TNLA ထိန်းချုပ် မြို့(၄) မြို့ကို တစ်ရက်ထဲ စစ်တပ်ဗုံးဆက်တိုက်ကြဲ၊ သုံးပတ်အတွင်း အရပ်သား (၄၀) ကျော်သေဆုံး

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့ (၄)မြို့ကို စစ်ကော်မရှင်တပ်က တစ်ရက်တည်း (၄) နေရာ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး လာရောက်ကြဲချခဲ့ရာ ကျောက်ဖားကျေးရွာအုပ်စု ရေအေးရွာရှိ ကြက်ခြံပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

“မနေ့က ကြက်ခြံပေါ် ဗုံးကျတော့ လူထိခိုက်တာတော့ မကြားမိဘူး။ ဒီမှာက သတိထားပြီးတော့ပဲ နေရတာ၊ ဘာဖြစ်မလဲ ခန့်မှန်းလို့ မရဘူးလေ။ စိတ်ပူတာတော့ ဘယ်မှ ပြေးလို့ မရတော့ဘူး၊ မိုးကုတ် မိုးမိတ်ဘက်က လမ်းကြောင်းတွေ အကုန်ပိတ်ကုန်ပြီ။ တိုက်ပွဲဖြစ်ရင် အသံနားထောင်ပြီး ပြေးလို့ ရသေးတယ်၊ လေယာဉ်ဗုံးက ဘယ်နားကြဲမလဲ မသိတော့ မပြေးနိုင်ကြဘူး” ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းမတိုင်ခင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ္မဝေါရပ်ကွက်ရှိ မီးသတ်ရုံးအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူနေအိမ် (၂) လုံး၊ လက်ဖက်စက်ရုံ (၁) ရုံနှင့် မီးသတ်ကားများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။

ပုံစာ – နမ့်ဆန်မြို့ လေကြောင်းဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးမှု (ဓာတ်ပုံ-TNLA)

တပြိုင်နက်တည်းတွင် TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၆) လုံး ထိမှန်ပျက်စီးခဲ့ပြီး မိုင်းငေါ့မြို့အနီး လွယ်ပိန်းကျေးရွာတွင်လည်း ပေါင် (၂၅၀) ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့ ပျက်စီးခဲ့သည်။

နမ့်ဆန်မြို့တွင် ယမန်နေ့ လေကြောင်းဗုံးကြဲခံရမှုအတွင်း အသက် (၂၈) နှစ်အရွယ် ကိုအောင်အောင်နှင့် အသကက် (၂၄) နှစ်အရွယ် ကိုချစ်စမ်းမောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

“ရုံးနေရာဟောင်းတို့၊ လက်နက်ကိုင် စစ်သားရှိတဲ့နားတို့ အဲ့လိုနေရာနား မနေဘဲ ရှောင်ကြတယ်။ အဝေးကို ရှောင်မယ်ဆိုလည်း နေစရိတ် စားစရိတ်အပြင် လမ်းစရိတ်ပါ ကုန်တော့ မတတ်နိုင်တော့ဘူး။ ညဘက်ဆိုလည်း လေယာဉ်က နိမ့်နိမ့်လေး ပျံတော့ အသံအရမ်းကျယ်တယ် ကောင်းကောင်းမအိပ်ရဲဘူး၊ ဒရုန်းတွေလည်း ခနခနလာတယ်”ဟု မိုးကုတ်ဒေသခံ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အလားတူ အောက်တိုဘာ (၁၈) ရက် ညပိုင်းကလည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို စစ်ကော်မရှင်တပ်က ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး (၅) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၂၂) အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲ-မိုင်းငေါ့လမ်းပေါ်ရှိ ၁၁ မိုင်ကျေးရွာကို လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီး (၂) ပါး ပျံလွန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလအတွင်း ကျောက်မဲမြို့နှင့် သီပေါမြို့ (၂) မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် TNLA ထိန်းချုပ် မြို့ရွာများကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။

ပုံစာ – မိုးကုတ်အနောက်ပိုင်း ရေအေးရွာရှိ ကြက်ခြံ ဗုံးကြဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

ထိုသို့ စစ်ကော်မရှင်တပ်၏ အရပ်သားများကို ဦးတည်ဗုံးကြဲ တိုက်ခိုက်မှုများအတွက် လေယာဉ်ဗုံးကြဲသူ၊ ဗုံးကြဲရန် ဆော်ဩသူနှင့် ဗုံးကြဲခံရခြင်းကြောင့် ဝမ်းမြောက် လက်ခုပ်တီးသူများကို သေချာမှတ်ထားကာ ၎င်းတို့အတွက် အလှည့်ရှိလာမည်ဟု TNLA အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ် တားဘုန်းကျော်က ဖေ့စ်ဘုတ် လူမှုကွန်ရက်မှတဆင့် ယမန်နေ့တွင် မျှဝေထားသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ (၁) ရက်မှ (၂၀) ရက်အထိ လေကြောင်းဖြင့် TNLA ထိန်းချုပ် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးကုတ်နှင့် မိုးမိတ် စသည့် မြို့များတွင် စုစုပေါင်း (၃၀) ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သံဃာတော် (၂) ပါး၊ ကလေး (၈) ဦး၊ အမျိုးသမီး (၁၉) ဦး အပါအဝင် အရပ်သားစုစုပေါင်း (၄၁) ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၁၇) ဦးနှင့် ကလေး (၁၁) ဦး အပါအဝင် အရပ်သား (၅၀) နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၁၃၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၃) ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...