Sunday, February 1, 2026

တိုက်ပွဲ

စစ်ကောင်စီဒရုန်းဖြင့်တိုက်ခိုက် ကျောက္ကဆျား ဒေသခံများပြင်းထန်ဒဏ်ရာရရှိ

သျှမ်းတောင်၊ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာတွင် စစ်ကောင်စီမှ ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ရွာသားတစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိိကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ရက်တွင် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်မှ ဒရုန်ဖြင့် ပစ်သဖြင့် ရွာသားများဝိုင်းဖွဲ့ထိုင်နေစဥ် ရွာသားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ "ရွာသားတွေက ထိုင်ပြီး စကားပြောနေကြတာ။ စစ်တပ်က...

လူငယ် ၂၀၀ လျှင် ၁ ဦး စစ်မှုထမ်းရမည်၊ ဧည့်စာရင်းစစ် ဖမ်းဆီးမှုများရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁၄ သန်းနီးပါးရှိပြီး ယခုနှစ် လူငယ် ၂၀၀ လျှင် ဦးနှုန်း စစ်မှုထမ်းရန် ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်)...

မူဆယ်မြို့တွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၊ နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို အလုအယက် ပြုလုပ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ဒေသခံများသည် တရုတ်နှစ်သစ်ကူးပြီးနောက် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို အလုအယက် ပြုလုပ်နေကြကြောင်း စုံစမ်းသိရသည်။ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ ပန်ဆိုင်း၊ မန်ဟီးရိုး၊ မုံးကိုးနှင့် နမ့်ခမ်းမြို့များမှ ဒေသခံပြည်သူများသည် တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီလ ၈/၉ ရက်နောက်ပိုင်း...

စစ်ရေးတင်းမာနေသည့် ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်

ဟိုပုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲ့က ပိတ်ဆန့်ဟန့်တား ခြင်းကြောင့် ဇန်နဝါရီလ...

ဆီဆိုင်မြို့မစျေး စစ်ကောင်စီ လက်နက်ကြီး ကြောင့် မီးလောင်

သျှမ်းပြည် ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့မဈေးတစ်ခုလုံး မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မြို့မဈေး၏ အရှေ့တောင်ဘက်မှ ဆိုင်ခန်းများ စတင်မီးလောင် သွားပြီး တစ်ညလုံးမီးငြိမ်းသတ်နိုင်ခြင်းမရှိကာ...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက် ၁၀ နာရီကျော်က နောင်ချိုမြို့နယ်အတွင်း ပြင်ဦးလွင်-မိုးကုတ် လမ်းမကြီးပေါ်ရှိ ဟိုခို (တောင်)ကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...

ဆီဆိုင်-ဟိုပုံးမြို့နယ်အစပ် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ ပြည်သူ ၂ ဦးသေဆုံး

သျှမ်းပြည် ဆီဆိုင်- ဟိုပုံးမြို့နယ် အစပ် ဆီဆိုင်မြို့နယ် ပဆျားကြိုးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်း...

MNDAA ထိန်းချုပ်တဲ့ ပန်ဆိုင်းမြို့ရဲ့ ကြပ်တည်းမှု

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ နိုဝင်ဘာလ ၂ ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို ရပ်ကွက် ၅ ခုဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန...

ဆီဆိုင်တိုက်ပွဲ ၄ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သူ ၇ သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲ ၄ ပတ် အတွင်း စစ်ဘေးရှောင် ၇ သောင်းကျော်ထိရှိပြီး သေဆုံးမှုများရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။ ထိုစစ်ဘေးရှောင်များသည် တောင်ကြီး၊ဟိုပုံး...

Latest news