သတင်းမှား
စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့ လားရှိုးမြို့ (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းအမှားဖြန့်
စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေရှိတပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ People Media တယ်လီဂရမ်ချယ်နယ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ လက်လွတ်လိုက်ရသော တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု ဗီဒီယိုဖိုင်နဲ့ပြောဆိုထားပါတယ်။ ၁ မိနစ် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ကျော်စိုးဦးဆိုသူက “ဒီကနေ့ (ဇူလိုင် ၃၀ ရက်) မွန်းလွဲပိုင်းမှာ တိုက်စီး ၄ ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်။ ထပရ (၆၂၆) ၊ ပြီးတော့ ဆက်သွယ်ရေးတပ်၊ ပြီးရင် ခလရ ၆၈၊ ပြီးရင် ဝန်တင်တပ်ရင်းပေါ့။ အားလုံးတပ်ရင်း ၅ ရင်းကို ဒီကနေ့ကျနော်တို့ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကျနော်တို့ ရပခနယ်မြေအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်အားလုံးက၊ ကျနော်တို့အားလုံးက ဘုရင့်နော်တွေဘဲ” လို့(မူရင်း) ပြောဆိုခဲ့တာပါ။ အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၆၅,၀၀၀ ကျော်ရှိပြီး People Media တယ်လီဂရမ်ချယ်နယ်အပြင် အခြားစစ်တပ်လော်ဘီ တယ်လီဂရမ်ချယ်နယ်များကလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/42V6J သတင်း စစ်ဆေးခြင်း Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားပြောဆိုထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။ သျှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးတွင် ယမန့်နေ့ ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မှန်ကန်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာနဲ့အခြားမီဒီယားတွေက ဖော်ပြထားတာမရှိသလို၊ ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတဲ့ တပ်စခန်းဓာတ်ပုံတွေလည်း မတွေ့ရသေးပါဘူး။ ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့တွင် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ထပ်မံ ရှင်းလင်းနိုင်ဟု MNDAA အသိပေး ဆိုတဲ့ People’s Spring သတင်းဌာက တင်ဆက်ထားတဲ့ သတင်းအပြည့် အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ လင့်ခ် - https://shorturl.at/Pr4II ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၈၊ ၉ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ဘက်မှာ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတချို့ ပိတ်မိကာ ဒဏ်ရာရသူနဲ့ ကောက်လို့ မရသေးတဲ့ အလောင်းတွေလည်း ကျန်ရှိနေသေးတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ် ဆိုပြီး Shwe Phee Myay News Agency က သတင်းတင်ဆက်ထားတဲ့သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ရွှေဖီမြေကဖော်ပြထားတဲ့သတင်းကို ဒီမှာကြည့်ပါ - https://shorturl.at/en9kn အလားတူ လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ယမန်နေ့ ဇူလိုင် ၃၀ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားပါတယ်။ ဆက်စက်ဖတ်ရှု့ရန် - https://shorturl.at/B9FH0 စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တန့်ယန်းကနေ နမ့်ပေါင်ကို အင်အားဖြည့်ဖို့ သွားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်နဲ့ PDF က ဖြတ်တိုက်တာ။ ဝမ်ပန်ရွာနားမှာ မနက် ၃ နာရီလောက်ကတည်းက စောင့်ပြီး တိုက်တာ။ ဘယ်အချိန်ထိ ပစ်ကြလဲတော့ မသိဘူး။ ကား ၈ စီးနဲ့ အင်အား ၄၀၀ လောက်လာတာ၊ ဗမာစစ်သား ၅၀ ကျော် သေပြီး ၈၀ ကျော် ဒဏ်ရာရတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ သုံးသပ်ချက် အထက်ပါ အကြောင်းအရာအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ နယ်မြေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ မှန်ကန်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ ရမခ စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်လော်ဘီများက ဖြန့်ချိမှု သတင်းပါ အကြောင်းအရာမှားယွင်းပြီး ချဲကားဝါဒဖြန့်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်လာတဲ့အချိန်တည်းမှာဘဲ စစ်တပ်လော်ဘီတယ်လီဂရမ်ချယ်တွေက ဓာတ်ပုံဟောင်းကိုအသုံးပြုပြီးအဆိုပါစစ်ဌာချုပ်မကျသေးဟု သတင်းအမှားဖြန့်ခဲ့ပါတယ်။ လင့်ခ် - https://burmese.shannews.org/archives/42985 သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Web – https://myanmarfactcheckingnetwork.org/ Fb – https://www.facebook.com/myanmarfactcheckingnetwork #FactCheck #MFCN
လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံမှုမဟုတ်ကြောင်း စစ်ကောင်စီပြောင်လိမ်
သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါ်ဘက်သို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် မဟုတ်မမှန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဝါဒဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်က ဖြန့်ချိခဲ့ပြီး ယာဉ်တန်းပစ်ခတ်ခံရခြင်းမရှိဘဲ အိန္ဒိယနိုင်ငံက စစ်တပ်ကားတွေ၊ ပုံဟောင်းတွေပါလို့ ရေးသားဖော်ပြထားပါတယ်။ ၎င်းက “ဒီကားတွေက...
