မြောက်ပိုင်းမဟာမိတ်တပ်နှင့် RCSS တပ်တို့ နမ္မတူမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုဘက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား တိုက်ပွဲကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဘုန်းတော်ကြီးကျောင်းလည်းထိမှန်သည်ဟု သတင်းရရှိသည်။

Photo By Mansam Youth/ မန်စံရွာအတွင်း စစ်ဘေးရှောင်ရွာသားများအားတွေ့ရစဉ်

ဖေဖော်ဝါရီလ ၁၆ ရက် ယနေ့မနက်ပိုင်းက နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၀င်များဖြစ်ကြသည့် TNLA တပ် နှင့် SSPP တို့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားကြောင်း၊ တိုက်ပွဲကြောင့် စိုင်းလေး၊ စိုင်းမြင့် နှင့် စိုင်းမူးအွန်တို့ ဒေသခံ ၃ ဦး အသီးသီးဒဏ်ရာရှိသည့်အပြင် ဘုန်းကြီးကျောင်း၊ ယောဂီကျောင်းဆောင်များ ကျဉ်ထိမှန်ကြောင်း၊ နှစ်ဘက်တပ်သားများလဲ ထိခိုက်ဒဏ်ရာ ရရှိမှုများကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“နားကျိုင်းရွာဘက်မှာ တပ်ပေါင်းစုက ရှိနေတယ်။ RCSS စစ်ကြောင်းဝင်လာတော့ ပစ်ကြတာပေါ့။ ဘယ်အဖွဲ့ က ပစ်လဲတော့မသိဘူး ရွာသားပီစိုင်းလေးဆိုသူ ခြေထောက်ထိမှန်တယ်။ အခု သူ့ကို မန္တလေးဆေးရုံပို့ထားတယ်၊ စိုင်းမူးအွန်ကတော့ သီပေါ ဆေးရုံကိုပို့ဆောင်ထားတယ် “- ဟု ဒဏ်ရာရရှိသူတဦး၏ မိသားစုဝင်တဦးကပြောသည်။အလားတူ မန်စံရွာတောင်ဘက်ရှိ နားကျိုင်းရွာဘက်တွင်တိုက်ပွဲဖြစ်ပွါးရာ ရွာသား စိုင်းမြင့်မှာလည်း ပါးတွင်လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

Photo by Mansam Youth /မန်စံရွာအနီးတွင်ဖြစ်ပွါးသောတိုက်ပွဲအား ကုန်းဖလားတောင်ကုန်းမှတွေ့ရစဉ်

မန်ဟောင်ကျောင်းတွင်တိုက်ပွဲဖြစ်ပွားသောကြောင့် ဘုန်းတော်ကြီးများ၊ ကိုယ်ရင်ငယ်လေးများ၊ ဝေယျာဝစ္စများ ထိပ်လန့်ပြီး စစ်ဘေးစစ်ဒဏ်မှ တိမ်းရှောင်ရကြောင်း၊ စစ်ဘေးရှောင်သူများ ပြောပြချက်အရ သိရသည်။

“မန်စံရွာရဲ့မြောက်ဘက် မန်ဟောင်ကမ္မဌာန်းကျောင်းဘက်မှာလည်း သူတို့ပစ်ကြတယ်လေ။ ညနေပိုင်းမှာပစ်တာ။ ယောဂီကျောင်းဆောင်တွေထိတယ်။ တော်သေးတယ်မနက်ပိုင်းတုန်းကမှ တရားစခန်းပိတ်ရေစက်ချအလှူပြုနေကြတာ။ ခုမန်စံမှာ ရွာသားတော်တော်များများမနေရဲကြတော့ဘူး” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့သည် ပြီးခဲ့သည့်အပတ်ကတည်းကပင် မန်စံရွာ မြောက်ဘက်ဘက်တွင်တိုက်ပွဲကြောင်း၊ တိုက်ပွဲကြောင့် နားဟုတ်ရွာ၊ နာင်ငင်းရွာ ၊ မန်မိုင်၊ ဆာမ်ခါရွာ နှင့် နားငူးရွာ သူရွာသား ရာဂဏန်း စစ်ဘေးစစ်ဒဏ်သင့်ကာ နေရပ်မှ တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်ကူညီသူတဦးကပြောသည်။

၄င်းရွာသားများ အိမ်ထောင်စု ၂၀၀ ခန့်မှာ ပန်ဆပြေဘုန်းကြီးကျောင်း ၊ ပုဗ္ဗါရုံကျောင်း၊ မန်စံရွှေစကားဝါမြောက်ကျောင်း၊ မန်စံကုန်းဖလားကျောင်း၊ မန်စံ တီအားစီဘော်တာဆောင်၊ မိုင်းမုကျေးရွာဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ဘက်တွင်လည်း အဆိုပါတပ်များ တိုက်ပွဲဖြစ်ပွားသောကြောင့်ဒေသခံ ရ၀၀ ထက်မနည်း စစ်ဘေးရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...