ရပ်စောက် သျှမ်းတပ် (၂)တပ် ပစ်ခတ်မှုဖြစ်၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အချင်းချင်း နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီး၊ ပဒေသာမိုင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၆) ရက် နံနက် ၈ နာရီကျော်တွင် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ရှိ တောင်ထိပ်ကျေးရွာအနီးတွင် ထိပ်တိုက်ထိတွေ့မှုဖြစ်ကာ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသခံများက ပြောသည်။

“တိုက်ပွဲရယ်လို့ ပြောလို့ရမလား၊ အဲ့မှာ အပြန်အလှန် ပစ်တယ်လို့တော့ မဟုတ်ဘူး။ မိုင်းလာထောင်ထားတဲ့ နေရာမှာ ပစ်လိုက်တာ၊ တိုက်ပွဲအကြီးကြီး ဖြစ်တာတော့ မဟုတ်ဘူး။ တဂျုန်းဂျုန်း တဂြိမ်းဂြိမ်း ချနေတာလည်း မဟုတ်ဘူး” ဟု ‌ကျောက်ဂူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ် SSPP နှင့် RCSS တပ်ဖွဲ့တို့၏ ထိတွေ့ပစ်ခတ်မှုအတွင်း နှစ်ဘက်တပ်ဖွဲ့မှ တပ်သားတစ်ဦးစီ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြေပြင်သတင်းသိရှိသည့် ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ရပ်စောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်ပြီး RCSS တပ်ဖွဲ့မှ စစ်အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး တောင်ထိပ်ကျေးရွာနှင့် တောင်သူကုန်းအနီးရှိ SSPP တပ်စခန်းများကို ထိုးစစ်ဆင်လာခဲ့ရာ (၃၀) မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP Info မှ ဇွန်လ (၁၈) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ရပ်စောက်မြို့နယ်တွင် SSPP နှင့် RCSS တပ်ဖွဲ့တို့၏ ထိတွေ့ပစ်ခတ်မှု ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ တို့ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထို့အပြင် ဇွန်လ ပထမပတ်အတွင်းကလည်း ရပ်စောက်မြို့နယ် တောင်ထိပ်ကျေးရွာ ကျောက်အိုးတံတားအနီးတွင် လှုပ်ရှားသွားလာနေသည့် SSPP စစ်ကြောင်းကို RCSS တပ်ဖွဲ့မှ ပဒေသာမိုင်းထောင် ဖောက်ခွဲခဲ့စဉ်အတွင်း တောင်ယာမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အသက် ၂၉ နှစ်အရွယ် မကေသီဦး၏ ပေါင်ကို မိုင်းစ ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မိုင်းစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည့် မကေသီဦးကို ကျောက်ဂူဆေးရုံမှတဆင့် တောင်ကြီးဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှု ခံယူနေရကြောင်း ကျောက်ဂူဒေသခံများက ပြောသည်။

“မိုင်းစ လာမှန်တာ အခုတိုက်ပွဲဖြစ်တဲ့ နေရာရဲ့ တောင်ဘက် ပေ ၂၀၀ လောက်မှာပဲ ကွာတယ်။ အဲ့ဒီကောင်မလေးက ယာတောက ပြန်လာတာ၊ မိုင်းဆွဲလိုက်တော့ မိုင်း ၂ ခါကွဲတာ။ မိုင်း (၁၀) လုံးလို့ ပြောတာ၊ တစ်ခါကွဲရင် ၅ လုံးပေါ့။ အဲ့တာ ပေါင်မှာ မိုင်းစမှန်တာ၊ ကျောက်ဂူဆေးရုံမှာ လာတင်တာ အခုတော့ တောင်ကြီးသွားခဲ့ပြီ”ဟု ကျောက်ဂူဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဇွန်လ ၁၃ ရက်ကလည်း ကျောက်ဂူတိုက်နယ်ရှိ လွယ်ကန်ကျေးရွာတွင် နေထိုင်ပြီး တောင်ယာသွားမည့် အသက်(၄၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးလည်း ကုန်ဟင်းရွာဟောင်းအနီး လက်ဖက်ခြံအရောက်တွင် မိုင်းနင်းမိကာ ဘယ်ခြေထောက်ပြတ် ဒဏ်ရာဖြင့် ကျောက်ဂူဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

၂၀၂၄ မတ်လမှ စတင်ပြီး ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်တွင် သျှမ်းတပ်နှစ်တပ်အကြား မကြာခဏ မိုင်းထောင်ထားပြီး မိုင်းဆွဲတိုက်ခိုက်ခြင်းများ (၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ သျှမ်းတပ်အချင်းချင်း မိုင်းထောင်တိုက်ခိုက်ပြီး ပစ်ခတ်မှုဖြစ်ပွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး SSPP တပ်ဖွဲ့မှ သျှမ်း/မြန်မာ ၂ ဘာသာဖြင့် ဇွန်လအတွင်း (၇) ကြိမ်အထိ သတင်းထုတ်ပြန်ထားသော်လည်း RCSS တပ်ဖွဲ့ဘက်မှ ယခုကိစ္စနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်ကို မတွေ့ရှိရသေးပါ။

ရပ်စောက်မြို့နယ်အတွင်း မိုင်းထောင်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားလာခြင်းကြောင့် တောင်ထိပ်၊ လွယ်တန်၊ ဆီဆုံဂနိုင် စသည့် ကျေးရွာများမှ ပြည်သူများမှာ တောင်ယာသွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...