သျှမ်းတောင်တိုက်ပွဲ ၁ လအတွင်း အရပ်သား ၃၀ ကျော်သေဆုံး၊ ၅၀ ခန့် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ မဟာမိတ်ပူးပေါင်း တော်လှန်းတပ်ပေါင်းစုများနှင့် စစ်ကောင်စီတို့အကြား ၁ လအကြာ တိုက်ပွဲကြောင့် အရပ်သား ၃၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ခန့် ရှိကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် စစ်ရှောင်

ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က ပစ်ဆို့ဟန်းတား စစ်ဆေးမှုကြောင့် (ဇန်နဝါရီလ ၂၁ ရက်)တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် ၁ လအကြာ ကလေးငယ်အပါအဝင် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီးကလေးငယ် ၄ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ကလေးငယ်အပါအဝင် အမျိုးသား ၂၆ ဦးနှင့် အမျိုသမီး ၁၃ ဦးအထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization ၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးမှုများတွင် စစ်ကောင်စီမှ ဦးတည်ရာမဲ့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် သတ်ဖြတ်မှုများကြောင့် အရပ်သားများ သေဆုံးရကြောင်း လူ့အခွင့်အရေးလေ့လာစောင့်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံး ခွန်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်၊ လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် ဦးတည်ရာမရှိဘဲ ရုတ်တရက် ရမ်းသမ်းခတ်မှုကြောင့် ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အထူးသဖြင့် ဒေသခံသေဆုံးရမှု မြင့်နေတာ တွေ့ရပါတယ်။ နောက်တစ်ခုက သေဆုံးမှုတစ်ဝက် စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် သေဆုံးကြရတာကို တွေ့ရပါတယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၇၁ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄၁၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် ၆၇ လုံး ပျက်စီးသွားပြီး ဘာသာရေးအဆောက်အအုံ ၁၂ ဦး အထိပျက်စီးသွားခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့အတူ ဆီဆိုင်မြို့နယ်တိုက်ပွဲကြောင့် မိမိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဦးရေစုစုပေါင်း ၈ သောင်းကျော်အထိ ရှိလာပြီး ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောတောင်အတွင်း ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့တွင်တိုက်ပွဲပြင်းထန်နေလျက်ရှိသောကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်သို့ပြန်ရန် မသင့်တော်သည့် အချိန်ဖြစ်သကဲ့သို့ အွန်လိုင်းပေါ်မှ ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းမှားတွေကို သေချာစီစစ်ပြီး သတိပြုရန်လိုအပ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ တိုက်တွန်းထားသည်။

“ဒေသခံလူထုများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တာဝန်ရှိလူများမှ နေရပ်သို့ ပြန်နိုင်ပြီဖြစ်ကြောင်း ဟူသည့် ထုတ်ပြန်ကြေညာချက်များ တစုံတရာ မရှိနေသေးသမျှကာလပတ်လုံး မိမိနေရပ်သို့ အကြောင်းအမျိုးမျိုးဖြင့် ခေတ္တပြန်ခြင်းဖြစ်စေ၊ ပြန်လည်အခြေချခြင်းဖြစ်စေ မပြုလုပ်ကြရန်နှင့် မလိုလားအပ်သော ထိခိုက်နစ်နာသေဆုံးမှုများ မဖြစ်ပေါ်စေရန်အတွက် သတင်းတုသတင်းမှားများနှင့် စပ်လျဉ်း၍လည်း အထူးသတိချပ်ရန် လိုအပ်ပါတယ်” ဟု ခွန်ဦးက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီသည် ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့သို့ ထိုးစစ်အတွက် သျှမ်းတောင်နှင့် သျှမ်းအရှေ့ရှိ ဝမ်ဆင်း ခလရ (၂၈၇)၊ နောင်ဝိုး ခလ၇ (၂၉၂)၊ တာဆန်း ခလရ (၂၉၉)၊ တာကော် ခလရ (၂၉၆)၊ ကျိုင်းခမ်း ခမရ (၅၁၀)၊ မိုင်းကိုင် ခလရ (၅၁၄) တပ်များစုဖွဲ့ပြင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ၌ သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...