တိုက်ပွဲ
မိုင်းကိုင်မြို့ပေါ်ထိ လက်နက်ကြီးသံ ကြားနေရ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အနီး လက်နက်ကြီးသံ ကြားရသည့်အတွက် ကျောင်းသွားတက်နေသည့် ကျောင်းသားများ နေအိမ်သို့ ပြန်လာရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၁)ရက် မနက်ပိုင်းချိန်မှာ မိုင်းကိုင်မြို့အနီး လက်နက်ကြီးသံ ကြားရသည့်အတွက် မိုင်းကိုင်မြို့ပေါ်တွင် သွားလာမှု မရှိဘဲ တိတ်ဆိတ်နေကာ ဒေသခံပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ ကျောင်းပို့ထားသည့် ကျောင်းသားများကို နေအိမ်သို့...
ဆိုက်ခေါင်စံပြကျေးရွာ စစ်ရှောင်များအတွက် နေရာ စီစဉ်ပေးထား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် ကရင်နီပြည်ဘက်မှ စစ်ရှောင်များအတွက် နေရာ စီစဉ်ပေးထားကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက်ပိုင်းကစပြီး လွိုင်ကော်တို့ဘက်က စစ်ရှောင်တွေရောက်လာတယ်၊ ကျနော်တို့ စီစဥ်ထားတဲ့ နေရာမှာ ရောက်လာတဲ့ စစ်ရှောင်တွေက ၅၀ ကျော် ဝန်းကျင်လောက်ရှိပါတယ်” ဟု ဆိုက်ခေါင်စံပြကျေးရွာ ရပ်မိရပ်ဖ ကော်မတီဝင် ခွန်ကျော်ဇေယျက...
ပင်လောင်းမြို့နယ် နောင်တရားရောက် စစ်ရှောင်များ စားဝတ်နေရေးနှင့် စောင်များ လိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်များအတွက် စားဝတ်နေရေး နှင့် စောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၉)ရက်တွင် အာဏာသိမ်း စစ်ကောင်စီမှ ကရင်နီပြည် လွိုင်ကော်မြို့အနီး ပတ်ဝန်းကျင်တွင် ရဟတ်ယာဉ်သုံး ပစ်ခတ်မှုကြောင့် ကရင်နီပြည်သူ ထောင်ချီသည် သျှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးလာကြသည်။ ထိုထွက်ပြေးလာသူများသည် သျှမ်းတောင်...
သျှမ်းတောင် တောင်ကြီးခရိုင်ရောက် စစ်ရှောင်များ အစားအသောက် အရေးပေါ်လိုအပ်
ကရင်နီပြည်မှ စစ်ရှောင်လာသည့် ပြည်သူများသည် သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းသို့ တိမ်းရှောင်ရောက်ရှိလာပြီး အစားအသောက်များ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ စစ်ရှောင်များကို တောင်ကြီးမြို့ပေါ်ရှိ TBC ကားကြီးဝင်းအတွင်း ထားရှိပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်းတွင်လည်း စစ်ရှောင် အများအပြား ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။ “ခုလောလောဆယ် စစ်ရှောင် စာရင်းအတိအကျ...
လဲချားမြို့သို့ ဆန်နှင့် စားနပ်ရိက္ခာ သယ်လာသည့် ယာဥ်များထံ စစ်ကောင်စီ ငွေကြေး ကောက်ခံ
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်သည့် အနေဖြင့် မြို့ပေါ်သို့ ဆန်နှင့် စားနပ်ရိက္ခာတချို့ သယ်လာသည့် ပြည်သူ့ယာဥ်များထံ စစ်ကောင်စီတပ်သားများက ငွေကြေးကောက်ခံနေကြောင်း သတင်းသိရသည်။ တိုင်ရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းကိုင်မြို့နှင့် နီးစပ်သည့် လဲချားမြို့ နယ်မှ တက်မောက်ကျေးရွာ၊ ဟိုလုမ်းကျေးရွာ၊ နမ့်လေကျေးရွာမှ ပြည်သူများသည်...
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်မယ်ခုံရွာ အမျိုးသမီးတစ်ဦး သေဆုံ
ကရင်နီ (ကယားပြည်) တွင် ယမန်နေ့ (ဇန်နဝါရီ ၉)ရက်တွင် အာာဏာသိမ်း စစ်ကောင်စီ မှ လေကြောင်းဖြင့် တိုက်ခိုက်ကာ ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံကျေးရွာတွင် ပြည်သူပိုင် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးပြီး အသက် ၅၅ နှစ် အရွယ်ရှိ အမျိုးသမီး သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ...
တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေ
သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ် အကြားရှိ ဒေသခံ အများအပြားသည် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။ “မနေ့က ထွက်လာကြတာ၊ တိုက်ပွဲဖြစ်မှာ ကြောက်လို့ ကြိုတင်ပြေးလာတာ၊ ရွာမှာ အိမ်စောင့်နဲ့ ကျွဲနွားကြည့်ဖို့ လူနည်းနည်းပဲ ရှိတော့တယ်၊ တစ်ရွာလုံး ဆိုရင် ၃ ပုံ ၁...
ဟဲဟိုးမြို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီမှ အင်းအားအများအပြား ချထား
သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ယနေ့ (ဇန်နဝါရီလ ၁၀ )ရက်တွင် စစ်ကောင်စီမှ အင်အား အများအပြား ချထားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉ )ရက် ည ၁၁ နာရီကျော် ဝန်းကျင်တွင် ဟဲဟိုးမြို့ အနောက်ဘက်နှင့် အင်းထိပ်ခေါင်မယ်တို့ဘက်တွင် ပေါက်ကွဲသံနှင့်...
ကရင်နီဘက်မှ လာသည့် စစ်ရှောင်များ ဟိုပုံး ပအိုဝ်းမတောင်တွင် ပိတ်မိနေ
SHAN -
ကရင်နီပြည်မှ သျှမ်းတောင်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် ယနေ့ (ဇန်နဝါရီ ၉)ရက် လက်ရှိအချိန်ထိ တောင်ကြီးမြို့ထဲသို့ ဝင်ခွင့်မရဘဲ ဟိုပုံး ပအိုဝ်းမတောင်တွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့မှ လာသည့် စစ်ရှောင်ပြည်သူများသည် ယနေ့ (ဇန်နဝါရီ ၉)ရက် လက်ရှိအချိန်ထိ ဟိုပုံး ပအိုဝ်းမတောင်တွင် ရပ်ခိုင်းထားပြီး...
တောင်ကြီးမြို့ အိမ်ရှင်တချို့ အိမ်ငှားခ ငွေအဆမတန် တောင်းနေ
သျှမ်းတောင် တောင်ကြီးမြို့ပေါ်ရှိ တချို့ အိမ်ရှင်များသည် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင်များထံ အိမ်ငှားခငွေ အဆမတန် ပိုတောင်းနေကြောင်း စုံစမ်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီ အုပ်စု က ရဟတ်ယာဉ်၊ တိုက်လေယာဉ် ၊တင့်ကား တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် သျှမ်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာကြ...






