Tuesday, January 27, 2026

MNDAA ကလူသစ်စုဆောင်းဖို့အတွက် လားရှိုးမှာတစ်အိမ်တက်တစ်အိမ်ဆင်း အဓမ္မဖမ်းဆီးနေဆိုတဲ့ သတင်းအမှား

သျှမ်းပြည် လားရှိုးမြို့မှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကာ အမျိုးသမီး၊ အမျိုးသား အပါအဝင် လူကြီးနှင့် လူငယ်အမရွေး အဓမ္မဖမ်းဆီးနေတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Ka Ka Han ချန်နယ်ကဖြန့်ချိခဲ့တာ ဖြစ်ပြီး “အခုလည်း MNDAA ဟာ လားရှိုးမှာ အရက်စက်ဆုံးနည်းလမ်းတွေကို ထုတ်သုံးပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မိန်းမ၊ ယောက်ျား လူကြီး လူငယ်မရွေး လူသစ်စုဆောင်းဖို့ အဓမ္မဖမ်းဆီးနေပြီတဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ချိထားပါတယ်။

ဒါ့အပြင် Freedom News Group နာမည်ရှိ ပေ့ချ်တစ်ခုကဖော်ပြထားသော အကြောင်းအရာကိုလည်း စခရင်ရှော့ (screenshot) ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၅,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/Ckq28
ဆက်စပ်သတင်းအမှားလင့်ခ် – https://t.me/KaKaHan777999/25969

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

၂၀၂၄ သြဂုတ် ၁၇ ရက်နေ့က ရွှေဖီမြေသတင်းဌာနမှတင်ဆင်ထားသော အင်တာဗျူးရုပ်သံတစ်ခုမှာ
“လက်ရှိမှာ အုပ်ချုပ်ရေးယန္တရားတည်ထောင်နေတဲ့အချိန်ဆိုတော့လေ သူခိုးတွေကတော့ လက်ရှိသောင်းကြမ်းနေတယ်ဆိုတာ မှန်ပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ MNDAA ရဲ့ ပြည်တွင်းရဲကနေ ညလုံခြုံရေးပတ်တာတွေ၊ တကယ်လို့ မသင်္ကာဖွယ် ကားပေါ်မှာပစ္စည်းတင်နေတာတွေ့ရင် ကျနော်တို့က ရှောင်သခင်ဝင်ရောက်စစ်ဆေးတယ်” (မူရင်းအတိုင်း) ဆိုပြီး ကိုးကန့်သတင်းပြန်ကြားရေးအဖွဲ့ ဦးဂျာရီးက ပြောပါတယ်။ မူရင်းလင့်ခ် – https://shorturl.at/xnGj8

MNDAA က လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး နေရပ်ပြန်သွားတဲ့ လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးကို မေးမြန်းခဲ့ရာမှာ “အခုလားရှိုးမြို့ကို သွားသွားပြန်ပြန်လုပ်နေတာပဲ။ ဒါပေမဲ့ ကိုးကန့်က လူသစ်စုဆောင်းနေတယ် ဘာညာတော့မကြားဘူး။ မြို့ထဲမှာပစ္စည်းခိုးနေတဲ့သူတွေကိုတော့ ဖမ်းနေတာရှိတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့နဲ့ ကျောက်မဲမြို့ကို တော်လှန်အင်းအားစုဘက်က ထိန်းချုပ်ထားပြီး နှစ်ပတ်ကျော်အကြာ ဖုန်းလိုင်းနှင့် လျှပ်စစ်မီး ပြန်ရတော့မယ်ဆိုတဲ့ သတင်းကြကောင့် စစ်ရှောင်များနေရပ်သို့ ပြန်နေကြကြောင်း ဒေသခံကိုကိုးကာပြီး သျှမ်းသံတော်ဆင့် သတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/hYoIh

လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော Myanmar Now သတင်းတစ်ပုဒ်မှာလည်း “ စစ်ရှောင်များ လားရှိုးပြန်ရောက်၊ ကိုးကန့်တပ်က မြို့အုပ်ချုပ်ရေးစတင်” ဆိုပြီး သြဂုတ် ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://shorturl.at/aEEGk

သုံးသပ်ချက်

ဒါကြောင့် လားရှိုးမြို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် တစ်အိမ်တက်တစ်အိမ်ဆင်းကာ အဓမ္မဖမ်းဆီးနေတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိမှုမှာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက လားရှိုးမှာသူခိုးဖမ်းနေတဲ့အကြောင်းအရာကို အခြေခံပြုပြီးတော့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် အဓမ္မဖမ်းဆီးနေသယောင် လှည့်ဖြားမှားယွင်းဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...