ဟိုပုံးမြို့နယ်တိုက်ပွဲအတွင်း PNO အလောင်း ၅ လောင်းတွေ့ ၊ နေ့အိမ် ၁၀ လုံးခန့် ပျက်စီး

သျှမ်းပြည် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွဲခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀) ရက် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ လက်နက်ကြီး၊လေကြောင်းများ အသုံးပြုကာ PNLA စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ယမန်နေ့ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီးကြောင့် ကျောက္ကဆျာႏကျေးရွာရှိ ပြည်သူနေအိမ်များ ၁၀ လုံးခန့် ထိခိုက်ပျက်စီးမှုရှိကြောင် PNLA မှ ထုတ်ပြန်ထား သည်။

“မနေ့က PNO တွေထိခိုက်တာတွေရှိတယ်။ဆေးရုံပို့တာတွေ လည်းရှိတယ်။စငေါဝ်းရွာတွေမှာလည်း ပြည်သူတွေ လက်နက်ကြီးကြောင့် ထိခိုက်တာ သေတာတွေလဲ ရှိတယ်သေချာမသိဘူးပြေးကုန်ပြီလေ။ မနေ့ကလဲတနေကုန် ပစ်သံတွေကြားနေရတယ်လေ ညတွေလဲ အသံတွေကြားနေရတာ။”ဟု အသက် ၄၀ ခန့်‌ အမျိုးသာတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ယမန်နေ့တွင် စစ်ကောင်စီမှ လေယာဉ်ကြောင်းဖြင့် ပစ်ခတ်မှုများ၊ ဒရုန်းများနှင့်လည်း ပြန်ဝဲမှုများ ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ်ရှိ ကျောက္ကဆျာႏကျေးရွာ၊ပုံးအယ်ရွာနှင့် စသည့် ကျေးရွာများရှိ ပြည်သူဒေသခံများ စိုးရိမ်ကြောင့်လန့်ကာ တောင်ကြီးမြို့၊ဟိုပုံးမြို့တို့တွင် ထွက်ပြေး တိမ်ရှောင်နေကြရကြောင်း သိရသည်။

“ထွက်ပြေးနေတာ ၅ ရွာထပ်မနည်းဘူး။မနေ့က ပြေးကြတာပေါ့။ရွာထဲကို လက်နတ်ကြီးကြတယ်လေ။ ရွာနားမှာလဲ PNLA တွေရှိတယ်တော့ ရွာသားတွေလဲပြေးတာပေါ့။မနေ့က ပုံးအယ်နဲ့ ကျောက္ကဆျာႏရွာတွေ တိုက်ပွဲတွေဖြစ်နေတာပေါ့ သေနတ်သံတွေကြားနေရတယ်လေ။ရွာထဲကပြေးနေတာလည်း လူတောင် သိမ်မရှိတော့ဘူး။ကားရှိတဲ့လူကလည်း မြို့မှာရှိတဲ့ အမျိုးအိမ်တွေမှာ သွားထားကြပြီး။”ဟု အသက် ၄၀ ခန့်‌ အမျိုးသာတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့သည် ဟိုပုံးမြို့အနီးရှိ ထမ်စမ်းဂူအနီးတွင် လက်နက်ကြီး ၅၇ ကြိမ်ပစ်ခတ်ခဲ့ကြောင်း PNLA ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀) ရက်တွင် PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ ပြန်ရရေး မိုင်းဆတ်မြို့ အခြေစိုက် စကခ (၁၄) လက်အောက်ခံ ခလရ (၄၉) နှင့် ခလရ (၂၇၇) တပ်များ ရွှေညောင်မြို့ရှိ ထောက်ပို့တပ်တွင် စစ်လက်နက် ပစ္စည်းများ ထုတ်ယူပြီး အသင့်စောင့်ဆိုင်းနေသည်။

ထို့အပြင် ဟိုပုံး၊ ဆီဆိုင် ထိုးစစ် အတွက် သျှမ်းတောင်နှင့် သျှမ်းအရှေ့ရှိ ၀မ်ဆင်း ခလရ (၂၈၇)၊ နောင်ဝိုး ခလရ (၂၉၂)၊ တာဆန်း ခလရ (၂၉၄)၊ တာကော် ခလရ (၂၉၆)၊ ကျိုင်းခမ်း ခမရ (၅၁၀)၊ မိုင်းကိုင် ခလရ (၅၁၄) တပ်များ စုဖွဲ့ ပြင်ဆင်နေသည်ဟု စစ်ရေး သတင်းအရင်းမြစ်က ပြောသည်။

မြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တပ်သား အများအပြား သေဆုံးပြီး အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း PNLA က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...