တိုက်ပွဲ
လားရှိုးမြို့တွင် ရှော့တိုက်ဒုံးကျ ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသဖြင့် ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၁၀ )ရက် နံနက် ၆ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၉)၊ ဘူတာရုံသံလမ်းဘေးသို့...
နောင်ချိုမြို့နယ် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီဒုံးတပ် (၆၀၆) တွင် တိုက်ပွဲဆက်လက်ပြင်းထန်
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တစ်ခုတည်းကျန်ရှိသည့် အမြောက်တပ် (ဒုံးတပ်) ၆၀၆ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို TNLA ၊...
လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်သူများ ကားပိတ်မှုနှင့် တောလမ်းအခက်အခဲများ ကြုံနေရ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များသည် တောလမ်းကို အသုံးပြုသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၃ ရက်မှ စတင်၍ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများအကြား မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံများ နေ့စဉ် ကားရာနှင့်ချီ...
တောတောင်ထဲရောက် ပင်လောင်း စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ဆေးဝါးလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက်ရှိ တောတောင်ထဲတွင်ရှောင်နေရသော စစ်ဘးရှောင်များသည် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် မိုးကာများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် ဆောင်းပြောင်း၊ နမ်းနိန်း၊ တောင်စလုံး၊ မြောက်စလုံး ဒေသခံများဖြစ်ပြီး၊ ယင်းစစ်ရှောင်များသည် တိုက်ပွဲမဖြစ်သည့်ကျေးရွာများတွင် ဆွေမျိုးများမရှိသည့်အပြင် ဘုန်းကြီးကျောင်းများတွင်လည်း ထပ်မံပြီး လက်မခံတော့သောကြောင်း တောထဲတွင်တဲထိုးပြီး ရှောင်နေရကြောင်း စစ်ရှောင်တစ်ဦးက...
ဆောင်းပြောင်း စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်နှစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာတွင် စစ်တပ်လက်နက်ကြီးနှင့် ဒရုန်းကြောင့်ကလေးငယ်အပါအဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယခုလ ဇူလိူင်လ ၅ရက်တွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်ခြင်းကြောင်း ဆောင်းပြောင်းရွာနေ အသက်၆နှစ်အရွယ် ခွန်ဗီနိုနှင့် ဘုရားတောင်အနီးတွင် စစ်ရှောင်နေသော နန်းထူလည်း ဒရုန်းဗုံးထိမှန်ခြင်းကြောင်းသေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ခွန်ဗီနိုက ဝမ်းဗိုက်ကိုထိတာ ။အဲဒဏ်ရာနဲ့ဘဲ ဆုံးတာ။သူကငယ်လည်းငယ်သေးတယ်။စိတ်မကောင်းဘူး။နန်းထူက သူက ခန္ဒာကိုယ်အနှံ့ဘဲ ဗုံးအစ စင်တာ...
မိုးမိတ် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ
သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF...
လားရှိုးမြို့ အထပ်မြင့် တိုက်များပေါ်တွင် စစ်ကောင်စီတပ် စနိုက်ပါများ ဖြန့်ကျက် ခံစစ်ပြင်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အထပ်မြင့် တိုက်များနှင့် အမြင့်ပိုင်း တောင်ကြောများပေါ်တွင် စစ်ကောင်စီတပ်က စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက်ထားကြောင်း စစ်ရေးသတင်းရင်မြစ်က ယနေ့ (ဇူလိုင်လ ၈ ရက်) တွင်ပြောသည်။ ယမန်နေ့ ညပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လာရှိုးမြို့စောင့်တပ်...
မိုင်းရယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၇ ရက်) နေ့လယ် ၂ နာရီခွဲကျော်မှ စတင်ပြီး ည ၇ ကျော်အထိ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း လွယ်ဟိုတုံးတောင်ပေါ်တွင် စခန်းချ...
လားရှိုးမြို့စောင့်တပ် ခမရ (၅၀၇) ကို MNDAA စီးနင်း၊ စစ်ကောင်စီ အတွဲလိုက်ဒုံးများပစ်ခတ် တုန့်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့စောင့်တပ် ဖြစ်သည့် ခမရ (၅၀၇) တပ်ရင်းကို ယနေ့ (ဇူလိုင်လ ၇ ရက်) ညပိုင်းတွင် ကိုးကန့်တပ်-MNDAA ဝင်ရောက်စီးနင်း တိုက်ခိုက်နေသဖြင့် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက အတွဲလိုက်ဒုံများ အသုံးပြု ပစ်ခတ် တုန့်ပြန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယနေ့ ညနေပိုင်းမှ...
လားရှိုးမြို့အနီး တိုက်ပွဲပြင်းထန်၊ မြို့ကို စစ်ကောင်စီ အလုံးစုံ ပိတ်ဆို့လိုက်၍ ပြည်သူအများအပြား ပိတ်မိနေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အနီး ယနေ့ (ဇူလိုင်လ ရ ရက်) နေ့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့ကို အလုံးစုံ ပိတ်ဆို့လိုက်သဖြင့် ပြည်သူ ထောင်ပေါင်းများစွာ ပိတ်မိနေကြောင်း မြို့ခံများက ပြောသည်။ ယနေ့ မွန်းလွဲပိုင်းမှ...





