Friday, January 30, 2026

တိုက်ပွဲ

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

“ဒီဖြစ်ရပ်တွေက ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်ပါ၊ တွေးမိတိုင်း အရမ်းဝမ်းနည်းတယ်၊ ငိုမိတယ်၊ ဒီလိုအကြောင်းတွေကို ပြန်ပြီးပြောပြဖို့က ကျမအတွက် အရမ်းကိုခက်ခဲတယ်ရှင့်” လို့ ရှိုက်ငိုသံနဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ နမ့်မန်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။ နမ့်မန်းကျေးရွာဟာ ကျောက်မဲမြို့ကနေ ၁၃...

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့အတွက် ဆေးဝါး ပစ္စည်းလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အပါအဝင် အနီးတဝိုက်ရှိ စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဆေးကုသပေးနေသည့် ကျန်းမာရေးအဖွဲ့သည် ဆေးဝါးဆိုင်ရာပစ္စည်းများလိုအပ်နေကြောင်း သတင်းသိရသည်။ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်နေသော အဖွဲ့များ လက်ရှိတွင် အရေးပေါ်သုံး ဆေးဝါးများနှင့် ထောက်ပံ့မှုများ လိုအပ်နေကြောင်း အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့အဖွဲ့ဝင်တချို့က ကျန်းမာရေးဌာနက...

သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြုပြင်ရန် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ထိခိုက် ပျက်စီးသွားသည့် အရပ်သားနေအိမ်များ ပြန်လည် ပြုပြင်မွမ်းမံရန် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ၏ ဂို‌ဒေါင် အပါအဝင် နေအိမ် (၉)အိမ် လက်နက်ကျည်စ ထိမှန်ကာ ပျက်စီးသွားသဖြင့် လက်ရှိမှာ ပြန်လည်ပြုပြင်ရန်အတွက် အခက်ခဲဖြစ်နေပြီး...

မိုင်းကိုင် စစ်ရှောင် (၁၃၀)ကျော်အတွက် အလှူရှင်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များ (၁၃၀)ကျော် ကျန်ရှိနေပြီး အလှူရှင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒီဇင်ဘာ (၈)ရက်က ကျေးရွာ (၄)ရွာ ထွက်ပြေးလာရပြီး ယနေ့ချိန်ထိ ကျေးရွာ (၂)ရွာမှ ဒေသခံများ မပြန်နိုင်သေးကြောင်း ဟမ်းငိုင်းကျေးရွာဒေသခံ...

လားရှိုးမြို့နယ်အတွင်း ပစ်ခတ်မှု ဖြစ်ပွား၊ နေအိမ်ထိခိုက်ပျက်စီးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ရပ်ကွက် ၁၂ တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညပိုင်းတွင် ပစ်ခတ်သံ များကြားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သေနတ်ပစ်သံတွေရော၊ လက်နက်ကြီးသံတွေရော ကြားရတယ်၊ မိနစ် ၂၀ လောက်တော့ ကြာတယ်၊ ညအချိန်ကြီးဆိုတော့ ဘယ်သူနဲ့ ဘယ်သူပစ်မှန်း မသိရဘူး၊...

မိုင်းကိုင်မြို့နယ် တိုက်ပွဲပြန်ဖြစ်၊ ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဟမ်းငိုင်းကျေးရွာအုပ်စု အနီး လက်နက်သံကြားရသဖြင့် ဒေသခံ (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ရသည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၈)ရက် မနက်ပိုင်းမှ စတင်ပြီး လက်နက်သံကြားရသဖြင့် ဟမ်းငိုင်းကျေးရွာအုပ်စု အနီး ကျေးရွာ (၄) ရွာမှ ဒေသခံများ...

ကျောက်မဲ မိုင်းနင်းမိ တစ်ရက်တည်း ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) တစ်ရက်တည်း မိုင်းနင်းမိမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ကျောက်မဲမြို့နယ် ပန်ဆန် ကျေးရွာနှင့် မန်ပင့်ကျေးရွာဒေသခံတို့ မိုင်းနင်းမိခဲ့တာဖြစ်ပြီး ပန်ဆန် ဒေသခံ တစ်ဦးနှင့် မန်ပင့် ဒေသခံ...

ကျောက်မဲ စစ်ရှောင် (၇၀၀)ဝန်းကျင် အတွက် အနွေးထည် နှင့် စောင် လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်(၇၀၀)ဝန်းကျင် အတွက် အနွေးထည် နှင့်စောင် လိုအပ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် စစ်ဘေးရှောင် ထောင်ချီရှိခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးကာ စားနပ်ရိက္ခာများ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူက ပြောသည်။ “ခုက ဆောင်းဝင်ပြီ၊ အရမ်းလည်း အေးလာပြီဆိုတော့ အနွေးထည်တွေ အဓိက...

တိုက်ပွဲကြားက ပေါက်ဖွားလာတဲ့ “ဝမ်တင်းလီ” ကျေးရွာ

မြေနီလမ်း ဘေးမှာ ဝါးကပ်တွေနဲ့ တည်ဆောက်ထားပြီး တချို့အိမ်က သက်ကယ်မိုး၊ တချို့အိမ်က သွပ်ပြားနဲ့မိုးထားတဲ့ အိမ်သစ်တွေ အစီအရီ နေရာယူထားပါတယ်။ အဲဒီအိမ်တွေက ရွာတန်းရှည်ပုံစံနဲ့ နေရာ ယူထားပြီး ရွာပတ်ဝန်းကျင်က လှပ တိတ်ဆိတ် နေပါတယ်။ အဲဒီ ကျေးရွာလေးကတော့ လဲချားမြို့နယ် လဲချား-မိုင်းနောင် ကားလမ်းပေါ်မှာ တည်ရှိတဲ့...

လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ် ဒေသခံများ ထွက်ပြေးနေရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများသည် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် အီနိုင်းကျေးရွာအတွင်း တပ်စွဲ စခန်းချနေသည့် စစ်ကောင်စီတပ်စခန်းကို ကိုးကန့် တပ်မတော် MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...

Latest news