Wednesday, January 28, 2026

နမ္မတူမြို့နယ်

နမ္မတူမြို့နယ်တွင် SNLD နေရာ ၂ ခု မဲနိုင်ထား

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ယှဉ်ပြိုင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ၂ နေရာ မဲနိုင်ထားကြောင်း စုံစမ်းသိရှိရသည်။ နမ္မတူမြို့နယ် ပြည်သူ့ လွှတ်တော် နေရာတွင် SNLD ပါတီမှ နန်းခမ်းအေး နှင့် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) မှ စိုင်းကျော်ညွှန့် တို့ အနိုင်ရရှိသွားကြောင်း...

နမ္မတူမြို့နယ် အတွင်း ဆယ်ကျော်သက် အမျိုးသမီးတဦး မီးရှို့ခံရသည့် အလောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ယနေ့(အောက်တိုဘာ ၁)ရက်တွင် ဆယ်ကျော်သက် အမျိုးသမီး တဦး မီးရှို့ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ မီးရှို့ခံရသည့် အမျိုးသမီး ရုပ်အလောင်းကို နမ္မတူ-လားရှိုးသွားရာလမ်း၊ နမ္မတူမြို့မှ (၇)မိုင်ခန့်ကွာဝေးသည့် ပန်းသပြေ ကျေးရွာ အနီးတွင် တွေ့ရှိကြောင်း ရုပ်အလောင်းကို...

နမ္မတူမြို့နယ်အတွင်း လက်နက်ကြီးကျ အမျိုးသမီး ၁ဦးသေ၊ ၂ဦး ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဝါကျေးရွာ အနီး၌ ယနေ့ မနက်တွင် လက်နက်ကြီးကျကာ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိ၊ တဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ မနက် ၈နာရီ တွင် နမ္မတူမြို့နယ် မန်ဝါကျေးရွာ အနီးတွင် လက်နက်ကြီး ကျကာ အသက် ၂၀...

နမ္မတူမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ ကျေးရွာ အနီးတွင် ယနေ့( နိုဝင်ဘာ ၂၈) ရက် မနက် ၈နာရီ မှစတင်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ မနက် ၈နာရီ တွင် မြန်မာ့တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(...

ဘွဲ့ရ၊ သင်တန်းပြီးပါက နေ့စားလပေး တိုင်းရင်းသားဘာသာစာပေ ဆရာ ဆရာမ များအား အစိုးရဝန်ထမ်းခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရပြော  

အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားသင်ကြားသော နေ့စားလပေး ကျောင်းဆရာများ ဘွဲ့ရ၊ သင်တန်းပြီးပါက အစိုးရဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရကပြောဆို လိုက်သည်။ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ဇွန်လ ၁၁ ရက်နေ့က ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် - နေ့စားလပေး တိုင်းရင်းသားဘာသာ စာပေသင်ကြားသည့် ဆရာ ဆရာမ များအား...

နမ္မတူမြို့နယ်က ကျေးလက်နေအိမ် ၂ လုံး လက်နက်ကြီးကျည်ထိမှန် မီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မိုင်းမုရွာမှာ အစိုးရတပ်နဲ့တပ်ပေါင်းစုတွေကြားတိုက်ပွဲကြောင့် နေအိမ် ၂ လုံးလက်နက်ကြီးကျည်ထိမိ မီးလောင်ပျက်စီးခဲ့ရပါတယ်။ မတ်လ ၂၇ ရက်နေ့လည်ပိုင်းက တပ်ပေါင်းစုခေါ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့်နေအိမ် အပေါ် လက်နက်ကြီးကျည်ကျရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဦးလုံးဆန်ပေါ်ရဲ့နေအိမ်နဲ့ စိုင်းနော်မိန်း - နန်းမွမ်းခမ်းရဲ့နေအိမ်တွေဖြစ်ပြီး လူသူထိခိုက် ဒဏ်ရာရမှုတော့မရှိဘူးလို့သိရပါတယ်။ “ပစ္စည်းတွေဘာတွေတော့ ဘာမှမရလိုက်ဘူး။ စပါးတွေရော၊...

နမ္မတူမြို့အတွင်းတိုက်ပွဲကြောင့် ရွာသား တဦး ကျည်စထိမှန် သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါတိုက်ပွဲသည် မတ် ၂၂ ရက်မှ စတင်ဖြစ်ပွါးကာ ယမန်နေ့ မတ် ၂၃ ရက်ထိ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ...

မြောက်ပိုင်းမဟာမိတ်တပ်နှင့် RCSS တပ်တို့ နမ္မတူမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုဘက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား တိုက်ပွဲကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဘုန်းတော်ကြီးကျောင်းလည်းထိမှန်သည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့မနက်ပိုင်းက နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၀င်များဖြစ်ကြသည့် TNLA တပ် နှင့်...

နမ္မတူမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နို၀င်ဘာလ ၂၀ ရက်ယနေ့မနက် ၆ နာရီမှ ၈ နာရီခွဲကြားတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...

နမ္မတူမြို့နယ်အတွင်း ပစ်ခတ်မှုသံကြောင့် ဒေသခံများ ထိတ်လှန့်

အဘိဓမ္မာအခါတော်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ၂ ရက်အလို နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများကြားရသဖြင့်ဒေသခံများ ထိတ်လှန့်မှုဖြစ်ရကြောင်းသိရသည်။ နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် အောက်တိုဘာလ ၂၂ ည နှင့် ၂၃ ရက်နေ့မနက်ပိုင်းတို့တွင် ပစ်ခတ်တိုက်ခိုက်မှုအသံများကြားရခြင်းဖြစ်ပြီးအဆိုပါဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA...

Latest news