Friday, May 3, 2024

နမ့်ခမ်းမြို့အနီး TNLAနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်၊ စစ်ကောင်စီ (၄)ဦး သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်က (၄) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီ (၅) ရက်နေ့က နမ့်ခမ်းမြို့အနီး ကောင်းနောင်စန် နှင့် ဟိုနားကျေးရွာ အနီး တစ်ဝိုက် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ (၄)ဦးကျဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“စစ်ကောင်စီဘက်က (၄) ဦး သေဆုံးသွားတယ်လို့ သိရတယ်။ နောက်တစ်ဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ကြားတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားတော့ အနီးနားက ရွာတွေ ၊ ဇရပ်တွေ ပျက်စီးသွားတာတွေရှိတယ်” ဟု ဟိုနားကျေးရွာခံ တစ်ဦး ကပြောသည်။

ယမန်နေ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်သူ (၆) ဦးရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က အရှိန်ကြောင့် ဒီနေ့ နမ့်ခမ်းမှာ စျေးမှာ လူသိပ် မရှိဘူး။ အသွားအလာလဲ နည်းနည်းပဲရှိသေး တယ်။ထိတ်လန့်နေကြတုန်းထင်တယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

ဇန်နဝါရီ (၄) ရက်နေ့က TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့စျေးအတွင်း ဆက်ကြေးလာကောက်စဉ် (၂) ဦး ပစ်သတ်ခံရပြီးနောက် ဇန်နဝါရီ (၅) ရက် မနက်ပိုင်းမှာ TNLA တပ်ဖွဲ့မှ ဝတ်စုံအပြည့်ဖြင့် နမ့်ခမ်းမြို့အနီး စစ်ကြောင်း လှည့်လည် အင်အားပြပြီး ပြန်ထွက်ခွာစဉ် စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article