ထိုင်းသံရုံး အွန်လိုင်းတိုကင်သာ လက်ခံ၊ တရားမဝင် လာရောက်ပါက အရေးယူခံရမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားခြင်းများနှင့် ပတ်သက်၍ အွန်လိုင်းတိုကင်စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သတ်၍ သံရုံးရှေ့တွင် လူကိုယ်တိုင် တန်းစီစနစ်အား ဖျက်သိမ်းပြီး ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင်၍ အွန်လိုင်းမှတဆင့် တစ်ရက်လျှင် တိုကင်အခု ၄၀၀ နှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်းသံရုံး ဝက်ဘ်ဆိုဒ်မှ အွန်လိုင်းစနစ်ဖြင့် ဗီဇာလျှောက်ထားရန် ရက်ချိန်းယူသည့်အခါ လျှောက်ထားသူသည် အီးမေးလ်လိပ်စာ၊ နိုင်ငံကူးလက်မှတ်တွင် ပါရှိသည့်အတိုင်း လူအမည်နှင့် ပတ်စပို့နံပါတ် တူညီပြီး မှန်ကန်ရမည်ဟု ဆိုထားသည်။

အွန်လိုင်းစနစ်ဖြင့် ဗီဇာလျှောက်ထားရန် ပက်စပို့နံပါတ် တစ်ခုအတွက် တစ်ကြိမ်သာ လျှောက်ထားနိုင်ပြီး တခြားသူထံသို့ လွှဲပြောင်းအသုံးပြုခြင်း ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်ပါက အရေးယူခံရမည်ဟုလည်း ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်က သတိပေးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရေးသားထားသည်။

“ထိုင်းနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ လာရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် လာရောက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာပါ။ ဒါတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆွေးနွေးထားပြီး ဖြစ်ပါတယ်”ဟု ထိုင်းဝန်ကြီးချုပ်က ဘန်ကောက်ပို့စ် သတင်းကို ပြောသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်တွင် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်ရန် ထိုင်းသံရုံးသို့ ဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံသား အရေအတွက်သည် အလွန်များပြားလျက်ရှိကြောင်း ဗီဇာလျှောက်ထားသူများထံမှ သိရသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီတပ်နှင့်အပြိုင် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးတို့မှ တပ်သားသစ် စုဆောင်းမှုများလည်း ရှိလာခြင်းကြောင့် လူငယ်များမှာ ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ထိုင်းနိုင်ငံ သွားမည့်သူများကို ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ SSPP တပ်ဖွဲ့မှ ပိတ်ပင်ဖမ်းဆီးလျက်ရှိကာ မိသားစုလိုက် နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာများကို သိမ်းဆည်းမည်ဟုလည်း RCSS တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လာသည်။

စစ်ကောင်စီဘက်မှလည်း နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင် နေသူများအနေဖြင့် စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်သော်လည်း ပညာသင်ကြားမှု ပြီးဆုံးချိန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးချိန်တွင် သတ်မှတ်ကာလ ပြီးဆုံးသည့်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...