Friday, April 26, 2024

၂၁ ရာစု ပင်လုံတတိယ အကြိမ်ကျင်းပရန်စီစဉ်နေချိန် အပစ်ရပ် RCSS/SSA တပ်စခန်း ကို အစိုးရတပ် မှ ဒုတိယရက်ဆက်တိုက်

Must read

ဇူလိုင်လ ၁၁ ရက် – ၁၆ ရက်နေ့ထိ ကျင်းပဖို့ ပြင်ဆင်နေချိန် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် မိုင်းကိုင်မြို့ နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် စစ်ကြောင်းယာယီအခြေချရာ နေရာသို့ ဒုတိယ အနေ့ အဖြစ် အစိုးရ တပ်မတော်မှ ဆက်လက်တိုက်ခိုက်သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စု အတွင်း တိုက်ပွဲဖြစ်ပွါးသည့်နေရာ

ဇူလိုင်လ ၉ ရက်နေ့ မွန်းတည့်ချိန်မှ ညနေပိုင်းအထိ လည်းကောင်း၊ ဇူလိုင်လ ၁၀ ရက်နံနက် ၉ နာရီမှ မွန်း တည့်ချိန် အထိ လည်းကောင်း သျှမ်းပြည်တပ်မတော် စစ်ကြောင်းများရှိရာ မိုင်းကိုင်မြို့ အရှေ့ – မြောက် ဘက် မိုင် ၂၀ ကျော်အကွာ ဟိုခိုင်းကျေးရွာအုပ်စု ဟွေ့မွန်ကျေးရွာ ဘက်တွင် အစိုးရ တပ်မတော်မှ သွားရောက် တိုက်ခိုက်ခြင်းဖြစ်သည်။

ဇူလိုင်လ ၃ – ၅ ရက်နေ့ထိ ကျင်းပသည့် JMC-U ၁၇ ကြိမ်မြောက်အစည်းအဝေးတွင် နယ်မြေကျူးကျော်လာ သည့် မည်သူ့တပ်ဖွဲ့ဝင်မဆို ချေမှုန်းသွားမည်၊ RCSS/SSA အနေဖြင့် သတ်မှတ်နယ်မြေ အတွင်းနေထိုင်လျှင် မှဲ့တပေါက်မစွန်းရလေအောင် လုံခြုံရေးတာဝန်ယူပေးမယ်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသန်းထွန်းဦးမှ ပြောကြား သည့် နောက်ပိုင်း အစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် တက်တိုက်ခြင်းဖြစ်သည်ဟု RCSS/SSA ပိုင် Taifreedom ၀ဲပ်ဆိုဒ်တွင် ရေးသားထာသည်။

ဟမ်းငိုင်းဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် ဟိုခိုင်းအုပ်စုမှ ရွာသားတချို့ ( Photo by SSM)

တိုက်ပွဲကြောင့် ကျေးလက်ရွာသူရွာသားများ ကျေးသီးမြို့အသွားလမ်း ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်စက်ဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ ဟိုခိုင်းရွာမ သို့လည်းကောင်း အသီးသီးတိမ်း ရှောင်နေကြသည်ဟု ကျားခေါင်းပါတီဝင် ပြည် နယ်လွှတ်တော်အမတ် က အတည်ပြုသည်။

ဟမ်းငိုင်းဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် ဟိုခိုင်းအုပ်စုမှ ရွာသားတချို့ ( Photo by SSM)

၂၁ ရာစု ပင်လုံညီလာခံ အတွက် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် 2017 နှစ်နှောင်းပိုင်း၊ 2018 နှစ်ဦးပိုင်းက RCSS/SSA မှ ဦးဆောင်ကာ သျှမ်းလူထု နှင့် ကွင်းဆင်းတွေ့ဆုံ ချိန်တွင် လည်းကောင်း၊ 2017 သြဂုတ်လ တွင်လည်း RCSS/SSA မှ ကမကထ ပြုကာ ချင်းမိုင်တွင် သျှမ်းခေါင်းဆောင် များ တွေ့ဆုံမှု မပြုလုပ်ရန် ထိုင်းအစိုးရ မှတဆင့် အစိုးရတပ်မတော် မှ တားဆီးဟန့်တားခဲ့သည်။

ဟမ်းငိုင်းဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် ဟိုခိုင်းအုပ်စုမှ ရွာသားတချို့ ( Photo by SSM)

Leave a Comments

- Advertisement -spot_img

Latest article