောင်ညီမလေးတွေကိုလည်း စာကြိုးစားဖို့တိုက်တွန်းပါတယ်။ စာတခုတည်းမဟုတ်ပါဘူး။ အဘက်ဘက်က ဗဟုသုတရနိုင်တာတွေကိုလည်းလေ့လာဖို့တိုက်တွန်းပါတယ်- ဟု ပြောဆိုသည် ။

လာမည့်နှစ်အတွင်းကျင်းပမည့် မောင်မယ်သစ်လွင် သျှမ်းကျောင်းသားများအားကြိုဆိုပွဲတွင် ရိုးရာယဉ်ကျေးမှု နှင့် စာပေကိုသုတေသနပြုသည့်အစီအစဉ်ပါ ထည့်သွင်းကာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...