တိုက်ပွဲ
စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၃ဦး သေဆုံး
SHAN -
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုကြောင့် မြန်မာတဝှမ်း စက်တင်ဘာလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးပြီး၊ ၆၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်သည်။ အဆိုပါ သေဆုံးသွားသည့်သူများသည် သျှမ်းပြည်နယ်အတွင်း ၂၁ဉီး ဖြစ်ပြီး အများဆုံးဖြစ်ကြောင်း လည်း BWU ၏ စက်တင်ဘာ ၄ရက်ထုတ်ပြန်ချက်တွင်...
ရပ်စောက် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်၊ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ သံဃာနှစ်ပါး ဒဏ်ရာပြင်းထန်
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ ပေါက်ကွဲခဲ့ခြင်းကြောင့် သံဃာ(၂)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုရှိ ရတနာပုံ အရှေ့ရွာနှင့် အနောက်ရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ...
သီပေါ အမျိုးသားနှစ်ဉီး လက်ပစ်ဗုံး အိမ်သယ်လာ ပေါက်ကွဲ ဒဏ်ရာပြင်းထန်
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် ခလရ-(၁၄၇) တပ်ရင်းအနီး တွေ့ရှိခဲ့သည့် လက်ပစ်ဗုံး အိမ်ယူပြန်ရာမှ ပေါက်ကွဲပြီး အမျိုးသား(၂) ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၅) ရက်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာနေ အသက်(၃၂)နှစ်အရွယ် စိုင်းလူ သည်...
သီပေါမြို့ နေ့နေ့ညည စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရ
သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၀) ခုကျော်မှ စစ်ဘေးရှောင် (၁၅၀၀) ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ သီပေါမြို့ပေါ် ရပ်ကွက်များသို့ ညဦးပိုင်းနှင့် လူအိပ်မောကျချိန်...
ပင်းလောင်းမြို့ တိုက်ပွဲများ ပြန်ဖြစ်ပွား
သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားသဖြင့် ဒေသခံများနေရပ်မပြန်ရသေး တောထဲတွင် တဲထိုးနေရကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာ တကြောတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ယမန်နေ့ ( အောက်တိုဘာလ ၁ ရက်) နေ့ထိ...
သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...
မိုးမောက်မြို့ တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်
ကချင်ပြည် မိုးမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၄) ရက်မှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မိုးမောက်မြို့ရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ပြန်လည်ရရှိရန်...
လားရှိုးမြို့ပေါ် စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ အရပ်သား ၁၀ ဦးထက်မနည်းဒဏ်ရာရ၊ ၁ ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ ( MNDAA )ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းသို့ စစ်ကောင်စီမှ ပေါင် (၅၀၀) ဗုံး ၄ လုံးထပ်မံကြဲရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိ၊ ၁ ဦး သေဆုံးမှုကြောင်း စုံစမ်းသိရသည်။
ပင်လောင်းမြို့နယ် တိုက်ပွဲမရှိ စစ်ကောင်စီ တဖက်သတ်ပစ်ခတ်နေ၊ အရပ်သားတစ်ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီသည် စက်တင်ဘာ ၁၇ရက်တွင် ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအတွင်းသို့ တဖက်သတ်ပစ်ခတ်ပြီးနောက် အသက် ၃၀ အရွယ်ရှိ...
မိုင်းပျဉ်းမြို့နယ် RCSS ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ် လာရောက်တိုက်ခိုက်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် (၁၁) နာရီကျော်တွင် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း(ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်...





