ကျောက်မဲမြို့နယ်အတွင်း တရုတ်ပို့မည့် နွားတင်ကား ပစ်ခတ်ခံရ ယာဉ်မောင်းတဦးသေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တရုတ်ပြည်သို့တင်ပို့မည့် နွားတင်ယာဉ်တစီး ပစ်ခတ်ခံရကာ ယာဉ်မောင်းတဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ကျောက်မဲမြို့နယ် ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။

ကျောက်မဲမြို့နယ် ပန်တင်ရွာအနီး ရင်ခွဲတောင်မှပစ်ခတ်ခံရတဲ့ တရုတ်ပြည်ပို့မည့် နွားတင်ကား (ဓါတ်ပုံ- ဦးတင်မောင်သိန်း)

“ ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်း ရ နာရီလောက်က တရုတ်နိုင်ငံ တင်ပို့မယ့် နွားအကောင် ၂၀ တင်လာတဲ့ ၁၂ ဘီးကား တစီး ကို ကျောက်မဲမြို့ နယ် ပန်တင်ကျေးရွာ အုပ်စု ရင်ခွဲတောင်မှာ အမည်မသိ လက်နက်ကိုင် လူ ၂ ယောက်က ချောင်းမြောင်း ပစ်ခတ်လို့ ကားသမား တဦး သေသွားတယ်။ ယာဉ်မောင်းက ဝဲဘက်ရင်ညွှန့် ကျည်ဆန် ၂ချက်ထိတယ်။ ယာဉ်နောက်လိုက်တော့ ဘာမှ မဖြစ်ဘူး” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ယခုရက်ပိုင်း တရုတ်နိုင်ငံသို့ တင်ပို့မည့် နွားကားများ ကျောက်မဲမြို့နယ် အတွင်း မကြာခဏ ချောင်းမြောင်း ပစ်ခတ်ခံရပြီး ကားသမား နှင့် ယာဉ်နောက်လိုက်များ ကျည်ထိမှန်မှု ဖြစ်ပွားကြောင်း၊ အပစ်ခံရသည့် နွားတင်ကားများသည် တရားဝင် အခွန်ဆောင်ပြီး တရုတ်ပြည်သို့ တင်ပို့နေသည့် နွားကားများဖြစ်ကြောင်းလည်း ဦးတင်မောင်သိန်းက ထပ်မံပြောသည်။

“ အရင်မှောင်ခို သွားတဲ့အချိန်က အဲ့လိုပစ်ခတ်မှုတွေ မကြားရဘူး။ တရားဝင် အခွန်ဆောင် ကုမ္ပဏီနဲ့ သွားမှ ပစ်ခံရလို့ ကား သမားတွေ သေကြေဒဏ်ရာရတာတွေဖြစ်ရတယ်။ စဉ်းစားစရာပါပဲ ” ဟု ဦးတင်မောင်သိန်းက ဆိုပြန်သည်။

ယခုနှစ်အတွင်း ကျောက်မဲမြို့နယ် သီပေါမြို့နယ် အတွင်းတွင် အရပ်သားများ သေနတ်ပစ်သတ်ခံရခြင်း၊ နွားတင်ကားများ ပစ်ခတ်ခံရခြင်းများရှိခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သည်ကို လက်ရှိ အချိန်ထိ စုံစမ်းစစ်ဆေးပေးခြင်း မရှိသေးကြောင်း သီပေါမြို့နယ် ဒေသခံများက ပြောကြသည်။

“ အခုနှစ်အတွင်း သီပေါ နဲ့ကျောက်မဲအတွင်းမှာ အရပ်သား ၊ ကားသမားတွေ မကြာခဏ သေနတ်ပစ်ခံရတယ်။ ဘယ်အဖွဲ့ ဆိုတာလဲမသိရဘူး။ အခု ကိုယ့်လုံခြုံရေး ကိုယ်ဘဲတာဝန်ယူနေရတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ယခုနှစ်ဇွန် ၁၂ ရက်နေကလည်း တရုတ်ပြည်ပို့မည့်နွားများတင်သည့်ကား တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း တဦးနှင့် ယာဉ်နောက် လိုက် တဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇွန် ၂၉ ရက်နေ့တွင်လည်း နွားတင်ကားထပ်မံပစ်ခတ်ခံရကာ ယဉ်ေမောင်းနှင့် ယာဉ်နောက် လိုက် ဒဏ်ရာ ရခဲ့ကြသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် အစိုးရ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေအပြင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့ လှုပ်ရှားနေသည့် နေရာဖြစ်ကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...