Wednesday, January 28, 2026

အရပ်သားသေဆုံးမှု

TNLA ထိန်းချုပ် မြို့(၄) မြို့ကို တစ်ရက်ထဲ စစ်တပ်ဗုံးဆက်တိုက်ကြဲ၊ သုံးပတ်အတွင်း အရပ်သား (၄၀) ကျော်သေဆုံး

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့ (၄)မြို့ကို စစ်ကော်မရှင်တပ်က တစ်ရက်တည်း (၄) နေရာ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့်...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်”

သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊...

သျှမ်းတောင်တိုက်ပွဲ ၅လ ကျော်အတွင်း အရပ်သား (၉၆)ဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ (၅)လကျော် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင်း အရပ်သား (၉၆)ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုသေဆုံးသွားသည့် အရပ်သား (၉၆)ဦးသည် သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်း၊ဟိုပုံး၊ဆီဆိုင်၊ညောင်ရွှေ၊ရပ်စောက်မြို့နယ် တို့ဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး...

လားရှိုး တိုက်ပွဲနှစ်ရက်အတွင်း လက်နက်ကြီး၊ ရှော့တိုက်ဒုံးကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃ ရက်)မှ စတင်ပြီး ယနေ့ (ဇူလိုင်...

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာ

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်(ကယားပြည်) အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်၏အကြောင်းမဲ့တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ရင်း ထိခိုက်သေဆုံးသူ ၆ ဦးရှိကြောင်း (PKPF) ၏ ဇွန်လ...

သျှမ်း – ကရင်နီ တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်း မြင့်တက်နေ

သျှမ်း - ကရင်နီ (ကယား) တကြောတိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်းမြင့်တက်လာနေကြောင်း စုံစမ်းသိရသည်။ . စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် နယ်စပ်ဒေသ နှင့် ကရင်နီ (ကယား) ပြည်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း နှင့် ပတ်သက်၍ အရပ်သား (၃၇၅) ဦး...

အာဏာသိမ်း ၂ နှစ် ကာလအတွင်း သျှမ်းပြည်အရပ်သား သေဆုံးမှု နံပါတ် ၅ နေရာရှိနေ

အာဏာသိမ်းပြီး ၂ နှစ်သာကာလ သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခကြောင့် အရပ်သား သေဆုံးမှုသည် အဆင့် ၅ နေရာတွင်ရှိထားကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း ၂ နှစ်အလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သား (၂,၄၅၄) ဦးထက်မနည်းသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုထဲတွင်...

Latest news