Tuesday, January 27, 2026

မိုးနဲမြို့ (၂) နှစ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦး ဓားခုတ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ၂ နှစ် အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

မိုးနဲမြို့ ဓားခုတ်သတ်ခံရသည့်မိသားစုဝင်(၃)ဦး မိးသဂြိုဟ်

စက်တင်ဘာ (၂) ရက် မနက်ပိုင်းတွင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးသည် အသက် (၇၅) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ အသက် (၂) နှစ် အရွယ် ကလေးငယ်တစ်ဦး နှင့် အသက် (၃၀) အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဓားဖြင့် လာခုတ်သတ်သွားကြောင်း မိုးနဲမြို့နေ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လာသတ်တဲ့သူက အသက် (၇၅) နှစ်အရွယ် အဘွားရဲ့ သမက်ပါ။ ကလေးငယ်ရဲ့ ဦးလေးတော်မယ်။ အမျိုးသမီးရဲ့ ခဲအိုပေါ့။ ဆေးကြောင်ပြီး သူ့ယောက္ခထီးကို အရင် ဓားနဲ့ ခုတ်လိုက်တာ။ နောက် မီဖိုးထဲမှာနေတဲ့ အမျိုးသမီးက ကလေးငယ်ယူပြီး ထွက်ပြေးချိန် သူတို့ (၂) ယောက်ကိုလည်း ဓားနဲ့ခုတ်သတ်လိုက်တာ “ ဟု ၎င်းအမျိုးသမီးက ပြောသည်။

အဆိုပါ မှုခင်းဖြစ်ပွားပြီးလျှင် သတ်ဖြတ်ခတ်ခံရသူ မိသားစု (၃) ဦးကို ရင်ခွဲဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ယမန်နေ့တွင် မီးသင်္ဂြိုလ်လိုက်ခဲ့ကြောင်း သိရသည်။

အပြစ်ကျူးလွန်သူ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာအရာရှိရဲများက ဖမ်းဆီးခေါ်သွားပြီး မိုးနဲမြို့ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ကာ မည်သည့် ဉပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မသိရသေးပေ။

“အခု မူးယစ်ဆေးဝါးက နေရာတိုင်းမှာရောင်းတယ်။ ဈေးနှုန်းလည်း ပေါတယ်။ အခုလူငယ်တွေလည်း မူးယစ်ဆေးဝါး သုံးစွဲကြတာ များလာတယ်။ ဆေးသမားတွေများလာတော့ အရမ်းကို စိုးရိမ်နေတယ်။ သက်ဆိုင်ရာက ရဲတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖမ်းဆီးအရေးယူပေးဖို့ လိုတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ မိုးနဲမြို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖမ်းဆီးထားသော သူခိုး၊ ဓားမြ များသည် (၂) ရက်အတွင်းမှာ ပြန်လွှတ်ပေးသောကြောင့် ဒေသခံများ၏ လုံခြုံရေးသည် ပိုဆိုးဝါးလာနိုင်ကြောင်း ဒေသခံများ ပြောချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...
Mong_Nai_Rice_Harvest

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

0
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

တောင်ကြီးတွင် စွန့်ပစ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊မြို့မရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ ည ၁၁ နာရီအချိန်တွင် မြိုမရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်းကို ကားတစ်စီးဖြင့်လာပစ်ချသွားခဲ့ပြီး အဆိုပါ အမျိုးသားရုပ်အလောင်းကို အမှတ်...

ဘန်ကောက်တွင် မြန်မာနိုင်ငံသားလင်မယားရန်ဖြစ်သည်ကို ဝင်တားပေးသည့် ထိုင်းအလုပ်ရှင် သေဆုံး

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခေ့ (Bang Khae ) နယ်မြေတွင် မြန်မာနိုင်ငံသားလင်မယားနှစ်ဦး စကားများရန်ဖြစ်သည်ကို သေနတ်ဖြင့် ဝင်ရောက်ဟန့်တားပေးရန်ကြိုးစားခဲ့သည့်ထိုင်းအလုပ်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားကြောင်း ထိုင်းသတင်းဌာတစ်ခုဖြစ်သည့် Khaosod-English တွင်ဖော်ပြထားသည်။ အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ဆိုသည့် မြန်မာနိုင်ငံသားမှ ၎င်း၏အမျိုးသမီးဖြစ်သူအား နာကျင်အောင်ပြုလုပ်ရန်ကြိုးစားသည့်အချိန် အလုပ်ရှင်ဖြစ်သူအသက် ၇၀...

သိန္နီမြို့မဈေးလူသတ်မှု မသင်္ကာသူအဖြစ် MNDAA ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံး

0
သျှမ်းပြည် သိန္နီမြို့မဈေးထဲ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မသင်္ကာသူအဖြစ် ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၂) ရက် ညပိုင်းတွင် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) ၌ ငါးခြောက်ရောင်းချသည့် အသက် (၅၀)...