ရပ်စောက်မြို့နယ် SSPP နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ UWSA နှင့် စစ်ကောင်စီတပ် ပါဝင်အင်အားဖြည့်နေဟုဆို

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၇ ရက်) နံနက် ၈ နာရီကျော်ခန့်တွင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအနီး လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့နေရာကို SSPP တပ်သားများက တောနင်းရှာဖွေခဲ့ရာမှ နှစ်ဘက်စစ်ကြောင်း ထိတွေ့ပြီး နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရပ်စောက်ဒေသခံများက ပြောသည်။

“မနေ့က တကယ်ပစ်ကြတာ ဟုတ်တယ်။ သူတို့စစ်ကြောင်းတွေ ထိပ်တိုက်တွေ့မိတယ်လို့ ပြောရမှာပေါ့။ အရင်လကတည်းက မဟာမိတ်တပ်တွေဘက်က စစ်အင်အားဖြည့်လာပြီး တောနင်းရှာကြတာ၊ မိုင်းလင်းဘက်ကနေ ကျိုင်းခမ်းရွာကို သွားလိုက်လာလိုက် လုပ်တာပေါ့။ ရပ်စောက် အရှေ့ဘက်ပေါ့ သူတို့ပစ်ကြတာ”ဟု ရပ်စောက်မြို့နယ်မှ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ် အချင်းချင်းကြား တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဘက်ထိခိုက် ကျရှုံးမှုများကို အသေးစိတ် မသိရှိရသေးဘဲ နားစံကျေးရွာအနီး တပ်စွဲထားသည့်နေရာမှ RCSS တပ်သားများ ဆုတ်ခွာသွားပြီးနောက်ပိုင်း သေနတ်ပစ်ခတ်သံများ ရပ်စဲသွားကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

“တောနင်းရှာတာက မဟာမိတ်တပ်တွေ ရှာတာ၊ ဝတ်စုံကတော့ SSPP ဝမ်ဟိုင်းစစ်ဝတ်စုံ ဝတ်ထားတာပေါ့။ စကားသွားပြောကြည့်ရင် သျှမ်းစကားမတတ်ဘူး။ ကျိုင်းခမ်းဘက်က ဈေးဆိုင်တွေကို သူတို့ဝင်စစ်တုန်းကလည်း သျှမ်းစကား မပြောကြဘူး။ အဲ့တာကြောင့် တချို့ကလည်း ‘ဝ’ မဟုတ်ရင် ကိုးကန့်ပဲ ဖြစ်မှာ ဆိုပြီး ပြောကြတာ”ဟု ရပ်စောက်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် RCSS တပ်ဖွဲ့ စခန်းချနေရာကို SSPP နှင့် UWSA မဟာမိတ်ပူးပေါင်းတပ်များအပြင် စစ်ကောင်စီတပ်ကလည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရကြောင်း RCSS တပ်ဖွဲ့၏ Tai Freedom မီဒီယာက မေလ ၁၈ ရက်တွင် ထုတ်ပြန်လာခဲ့သည်။

လက်ရှိတွင် သံလွင်မြစ် အနောက်ခြမ်းသို့ ရောက်ရှိလာသည့် ‘ဝ’တပ်ဖွဲ့ UWSA သည် စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်သည်အင်အား ၃၅ဝ ခန့်ဖြင့် RCSS တပ်စခန်းဘက်သို့ စစ်အင်အား ဖြည့်တင်းလာခြင်းကြောင့် နှစ်ဘက်တင်းမာမှု ရှိနေကြောင်း Tai Freedom မီဒီယာတွင် ဖော်ပြထားသည်။

ရပ်စောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ်အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲအတွင်း ‘ဝ’တပ် UWSA နှင့် စစ်ကောင်စီတပ်တို့ ပါဝင်ပြီး အင်အားဖြည့် ထိုးစစ်ဆင်နေခြင်းနှင့် ပတ်သက်၍ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုနှင့် RCSS/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံတို့ထံ သျှမ်းသံတော်ဆင့်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပါ။

သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့သည် သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲပြင်းထန်နေစဉ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က နှစ်ဘက်တပ်ဖွဲ့ အချင်းချင်းကြား အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် (၅) လကျော်အကြာတွင် နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...