Tuesday, January 27, 2026

မိုးနဲ

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

ချစ်သူများနေ့ သွားလည်နေစဉ် အသတ်ခံရသည့် မိုးနဲ အမျိုးသမီးငယ်

သျှမ်းပြည် မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)၌ သွားလည်နေစဉ် အသတ်ခံရလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် နမ့်စန်မြို့နယ် လွိုင်ဆိုင်းရွာအဝင်ရှိ ဝက်သားဆိုင်အနီး၌...

မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်

သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည်...

မိုးနဲ ရေကြီ’ စပါးခင်း ဧက ၆ထောင် ထက်မနည်းပျက်စီး

သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် (ဩဂုတ်လ ၁၆ ရက်) နေ့မှ စပြီး ရေမြင့်တက်ကာ စပါးခင်း ဧက ၆ထောင) ထက်မနည်းပျက်စီးသွားကြောင်းသတင်းရရှိသည်။ မိုးနဲမြို့နယ်တွင် စပါးခင်း ဧက (၉ထောင်) စိုက်ပျိုးကြပြီး ဩဂုတ်လ ၁၄ ရက်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးနဲမြို့ပြင်ရှိ နမ့်ဆလိုင်နှင့်...

မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ

သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ...

မိုးနဲ လောင်းကစားဝိုင်း (၂) လနီးပါး ဖွင့်လှစ် အရေးယူမှုမရှိ

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ (၂) လ နီးပါး ဖွင့်လှစ်ထားပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လက်ရှိချိန်ထိ ရပ်ကွက်တွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသော်လည်း သက်ဆိုင်ရာမှ အရေးယူခြင်း မရှိကြောင်း မိုးနဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မိုးနဲမြို့ လွိုင်မြေရပ်ကွက်အတွင်း လောင်းကစား...

မိုးနဲမြို့ လောင်းကစားဝိုင်းအတွင်း လက်နက်ကိုင်အချင်းချင်း ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ဟိုနောင်ကျေးရွာနှင့် လွယ်မြေဈေးရောင်းပွဲတော် တို့တွင် ဖွင့်လှစ်ဆော့ကစား နေကြသည့် လောင်းကစားဝိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ရှိလာသည့်အတွက် လောင်းကစားဝိုင်း ပိတ်သိမ်းရန် ညွှန်ကြားကြောင်းသတင်းသိရသည်။ မိုးနဲမြို့တွင်း တစ်လကျော်ကြာ ဖွင့်လှစ်လာသည့် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်၌ လောင်းကစားဝိုင်းသို့ အမည်မသိ...

