စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာ

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်(ကယားပြည်) အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်တပ်၏အကြောင်းမဲ့တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ရင်း ထိခိုက်သေဆုံးသူ ၆ ဦးရှိကြောင်း (PKPF) ၏ ဇွန်လ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ထိ စာရင်းများအရ သေဆုံးသွားသော အရပ်သားပြည်သူများစာရင်းမှာ ၅၀၂ ဦးနှင့် စစ်ဘေးရှောင်ရင်း သေဆုံးသွားသည့်ပြည်သူ ၁၅၃ ဦးရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များမှ ကျဆုံးသူ ၅၇၈ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားသည့် ၁,၁၃၂ ကြိမ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁,၆၃၆ ကြိမ် ပြုလုပ်ခဲ့ကာ ပျက်စီးသွားသည့် နေအိမ်များမှာ ၂,၅၈၇ အိမ်၊ ဘာသာရေးအဆောက်အုံးပျက်စီးမှု ၅၂ လုံး၊ ပျက်စီးသွားသော ဆေးရုံ၊ ဆေးခန်းများ ၁၆ လုံး၊ ပျက်စီးသွား စာသင်ကျောင်း ၂၄ ကျောင်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။

“၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ကရင်နီးပြည်မှ သျှမ်းပြည်သို့ ၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်မှ စတင်ထွက်ပြေး လာပြီး၊ လက်ရှိစစ်ရှောင်များသည် နေရပ်သို့မပြန်နိုင်သေးကြောင်း အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

“တော်လှန်ရေးတပ်တွေဖက်က မိုင်းတွေရှင်းလင်းရေးလုပ်ပြီး ရှင်းလင်းသွားရင် ပြန်လည် ကြိုဆိုရေး တွေ လုပ်ရင်တော့ ကျမတို့လည်း ပြန်ချင်ပါတယ်” ဟု ၎င်းအမျိုးသမီးမှပြောသည်။

အဆိုပါ စစ်ရှောင်များသည် သျှမ်းပြည် တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ ဆီဆိုင်စသည့်မြို့များတွင် စစ်ဘေးရှောင် နေရသည်မှာ ၆ လ ခန့်ရှိလာကြောင်း သိရသည်။

စစ်ရှောင်များသည် ညောင်ရွှေမြို့တွင် အိမ်ခန်းငှားနေထိုင်ခဲ့ရသည်မှာ ၆ လခန့်ရှိလာပြီးနောက် အလုပ်အကိုင် ရှားပါးလာသဖြင့် စားဝတ်နေရေးသည် တဖြည်းဖြည်း ပိုကြပ်တည်းလာကြကာ အိမ်ခန်းငှား စစ်ရှောင်များနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြသောစစ်ရှောင်များမှာ မိမိနေရပ်သို့ပြန်နေလိုကြကြောင်း စစ်ရှောင်များက ပြောသည်။

သျှမ်းပြည်သို့ “၁၁.၁၁စစ်ဆင်ရေး” ကြောင့် ရောက်ရှိလာသည့် ကရင်နီစစ်ရှောင်ဦးရေ စုစုပေါင်း ၅သောင်း ဝန်းကျင် ရှိပြီးဖြစ်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...