MNDAA ကလူသစ်စုဆောင်းဖို့အတွက် လားရှိုးမှာတစ်အိမ်တက်တစ်အိမ်ဆင်း အဓမ္မဖမ်းဆီးနေဆိုတဲ့ သတင်းအမှား

သျှမ်းပြည် လားရှိုးမြို့မှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကာ အမျိုးသမီး၊ အမျိုးသား အပါအဝင် လူကြီးနှင့် လူငယ်အမရွေး အဓမ္မဖမ်းဆီးနေတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Ka Ka Han ချန်နယ်ကဖြန့်ချိခဲ့တာ ဖြစ်ပြီး “အခုလည်း MNDAA ဟာ လားရှိုးမှာ အရက်စက်ဆုံးနည်းလမ်းတွေကို ထုတ်သုံးပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မိန်းမ၊ ယောက်ျား လူကြီး လူငယ်မရွေး လူသစ်စုဆောင်းဖို့ အဓမ္မဖမ်းဆီးနေပြီတဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ချိထားပါတယ်။

ဒါ့အပြင် Freedom News Group နာမည်ရှိ ပေ့ချ်တစ်ခုကဖော်ပြထားသော အကြောင်းအရာကိုလည်း စခရင်ရှော့ (screenshot) ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၅,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/Ckq28
ဆက်စပ်သတင်းအမှားလင့်ခ် – https://t.me/KaKaHan777999/25969

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

၂၀၂၄ သြဂုတ် ၁၇ ရက်နေ့က ရွှေဖီမြေသတင်းဌာနမှတင်ဆင်ထားသော အင်တာဗျူးရုပ်သံတစ်ခုမှာ
“လက်ရှိမှာ အုပ်ချုပ်ရေးယန္တရားတည်ထောင်နေတဲ့အချိန်ဆိုတော့လေ သူခိုးတွေကတော့ လက်ရှိသောင်းကြမ်းနေတယ်ဆိုတာ မှန်ပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ MNDAA ရဲ့ ပြည်တွင်းရဲကနေ ညလုံခြုံရေးပတ်တာတွေ၊ တကယ်လို့ မသင်္ကာဖွယ် ကားပေါ်မှာပစ္စည်းတင်နေတာတွေ့ရင် ကျနော်တို့က ရှောင်သခင်ဝင်ရောက်စစ်ဆေးတယ်” (မူရင်းအတိုင်း) ဆိုပြီး ကိုးကန့်သတင်းပြန်ကြားရေးအဖွဲ့ ဦးဂျာရီးက ပြောပါတယ်။ မူရင်းလင့်ခ် – https://shorturl.at/xnGj8

MNDAA က လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး နေရပ်ပြန်သွားတဲ့ လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးကို မေးမြန်းခဲ့ရာမှာ “အခုလားရှိုးမြို့ကို သွားသွားပြန်ပြန်လုပ်နေတာပဲ။ ဒါပေမဲ့ ကိုးကန့်က လူသစ်စုဆောင်းနေတယ် ဘာညာတော့မကြားဘူး။ မြို့ထဲမှာပစ္စည်းခိုးနေတဲ့သူတွေကိုတော့ ဖမ်းနေတာရှိတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့နဲ့ ကျောက်မဲမြို့ကို တော်လှန်အင်းအားစုဘက်က ထိန်းချုပ်ထားပြီး နှစ်ပတ်ကျော်အကြာ ဖုန်းလိုင်းနှင့် လျှပ်စစ်မီး ပြန်ရတော့မယ်ဆိုတဲ့ သတင်းကြကောင့် စစ်ရှောင်များနေရပ်သို့ ပြန်နေကြကြောင်း ဒေသခံကိုကိုးကာပြီး သျှမ်းသံတော်ဆင့် သတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/hYoIh

လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော Myanmar Now သတင်းတစ်ပုဒ်မှာလည်း “ စစ်ရှောင်များ လားရှိုးပြန်ရောက်၊ ကိုးကန့်တပ်က မြို့အုပ်ချုပ်ရေးစတင်” ဆိုပြီး သြဂုတ် ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://shorturl.at/aEEGk

သုံးသပ်ချက်

ဒါကြောင့် လားရှိုးမြို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် တစ်အိမ်တက်တစ်အိမ်ဆင်းကာ အဓမ္မဖမ်းဆီးနေတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိမှုမှာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက လားရှိုးမှာသူခိုးဖမ်းနေတဲ့အကြောင်းအရာကို အခြေခံပြုပြီးတော့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် အဓမ္မဖမ်းဆီးနေသယောင် လှည့်ဖြားမှားယွင်းဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...