တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဆန်နှင့် စားနပ်ရိက္ခာတချို့ မြို့ထဲသို့ သယ်ဆောင်

သျှမ်းတောင် မိုင်းကိုင်မြို့နယ် တိုက်ပွဲနှင့် နီးစပ်နေသည့် လဲချားမြို့နယ်ရှိ ကျေးရွာတချို့မှ ဒေသခံများသည် စားနပ်ရိက္ခာများကို မြို့ထဲသို့ ပို့ဆောင်သိမ်းဆည်းနေကြကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းကိုင်မြို့နယ်နှင့် နီးစပ်နေသည့် လဲချားမြို့နယ် တက်မောက်ကျေးရွာ၊ ဟိုလုမ်းကျေးရွာ၊ နမ့်လေကျေးရွာ တစ်ကြောသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာများ မြို့တွင်းသို့ သယ်ဆောင်သွားရခြင်းဖြစ်ကြောင်း တက်မောက်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ဒီ ၂ ရက် ၃ ရက်က အခြေနေ သိပ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ ရွာဘက်ကဒေသခံတွေ ဆန်တွေ စားနပ် ရိက္ခာတွေ မြို့ထဲ သယ်သွားကြတယ်” ဟု တက်မောက်ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်ရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နှင့် (၁၅)မိုင်သာ ဝေးကွာသည့်အတွက် မိုင်းကိုင်မြို့ပေါ်ရှိ ဒေသခံများလည်း စိုးရိမ်နေကြကြောင်း သိရှိရသည်။

“လက်ရှိ ရိက္ခာတွေ သယ်နေတဲ့ ဒေသခံရွာတွေကလည်း မိုင်းကိုင်မြို့နယ်နဲ့ တအားနီးတယ်။ အဲ့တော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြတယ်။ ဒီနေ့ပါရင် (၃)ရက်လောက်ရှိပြီ သယ်နေကြတာ။ မနေ့ကလည်း တစ်နေကုန်ပဲ နေ့ကော ညကော သယ်နေကြတာ” ဟု လဲချားဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်တချို့လည်း လဲချားမြို့နယ်ရှိ ဆွေမျိုးများနေအိမ်သို့ လာရောက် ခိုလှုံသည့် သူများလည်းရှိကြောင်း သိရှိရသည်။

အလားတူ လက်နက်ကိုင်တိုက်ပွဲကြောင့် ကျေးသီးမြို့နယ်အတွင်းရှိ ဒေသခံတချို့သည် လဲချားမြို့နယ်အတွင်းသို့ လာရောက်အခြေချ နေထိုင်သည့် သူများလည်းရှိနေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...