Wednesday, January 28, 2026

ဘွဲ့ရ၊ သင်တန်းပြီးပါက နေ့စားလပေး တိုင်းရင်းသားဘာသာစာပေ ဆရာ ဆရာမ များအား အစိုးရဝန်ထမ်းခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရပြော  

အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားသင်ကြားသော နေ့စားလပေး ကျောင်းဆရာများ ဘွဲ့ရ၊ သင်တန်းပြီးပါက အစိုးရဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမည်ဟု သျှမ်းပြည်နယ်အစိုးရကပြောဆို လိုက်သည်။

နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က ဇွန်လ ၁၁ ရက်နေ့က ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် – နေ့စားလပေး တိုင်းရင်းသားဘာသာ စာပေသင်ကြားသည့် ဆရာ ဆရာမ များအား အစိုးရဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်ပေးမည့်အစီအစဉ်နှင့်ပတ်သက်ပြီးမေးမြန်းရာတွင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက- တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးတဲ့ နေ့စားလပေး ဆရာတွေ ဘွဲ့ရပြီးတဲ့လူဆိုရင် ပညာရေးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ချိတ်ဆက်ပြီးဖွင့်လှစ်ပေးတဲ့ သင်တန်းကို အရင်တက်ရပါမယ်။ ပြီးမှ ကျနော်တို့ ထောက်ခံချက်ပေးပြီးမှသာ အစိုးရဝန်ထမ်းအဖြစ်ခန့်အပ်မှာဖြစ်ပါတယ်- ဟု ဖြေကြားခဲ့ကြောင်းသိရသည်။

ဒီဆရာ ဆရာမ တွေက အများစုက ၉ တန်းအောင် ၁၀ တန်းအောင် အဲလိုတွေဘဲရှိတယ်။ ဘွဲ့ရတဲ့သူကနဲတယ်။ ခံစားခွင့်က နေ့စားလပေး။ တရက်ကို ၄၈၀၀ ကျပ်ဘဲရတယ်။ အလုပ်က တိုင်းရင်းသားဘာသာစာပေအပြင်တခြား ကျောင်းသားတွေကိုထိန်းကျောင်းတာတွေလည်းကူလုပ်ပေးရတယ်။ အလုပ်တွေများတော့ ဆရာမ တွေက မနိုင်မနင်းဖြစ်ချင်သလိုဖြစ်နေတဲ့အနေအထားပေါ့။ စိတ်ဓါတ်ကျချင်လာတယ်အဲလိုတွေဖြစ်လာတယ်။ တကယ်လို့ သူတို့လေးတွေကို ၀န်ထမ်းခန့်လိုက်ရင် သူများတွေလိုခံစားခွင့်တွေရှိလာမယ်လေ။ အဲ့တာကြောင့် ကျမတို့ ဒီမှာလာပြီးဆွေးနွေးရတာဖြစ်ပါတယ်။ ” – ဟု နန်းစံဟွမ်က သျှမ်းသံတော်ဆင့်အားပြောသည်။

တိုင်းရင်းသားဘာသာစာပေ မြှင့်တင်ရေးအတွက် ၂၀၁၆ ခုနှစ်ကစပြီးအစိုးရကျောင်းများတွင် ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေသင်ကြားခွင့်ပြုထားသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် နေ့စားလပေး ဆရာ ဆရာမ ၆၀၀ ကျော်ရှိပြီး ၂၀၁၈-၂၀၁၉ တွင်မူ ဆရာ ဆရာမ ၈၀၀ အထိတိုးလာကြောင်း တရက်လျင် ၄၈၀၀ ကျပ်အစိုးရမှ ပေးကြောင်း သိရသည်။ ဒေသအသီးသီးမှ တိုင်းရင်းသားပြည်သူလူထုနှင့် ကျောင်းသားမိဘများ တွန်းအားပေးတောင်းဆိုမှုကြောင့် ယခုစာသင်နှစ်တွင် ကျောင်းချိန်အတွင်း တိုင်းရင်းသားဘာသာစာပေသင်ကြားခွင့်ရတော့မည်ဖြစ်ကြောင်း၊ တပတ်လျှင် ၂ ချိန်သင်ကြားခွင့်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

0
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...

နမ္မတူမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးကုသရန် ခက်ခဲနေ

0
သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီကျည်စထိမှန်ပြီး ခွဲစိတ်ကုသနေရသဖြင့် ငွေကြေးအခက်အခဲလိုအပ်နေကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ (ဒီဇင်ဘာလ ၂၅ ရက်) တွင် နမ္မတူမြို့နယ်ရှိ ၎င်းတို့နေအိမ်ခြံဝန်းအတွင်းသို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မရွှေရည်လင်း၏ တင်းပါး၌ လက်နက်ကြီးကျည်စထိမှန်ပြီး...

နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅...

နမ္မတူမြို့ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် လယ်သမားများ စားဝတ်နေရေး စိုးရိမ်ရ

0
သျှမ်းပြည် နမ္မတူမြို့နယ် ကျေးရွာအချို့ရှိ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် နောက်လာမည့် နှစ်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမည်ကို လယ်သမားများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ နမ္မတူမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလလယ်၌ လယ်ယာမြေ ဧက ၅၀၀ ကျော် ရေလွှမ်းမိုးမှုကြောင့် စပါးနှင့်...