မိုးနဲမြို့ (၂) နှစ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦး ဓားခုတ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ၂ နှစ် အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

မိုးနဲမြို့ ဓားခုတ်သတ်ခံရသည့်မိသားစုဝင်(၃)ဦး မိးသဂြိုဟ်

စက်တင်ဘာ (၂) ရက် မနက်ပိုင်းတွင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးသည် အသက် (၇၅) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ အသက် (၂) နှစ် အရွယ် ကလေးငယ်တစ်ဦး နှင့် အသက် (၃၀) အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဓားဖြင့် လာခုတ်သတ်သွားကြောင်း မိုးနဲမြို့နေ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လာသတ်တဲ့သူက အသက် (၇၅) နှစ်အရွယ် အဘွားရဲ့ သမက်ပါ။ ကလေးငယ်ရဲ့ ဦးလေးတော်မယ်။ အမျိုးသမီးရဲ့ ခဲအိုပေါ့။ ဆေးကြောင်ပြီး သူ့ယောက္ခထီးကို အရင် ဓားနဲ့ ခုတ်လိုက်တာ။ နောက် မီဖိုးထဲမှာနေတဲ့ အမျိုးသမီးက ကလေးငယ်ယူပြီး ထွက်ပြေးချိန် သူတို့ (၂) ယောက်ကိုလည်း ဓားနဲ့ခုတ်သတ်လိုက်တာ “ ဟု ၎င်းအမျိုးသမီးက ပြောသည်။

အဆိုပါ မှုခင်းဖြစ်ပွားပြီးလျှင် သတ်ဖြတ်ခတ်ခံရသူ မိသားစု (၃) ဦးကို ရင်ခွဲဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ယမန်နေ့တွင် မီးသင်္ဂြိုလ်လိုက်ခဲ့ကြောင်း သိရသည်။

အပြစ်ကျူးလွန်သူ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာအရာရှိရဲများက ဖမ်းဆီးခေါ်သွားပြီး မိုးနဲမြို့ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ကာ မည်သည့် ဉပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မသိရသေးပေ။

“အခု မူးယစ်ဆေးဝါးက နေရာတိုင်းမှာရောင်းတယ်။ ဈေးနှုန်းလည်း ပေါတယ်။ အခုလူငယ်တွေလည်း မူးယစ်ဆေးဝါး သုံးစွဲကြတာ များလာတယ်။ ဆေးသမားတွေများလာတော့ အရမ်းကို စိုးရိမ်နေတယ်။ သက်ဆိုင်ရာက ရဲတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖမ်းဆီးအရေးယူပေးဖို့ လိုတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ မိုးနဲမြို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖမ်းဆီးထားသော သူခိုး၊ ဓားမြ များသည် (၂) ရက်အတွင်းမှာ ပြန်လွှတ်ပေးသောကြောင့် ဒေသခံများ၏ လုံခြုံရေးသည် ပိုဆိုးဝါးလာနိုင်ကြောင်း ဒေသခံများ ပြောချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...
Mong_Nai_Rice_Harvest

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

0
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။