မိုးနဲမြို့ ဒေသအာဏာပိုင်များ လောင်းကစားဝိုင်း နောက်တစ်ခု ထပ်ဖွင့်ရန် စီစဥ်နေ

သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ် မိုးနဲမြို့တွင် ဒေသအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းနောက်ထပ် ဖွင့်ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ လာမည့် နိုဝင်ဘာလ ၁၅ ရက်တွင် ဖွင့်လှစ်မည့် နယ်လှည့် ဈေးရောင်းပွဲတော်ကို အကြောင်းပြပြီး ဒေသ အာဏာပိုင်များ နှင့် စစ်မှုထမ်းဟောင်းများက ဒေသအတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လုံခြုံရေးယူခိုင်းပြီး လောင်းကစားဝိုင်း နောက်တခုထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်း မိုးနဲဒေသခံများ ပြောပြချက်အရသိရသည်။  “လာမဲ့ ၁၄ ရက်နေ့ကနေ ဖွင့်လှစ်မဲ့ အဲ့ဒီလောင်းကစားဝိုင်းက ဈေးရောင်ပွဲတောကို အကြောင်းပြပြီး ဖွင့်မှာ၊ လွယ်မြေ မှာ ဖွင့်မှာလို့ သိရတယ်၊ အရင်က လောင်းကစားဝိုင်းရုံက မပိတ်သေးဘူး၊ ဒါပေမဲ့ လောင်းကစားဝိုင်း အကြီးကြီးထပ်ဖွင့်မယ်တဲ့၊နောက်ကွယ်ကလူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီက လူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်တယ်” ဟုအထက်ပါ အမျိုးသားက ပြောသည်။ လွယ်မြေ ဈေးရောင်းပွဲတော်နှင့် အတူ ဖွင့်လှစ်မည့် လောင်းကစားဝိုင်းများသည် အဓိအားဖြင့် ဖဲဝိုင်း၊ ဂုန်းကင်းဝိုင်း နှင့်လေးကောင်ဂျင်တို့ကို ဖွင့်လှစ်ဆော့ကစားမည်ဟု သိရပြီး လောင်းကစားဝိုင်း တစ်ဝိုင်းလျှင်  အခွန် ၅၀၀၀၀ ကျပ် ဖြင့်အာဏာပိုင်တွေဆီ ပေးဆောင်ရကြောင်းလည်း သိရသည်။ “လောင်းကစားဝိုင်းတစ်ဝိုင်းစာကို ဒိုင်က တစ်ညကို အာဏာပိုင်တွေဆီ ၅၀၀၀၀ ကျပ်ပေးဆောင်ရမယ်တဲ့၊ တစ်ဝိုင်းကို တစ်ညစာအတွက် ၅၀၀၀၀ တောင်ရတယ်ဆိုတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ငြိမ်နေတာပေါ့” ဟု အထက်ပါ အမျိုးသားကဆက်ပြောသည်။ ထို့အပြင် မိုးနဲမြို့၌ ဖွင့်လှစ်နေလျက်ရှိသည့် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်းသည်လည်း တစ်လကျော်ကြာ လာသည့်အထိ မပိတ်သိမ်းသေးကြောင်း သတင်းသိရသည်။ အဆိုပါ ဟိုနောင်ရှိ ဖွင့်လှစ်လျက်ရှိသည့် လောင်းကစားဝိုင်းသည် SSS ပြည်သူ့စစ်တပ်ဖွဲ့မှ လုံခြုံရေးယူထား ပေးလျက်ရှိကြောင်း အသက် ၃၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုလို လောင်းကစားကို တစ်လကျော်ကြာအောင် ဖွင့်နေတာက ကျမတို့ ဒေသခံအနေနဲ့တော့ လုံးဝ လက်မခံ ဘူး ပေါ့၊ဒါပေမဲ့ ပြည်သူ့စစ်ကိုယ်တိုင်က အလိုတူပြီး ပွဲခင်းထဲ နေရာယူပေးထားတာ ဆိုတော့ ကျမတို့က ဘာတတ်နိုင်မလဲ၊လောင်းကစားဝိုင်းကိုသာ လုံခြုံရေး ယူထားပေးတာ၊ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးတွေ ကတော့ တစ်နေ့တစ်ခြား ပိုဆိုးလာတယ်၊ ခိုးဆိုးလုယက်မှုတွေ ဓားပြတိုက်မှုတွေက နေ့တိုင်းနီးပါး ဖြစ်နေတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင်သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

မိုးနဲမြို့ (၂) နှစ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦး ဓားခုတ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ၂ နှစ် အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ (၂) ရက် မနက်ပိုင်းတွင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၀) ကျော်...

မိုးနဲမြို့လူငယ်(၂)ဦး အကြောင်းမဲ့ရိုက်ခံရ၊ ကျူးလွန်သူများအရေးယူပေးခြင်းမရှိသေး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မှ လူငယ် (၂)ဦးကို လူတစ်စုက အကြောင်းမဲ့ဝိုင်းရိုက်နှက်ခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ ကျူးလွန်ခံရသူများကို အရေးယူမှုမရှိသေးကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက်နေ့ (ဝါဝင်ရက်) တွင် လူငယ် (၂) ဦးသည် ဘုန်းကြီးကျောင်းသို့အလှူသွားလုပ်စဉ် လမ်းတစ်ဝက်၌ လူ (၈)...

Latest news