ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ယူသည့် လူငယ် ၄ ဦး ပျောက်ဆုံးနေ

သျှမ်းပြည် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ယူသည့် လူငယ် ၄ ဦးသည် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖြစ်စဉ်မှာ ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ် ၃ ဦးသည် စောင်နှင့်အဝတ်အထည်များ ပြန်ယူရန် နေအိမ်ရှိ ဆီဆိုင်မြို့သို့ ပြန်နေစဉ် (ဖေဖော်ဝါရီလ ၁၄ ရက်) တွင် လမ်း၌ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုချိန်မှစပြီး လက်ရှိအချိန်ထိ ၆ ရက်ကြာပြီးဖြစ်သော်လည်း မည်သည့် သတင်းအချက်မှ မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြောင်း ပျောက်ဆုံးသူလူတစ်ဦး၏ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ထွက်ပြေးလာတုန်းက ဘာမှမပါလာခဲ့ဘူးလေ။ အဲ့နဲ့သားက စောင်ပြန်ယူမယ်ဆိုပြီး သူ့သူငယ်ချင်း ၂ ယောက်နဲ့ ဆိုင်ကယ်နဲ့ ပြန်သွားတာ။ အိမ်ရောက်လား၊ မရောက်လားမသိဘူး။ အဲ့ဘက်လည်း ဖုန်းလိုင်း အဆက်သွယ်ပြတ်တော့ သတင်းအစအနလည်းမသိရဘူး။ အခုက ဆီဆိုင်မြို့ထဲဝင်လို့လည်းအဆင်မပြေ။ ဒီကစိတ်တွေပူ၊ ဘာလုပ်ရမှန်း မသိဘူး။ တစ်ရက်လောက် မတွေ့ရရင်မနေနိုင်ဘူး။ ရက်တွေများတော့လည်း ပိုဆိုးတာပေါ့” ဟု ပြောသည်။

ပျောက်ဆုံးနေသည့် လူငယ်များမှာ အသက် ၁၉ နှစ်အရွယ် မောင်အောင်မြတ်ကျော်၊ အသက် ၂၀ နှစ်ကျော် မောင်အောင်ပြည့်စုံနှင့် မောင်ဇာနည်သူ စုစုပေါင်း လူငယ် ၃ ယောက်ဖြစ်သည်။

အလားတူ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာသို့ ပြောင်းတင်ရန် သွားသည့် အသက် ၄၃ ကျော်အရွယ် ကိုဇော်မြင့်ဦးလည်း (ဖေဖော်ဝါရီ ၁၇ ရက်) ညနေပိုင်းတွင် လမ်း၌ ပျောက်ဆုံးသွားခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူ ပြောသည်။

“သူကပြောင်းသွားသယ်တာ။ ကားနှစ်စီးနဲ့သွားတာ။ သူကသယ်ပြီးပြန်လာတဲ့အချိန်မှာ သူ့သူငယ်ချင်းရဲ့ ကားက ဘီးပေါက်လို့ ဆိုက်ခေါက်လမ်းခွဲအထွက်မှာ လာကူဦးဆိုပြီး သူကသွားပြန်ကူတာ။ ကက္ကူနဲ့ကနေ ဆိုင်ကယ်လမ်းကြုံနဲ့ လိုက်သွားပြီး ကားတယာတွေဘာတွေဝယ်ပြီး သူငယ်ချင်းကို လမ်းမှာစောင့် နေခဲ့တယ်ပြောတယ်။ ဖြစ်ချင်တော့ အဲ့ချိန်ကားတွေပေးမဖြတ်တော့ သူ့သူငယ်ချင်းနဲ့ မတွေ့လိုက်ရဘူး။ ဖုန်းလိုင်းလည်း ပိတ်သွားတယ်ပြောတယ်။ နောက်မနက်သူ့သူငယ်ချင်းက သူရောက်တဲ့ နေရာကိုလာချတော့ မတွေ့တော့ဘူး။ ပျောက်သွားတယ်” ဟု ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် ဆိုက်ခေါင်မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီး၊ ကျေးရွာလမ်းငယ်များ နှင့် မွေတော်က္ကူမှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် တောလမ်းများအား အသုံးပြုသွားလာခြင်း မပြုကြသေးရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စစ်မှုထမ်းဉပဒေကို စတင်အသက် သွင်းလာပြီးနောက် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဒေသခံလူငယ်များ ပေါ်တာဆွဲခံရခြင်း ဖြစ်စဉ်များ ရှိနေသည်။

ထို့အပြင်း ပအိုဝ်းပြည်သူ့စစ် PNO က ၎င်းထိန်းချုပ်ရာဒေသအတွင်း တစ်ရွာလျှင် အမျိုးသား ၅ ဦး စစ်မှုထမ်းရန် အမိန့်ထုတ်ထားပြီး စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...