KNPP/KNDF ကသေနတ်ပြမောင်းထုတ်လို့ ဒေသခံထွက်ပြေးနေရဟု ဓာတ်ပုံအမှားဖြန့်နေ
သျှမ်းပြည် ပင်လောင်းမြို့နယ် ဒေသခံပြည်သူတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တို့က သေနတ်ပြမောင်းထုတ်တဲ့အတွက် ဒေသခံထွက်ပြေးနေရဟု ဓာတ်ပုံအမှားဖြန့်နေချိနေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရီနယ်ချယ်တစ်ခုဖြစ်တဲ့ Naung Taw Lay အကောင့်က “KNPP/KNDF အကြမ်းဖက်အဖွဲ့များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်အတွင်းမှ ဒေသခံပြည်သူတွေကို သေနတ်ပြ...
PNLA နှင့် PDF တို့လက်နက်ကြီးပစ်ခတ်မှုကြောင့် လွယ်ကျိုင်းကျောင်းထိုင်ဆရာတော် တစ်ပါးပျံလွန်တော်မှုသွားဟု သတင်းအမှားဖြန့်နေ
သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မှုသွားသည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတစ်ခုဖြစ်သည့် People Media မှ “ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာအုပ်စု၊လွယ်ကျိုင်းကျေးရွာရှိ...
ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ...
ငြိမ်းချမ်းသည့် ပအိုဝ်းဒေသကို PNLA ကဖျက်ဆီးလိုက်သဖြင့် လူမှုအဖွဲ့အစည်းပေါင်း (၁၉၄) ဖွဲ့ ကန့်ကွက်ရှုတ်ချ ထုတ်ပြန်ချက်အတု
ငြိမ်းချမ်းသည့် ပအိုဝ်းဒေသကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA/PNLO က အာဏာရှင်တိုက်ခိုက်ရန်အကြောင်းပြပြီး ဖျက်ဆီးလိုက်သဖြင့် လှုမှုအဖွဲ့အစည်းပေါင်း (၁၉၄) ဖွဲ့က ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အတု ဖြန့်ချိနေသည်။ လူမှုကွန်ရက် Facebook ဖြစ်သည့် Pa-Oh ပအိုဝ်း Page မှ “လူမှုအဖွဲ့အစည်းများက ပအိုဝ်းအမျိုးသား လွတ်မြောက်အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ”...
တိုက်ပွဲဆက်ဖြစ်နေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်းအေးချမ်းသွားပြီဟု သတင်းမှားဖြန့်နေ
တိုက်ပွဲဆက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ နေရပ်ပြန်သွားသည့် ပြည်သူ ၁ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် (တိုက်ပွဲသတင်းစုံ) အကောင့်မှ “တည်ငြိမ်အေးချမ်း ပြီဖြစ်တဲ့ ဆီဆိုင်မြို့သို့ နေရပ်ပြန် ပြည်သူ ၁,၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ မိမိအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ PNLA/KNDF...
ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ...
ဆီဆိုင်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF နှင့် PDF တို့က အဓမ္မပြုကျင့်သတင်းမှား
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်တပ်မတော် PNLA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းမှားဖြန့်ချိနေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် ကျော်စွာ (Kyaw Swar)...
မိုးမိတ်မြို့ကို ဆိုင်ကယ်ဖြင့်ဝင်လို့ရ သတင်းအမှား
သျှမ်းပြည် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်၍ရပြီဆိုသည့် သတင်းအမှားဖြန့်ချိနေသည်။





