တိုက်ပွဲ
မိုးဗြဲ နှင့် ဖယ်ခုံ PDF ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် မိုးဗြဲ ကို စစ်ကောင်စီတပ်ဖွဲ့တို့က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီတို့သည် ဖယ်ခုံမြို့ရှိ လွိုင်ကော် - တောင်ကြီး လမ်းမကြီးတစ်လျှောက်တွင် လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် စတင်ပစ်ခတ်နေပြီး လက်နက်ကြီးများကြောင့်...
သျှမ်း – ကရင်နီနယ်စပ် တိုက်ပွဲ စစ်ကောင်စီဘက်မှ အကျအဆုံးများ၊ တိုက်ပွဲပြင်းထန်နေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း-ကရင်နီ(ကယား) နယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ယနေ့ထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းသိရသည်။ သျှမ်း - ကယားနယ်စပ်၊ ဒီးမော့ဆိုမြို့နယ်၊ ဝီသဲကူး (မြောက်ရွာ) ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိနှင့် တပ်သားအပါအဝင် ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အမြောက်အမြား...
လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားရင်း စစ်ရှောင်များကို ကူညီပေးနေသည့် SGDF အကူအညီလိုအပ်နေ
သျှမ်းပြည် - ကရင်နီ (ကယားပြည်) နယ်စပ်တွင် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတစ်ဖက်နှင့် စစ်ရှောင်များကို ကူညီပေးနေသည့် Shan Generation Defence Force မှ ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ လက်ရှိတွင် Shan Generation Defence Force နှင့် ပူးပေါင်းအဖွဲ့များ လှုပ်ရှားသည့်...
ပင်လုံမြို့သို့ စစ်ဘေးရှောင်လာသူ ၅၀၀ ဝန်းကျင်ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲအချင်းချင်းကြောင့် စစ်ဘေးကြိုတင် ရှောင်လာသည့်သူ (၅၀၀) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ လဲချားမြို့နယ် ဝမ်းယိမ်းကျေးရွာအုပ်စု နှင့် ပင်လုံမြို့ နားတစ်ကျေးရွာအုပ်စုတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများက ပင်လုံမြို့တွင်းသို့ စစ်ဘေးရှောင်လာခဲ့ကြောင်း...
ဟိုးပုံမြို့နယ် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲ စစ်ရှောင်များ ထပ်မံတိုးလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့တိုက်ပွဲ ထပ်မံဖြစ်ပွားကာ စစ်ရှောင်များ ထပ်မံတိုးလာကြောင်း သတင်းသိရသည်။ ဟိုပုံးမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့ သည် ယနေ့ (ဖေဖော်ဝါရီ ၁၈)ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် တကြိမ် နှင့် မွန်းလွဲပိုင်း ၂နာရီဝန်းကျင်တွင်...
တိုက်ပွဲကြား မိုးဗြဲ ဒေသခံ တစ်သောင်း နီးပါး ပိတ်မိနေ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ဖြစ်ပွားသည့် တိုက်ပွဲကြား မိုးဗြဲမြို့ ဒေသခံ တစ်သောင်း နီးပါး မြို့တွင်းတွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး...
မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ ကလေး အပါအဝင် (၃)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ချိန် ရှော့တိုက်မိုင်း နင်းမိပြီး အသက် (၅)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သေဆုံးသူ (၃)ဦး၊ ဒဏ်ရာရရှိသူ (၅) ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၇)ရက် နေ့လည်ပိုင်း မိုင်းယော်တိုက်နယ် ဝမ်လုံတတ်နှင့် ပန်နန်းကျေးရွာ...
မိုးဗြဲမြို့တိုက်ပွဲ PDF တပ်သား ၁၀ ဦးခန့် ကျဆုံး၊ ဒဏ်ရာရရှိသူများပြား
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) ရက်တွင် စစ်ကောင်စီ နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဘက်က ကျဆုံးမှု များစွာရှိပြီး အရပ်သား ၇ ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မနက်ပိုင်းမှ စတင်ပြီး ည...
NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို
NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...
မိုင်းယော်စစ်ရှောင် (၆၀၀)နီးပါး နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ (၆၀၀) နီးပါး နေရပ်သို့ ပြန်သွားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ပန်သပြေကျေးရွာ ဒေသခံများ လွယ်စက်ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်လာပြီး မိုင်းယော်စျေးထဲသို့ လာရောက်နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။ “မိုင်းယော်စျေးထဲ ရောက်လာတဲ့ စစ်ရှောင်တွေ...






