ရပ်စောက်
ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာတွင် စစ်ကောင်စီမှ စစ်သင်တန်းပေးရန်ကြိုးစားနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ရွာတွင် စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးရန်ကြိုးစားနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဩဂုတ်လ ၂၀) ရက်တွင် ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်မှ ပင်ဖြစ်ကျေးရွာဘုန်းကြီးကျောင်းအတွင်းတွင် စစ်သင်တန်းပေးရန် လာရောက်ညှိနှိုင်းမှုများရှိနေကြောင်း ရပ်စောက်မြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ ဘုန်းကြီးကျောင်းထဲမှာ စစ်သင်တန်းပေးဖို့ လာညှိတယ်လို့ပြောတယ်။ လက်မခံလို့ ဆပ်သေဘက်ကိုသွားလိုက်ကြတယ်လို့ ကြားတယ်”...
ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွား စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၈)ဦး ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူ ကျေးရွာအတွင်း စစ်ကောင်စီ တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF/DPLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၈)ဦး ဖမ်းဆီးရမိကြောင်း သိရသည်။ သြဂုတ်လ ၈ ရက် နံနက် ၁၁နာရီဝန်ကျင်တွင် စစ်ကောင်စီတပ်မှ DPLA /DPLF...
ရမခ စစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် တိုက်ခိုက်နေစဉ် သျှမ်းတပ်(၂)တပ် ရပ်စောက်တွင် အချင်းချင်းပစ်ခတ်
သျှမ်းပြည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို ညီနောင်မဟာမိတ်တပ်များမှ စတင်တိုက်ခိုက်နေစဉ် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ် (၂) တပ် အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၁၀ နာရီကျော်တွင် ရပ်စောက်မြို့နယ်အတွင်းရှိ ပင်ဖြစ် (ပၢင်ၽိုၼ်း)...
ရပ်စောက်တွင် သျှမ်းတပ် (၂)တပ် အချင်းချင်း တိုက်နေဆဲ
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲဆက်ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက် ၈ နာရီအချိန်မှစ၍ ရပ်စောက်မြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုအတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ဟုတ်တယ်။...
ရပ်စောက် သျှမ်းတပ် (၂) တပ် ထပ်မံပစ်ခတ်မှုဖြစ်၊ ဒေသခံများ တောင်ယာလုပ်ကိုင်ရန် အခက်တွေ့
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၉) ရက် နံနက် ၉ နာရီခန့်မှ စတင်ပြီး ရပ်စောက်မြို့နယ် အရှေ့မြောက်ဘက်ရှိ အင်တောမြို့အနီး ကျိုင်းခမ်းကျေးရွာအုပ်စုတွင် SSPP...
ရပ်စောက် သျှမ်းတပ် (၂)တပ် ပစ်ခတ်မှုဖြစ်၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီး၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၆) ရက် နံနက် ၈ နာရီကျော်တွင် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ရှိ...
ရပ်စောက်မြို့နယ် SSPP နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ UWSA နှင့် စစ်ကောင်စီတပ် ပါဝင်အင်အားဖြည့်နေဟုဆို
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၇ ရက်) နံနက် ၈ နာရီကျော်ခန့်တွင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအနီး လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့နေရာကို SSPP တပ်သားများက...
ရပ်စောက် စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ် တပ်သား ၄ ဦးသေ ၃ ဦးဒဏ်ရာရ
သျှမ်းပြည် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကျောက်ဂူကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ...
နောင်ချို – ရပ်စောက် ကားလမ်းပေါ် ပြောင်းဖူးတင်ကား တစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံး
သျှမ်းပြည် နောင်ချို - ရပ်စောက် ကားလမ်းမပေါ်တွင် ပြောင်းဖူးတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ပြီး ယာဥ်မောင်းတစ်ဦး သေဆုံးကာ ယာဥ်နောက်လိုက်သူ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၄) ရက် နေ့လယ်ပိုင်း ၁ နာရီခွဲတွင် မြဝတီသို့ သွားရောက် တင်ပို့မည့် ပြောင်းဖူးကုန်တင်ကားတစ်စီးသည်...
ရပ်စောက်မြို့နယ် လောင်းကစားဝိုင်းကြောင့် အိမ်ထောင်ကွဲမှုများလာ
သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာထဲတွင် လောင်းကစားများကို လွတ်လပ်စွာ ကစားခွင့်ရှိလာသည့် အတွက်ကြောင့် အိမ်ထောင်ကွဲမှုများလာခဲ့ကြောင်း သတင်းရရှိသည်။ ပင်ဖြစ်ကျေးရွာထဲတွင် လောင်းကစားဝိုင်ဖွင့်သူများက စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ကို အခွန်ဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်ခွင့်ရထားသည့် အတွက်ကြောင့် ပြည်သူများအတွက် ထိခိုက်လာခဲ့ကြောင်းသိရသည်။ “...





