မိုးနဲမြို့ လောင်းကစားဝိုင်းအတွင်း လက်နက်ကိုင်အချင်းချင်း ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ဟိုနောင်ကျေးရွာနှင့် လွယ်မြေဈေးရောင်းပွဲတော် တို့တွင် ဖွင့်လှစ်ဆော့ကစား နေကြသည့် လောင်းကစားဝိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ရှိလာသည့်အတွက် လောင်းကစားဝိုင်း ပိတ်သိမ်းရန် ညွှန်ကြားကြောင်းသတင်းသိရသည်။

မိုးနဲလောင်းကစားပြန်ပိတ်ထား

မိုးနဲမြို့တွင်း တစ်လကျော်ကြာ ဖွင့်လှစ်လာသည့် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်၌ လောင်းကစားဝိုင်းသို့ အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့မှ ရောက်လာပြီး လုံခြုံရေး တာဝန်ယူနေသည့် SSS ပြည်သူ့စစ် တပ်ဖွဲ့နှင့် စကားများ ရန်ဖြစ်ခဲ့သည်။

ထိုရန်ဖြစ်ပြီးနောက် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့မှ လောင်းကစားဝိုင်းကို ပိတ်သိမ်းရန် ညွှန်ကြားထား သော်လည်း လက်ရှိအချိန်ထိ လောင်းကစားခုံများရှိနေဆဲဟု မိုးနဲမြို့ဒေသခံများက ပြောသည်။

“သေနတ်တွေပါတဲ့ လူတစ်စုက လောင်းကစားဝိုင်းမှာ လာဆော့ပြီးလုံခြုံရေးတာဝန်ယူထားတဲ့ SSS ပြည်သူ့စစ် တပ်ဖွဲ့တွေနဲ့ ရန်ဖြစ်တာ၊ SSS ဘက်က သူတို့ကို လက်သီး နဲ့ စ ထိုးတော့ သူတို့မှာရှိတဲ့ သေနတ်နဲ့ ချိန်ပြီး လောင်း ကစားဝိုင်းက ထွက်သွားတယ်၊ ပစ်ခတ်မှုတော့ မဖြစ်ခဲ့ရဘူး၊ အဲ့ဟာမတိုင်ခင် အရင်နေ့တွေကလည်း ဟိုနောင် လောင်းကစားဝိုင်းမှာ ဓါးနဲ့လိုက်ခုတ်တဲ့အထိ ရန်ပွဲတွေ ဖြစ်ခဲ့တယ်” ဟု မိုးနဲမြို့မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသ့တော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ သေနတ်ကိုင် အုပ်စုနှင့် ခိုက်ရန်ဖြစ်ပွားပြီးသည့်နောက်တွင် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်း များလည်း ပိတ်ထားရကြောင်း ဒေသခံများက ဆက်ပြောသည်။

“ဟိုနောင်မှာ ဖွင့်တဲ့လောင်းကစားဝိုင်းက SSS ပြည်သူ့စစ် တပ်ဖွဲ့က လုံခြုံရေးယူထားတဲ့နေရာဖြစ်တော့ အဲ့လို သေနတ်တွေနဲ့ ချိန်ပြီး ရန်ပွဲဖြစ်ပြီးနောက် လောင်းကစားဝိုင်းကို ပိတ်ထားရတယ်၊ သိမ်းတော့ မသိမ်းသေးဘူး၊ လူကြီးတွေက ပိတ်ထားခိုင်းလို့ ပိတ်တယ်လိုပဲ သိရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ထို့အပြင် ဟိုနောင်ကျေးရွာ လောင်းကစားဝိုင်းမှ ရန်ပွဲဖြစ်ပြီး ပိတ်ထားရပြီးနောက် မိုးနဲမြို့ လွယ်မြေ ဈေးရောင်း ပွဲတော် အတွင်း ဖွင့်ထားသည့် လောင်းကစားဝိုင်းကိုလည်း ဒေသအတွင်းမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS / SSA မှ ပိတ်သိမ်းခိုင်းကြောင်း အသက် ၅၀ ကျော်အမျိုးသမီး ဒေသခံ တစ်ဦးက ပြောသည်။

“လွယ်မြေ ဈေးရောင်ပွဲတော်မှာ ဖွင့်နေတဲ့ လောင်းကစားဝိုင်းကို RCSS/SSA က ပိတ်သိမ်းခိုင်းတယ်လို့ သိရတယ်၊ ဒါပေမဲ့ လောင်းကစားဝိုင်းတွေကို မသိမ်းသေးဘူး၊ ဒိုင်တွေက အထက်လူကြီးတွေနဲ့ သွားညှိနေတယ်တဲ့၊ ညှိလို့ရ ရင် ဆက်ဖွင့်မယ့်သဘောရှိတယ်၊ အခုလည်း ဈေးရောင်းပွဲတော်က မရောက်သေးဘူး၊ လောင်းကစားဝိုင်းက ကြိုဖွင့်နေတာလေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် လွယ်မြေ မှ လောင်းကစားဝိုင်းကို RCSS/SSA တပ်ဖွဲ့မှ ပိတ်သိမ်းခိုင်း ဖြစ်ပြီး ယင်းကဲ့သို့ ပိတ်ခိုင်းသည့်အတွက်လည်း ဒေသခံပြည်သူများက ဝမ်းသာကျေနပ်ကြောင်းလည်း အသက် ၅၀ ကျော်အမျိုးသမီး ဒေသခံတစ်ဦးက ဆက်ပြောသည်။

“လောင်းကစားဝိုင်းတွေ မရှိတော့တာကောင်းတယ်၊ RCSS/SSA ကနေ ပိတ်ခိုင်းတယ်လို့ သတင်းကြားတာနဲ့ ပြည်သူတွေကတော့ ပျော်နေကြတာ၊ လောင်းကစားဝိုင်းရှိရင် ဒေသထဲက မူးယစ်ဆေးဝါးတွေ သူခိုးတွေလည်း လျော့သွားမှာလေ၊ ကျမတို့ မြို့ရွာမှာ လောင်းကစားဝိုင်းကို မရှိစေချင်တာတော့ အမှန်ပဲ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင်လည်း လင်းခေးမြို့နယ် တန်စန့်ကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ ထွေ/ အုပ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို (RCSS/SSA) တပ်ဖွဲ့တို့မှ စစ်အင်အား လာရောက် ပြသပြီးနောက် လောင်းကစားဝိုင်းများ အားလုံး ပိတ်သိမ်းသွားခဲ့ရသည်။

ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်” အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်”ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) ညနေ ၄ နာရီခွဲကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ “တွမ်ကျားကုန်စုံဆိုင်” အတွင်း ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို...

လက်နက်ကိုင်ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၄)ဦး ရုပ်အလောင်း ပြန်တွေ့

0
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)ဉီး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ (၉)ရက် ညပိုင်းတွင် ပြန်တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ရုပ်အလောင်း (၄)လောင်းကို ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ မြောက်ဘက် တောစပ်တစ်နေရာတွင် ဖေဖော်ဝါရီ (၉)ရက်တွင် ပြန်တွေ့ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရွာမြောက်ဘက်...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...
Mong_Nai_Rice_Harvest

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

0
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။