၂၁ ရာစု ပင်လုံညီလာခံ တတိယ ကြိမ်အကြို နေပြည်တော်တွင် CSSU တွေ့ဆုံ

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အတွက် သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU အဖွဲ့ဝင်ခေါင်းဆောင်များ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးကြသည်ဟုသိရသည်။

ဇူလိုင် ၁၀ ရက်နေ့က နေပြည်တော် Royal Lotus ဟိုတယ်တွင် သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU အဖွဲ့ဝင်များ အလှည့်ကျ အဖွဲ့ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရာ – ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အတွက် ဆုံးဖြတ်ချက် ၄ ချက်ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အချက် ၄ ချက်မှာ – သျှမ်းအမျိုးသားများအနေဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းမရှိသေးသည့်အတွက် ၊ ဘုံသဘောတူညီချက် မရှိသေးသည့် အတွက်၊  တစုံတရာတင်ပြ ဆွေးနွေးမည်မဟုတ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုအတွက်ဦးတည်စေသည့်အချက်များသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ နောင်အစည်းအဝေးများအတွက် ခွဲထွက်ရေး/မခွဲထွက်ရေးဆိုင်ရာ၊ တပ်တခုတည်းဆိုင်ရာအချက်များ ဆွေးနွေးပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် ထုတ်ပြန်မည့်ဆိုင်ရာ အချက်အလက်များ ပါဝင်သုံးသပ်ကာ အစည်းဝေးတင် ဆွေးနွေးမည်  – စသဖြင့် ဆွေးနွေးကြသည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ကျနော်က ပြောရေးဆိုခွင့်မဟုတ်တော့ ပြောလို့မရဘူး။ နက်ဖြန်ပြုလုပ်မယ့်ညီလာ ခံဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ သျှမ်းပြည်ဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မယ့် ကိစ္စတွေ၊ CSSU နဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံတွေ ဆွေးနွေးကြတယ်” – ဟု အမည်မဖေါ်လိုသည့် တက်ရောက်သူ ခေါင်းဆောင်ပိုင်း တဦးကပြောသည်။

အဆိုပါ အစည်းအဝေးတွင် ကျားဖြူပါတီဝင်မှ နှုတ်ထွက်ပြီး FUP ပါတီထူထောင်ခဲ့သည့် ပါတီဉက္ကဌ စောသန်းမြင့်၊ ဒုတိယ ဉက္ကဌ ဦးစဝ်သာဦးတို့ လည်း  တက်ရောက်သည်ဟု သိရသည်။

လက်ရှိ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အလှည့်ကျ ဉက္ကဌ အဖြစ် ကျားဖြူပါတီ SNDP က တာဝန်ယူဆောင်ရွက်နေသည်ဟုဆိုသော်လည်း အတွင်းရေးမှူးများအဖွဲ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC အဖွဲ့ဝင်များဖြစ်ကြသည့် ကျားခေါင်းပါတီ အမည်ရ SNLD ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အပြင် ကျိုင်းတုံအခြေစိုက် မင်္ဂလာစည်တော်ပါတီ ESSDDP  နှင့် သျှမ်းလူမှုအသင်းအဖွဲ့များကိုယ်စားလှယ်များလည်း အဖွဲ့ ဝင်အဖြစ်ပါဝင်သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...