တိုက်ပွဲ
ကျောက်မဲစစ်ရှောင်များ တောင်ကြီးသို့ နှစ်ထပ်ကွမ်း ပြေးလာ
SHAN -
သျှမ်းပြည် မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲကြောင့် ကျောက်မဲမြို့အတွင်းရှိ စစ်ဘေးရှောင်များ တောင်ကြီးမြို့အထိ စစ်ဘေး ထပ်မံရှောင်လာရကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာသည့် ပြည်သူများသည် ကျောက်မဲမြို့နယ် ဟူးဆွန်နှင့် ပုံးလုံကျေးရွာအုပ်စုတို့က ဒေသခံများဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တောင်ကြီးမြို့ထဲသို့...
မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အမျိုးသမီးတစ်ဦးထိမှန် ခြေထောက်ဖြတ်ရ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တင့်ကားဖြင့် ပစ်ခတ်ခဲ့ရာမှ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲက အခုလည်း...
ကျောက်မဲ လူငယ်တစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက အသက် (၁၅)ဝန်းကျင် ရှိ လူငယ်တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က မန်ခေါက်ကျေးရွာမှ ကျောက်မဲမြို့တွင်းသို့ လာစဉ်...
စစ်ကောင်စီ ကျူးလွန်သည့် အကြမ်းဖက် အနီးကပ်စောင်ကြည့်အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
SHAN -
စစ်ကောင်စီက ကျုးလွန်ထားသည့် အကြမ်းဖက်မှုများကို အနီးကပ် စောင့်ကြည့်အရေးယူပေးရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။ ဖေဖော်ဝါရီ (၁၄) ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးမှာ ဦးကျော်မိုးထွန်း...
ရုန်းထခက်ခဲနေတဲ့ သျှမ်းရိုးရာလက်မှုသည်
SHAN -
ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင် ကမ္ဘာတဝှမ်းနည်းတူ မြန်မာနိုင်ငံလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဒဏ်ကို အလူးအလိမ့်ခံနေရပြီး အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ စီးပွားရေး ရုတ်တရက် ထိုးချခံခဲ့ရပြီး၊ ထိခိုက်ဆုံးရှုံးမှုတွေ များစွာ စတင်ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီထဲမှာ ဘိုးဘွားတွေလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာလည်း ထိခိုက်ယိမ်းယိုင်ခဲ့ရပါတယ်။ ကိုဗစ်ရောဂါကြောင့် အခက်ခဲမျိုးစုံ ကြုံတွေ့နေရတဲ့အပြင် စစ်ကောင်စီက...
သီပေါ မိုင်းထိ လူနာနှင့် ပျက်စီးသွားသည့်နေအိမ် ပြန်ပြင်ရန် အကူအညီ လိုအပ်နေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် ယခုလ အစောပိုင်းက နေရပ်ပြန် စစ်ရှောင်များထဲမှ မိုင်းထိ ဒဏ်ရာရခဲ့သည့် လူနာ နှင့် နေအိမ်လက်နက်ထိမှန် ပျက်စီးခဲ့သည့် ဒေသခံများ အကူအညီ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု တွန်ဆောက်ကျေးရွာမှ ဒေါ်ခင်ဌေး...
သျှမ်းလက်နက်ကိုင် တိုက်ပွဲကြောင့် ထိုင်းသို့ တရားမဝင်လာသူ (၂၂၀) ဦးကျော် ဖမ်းဆီးခံထားရ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ (၂၂၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဝင်ရောက်လာသူများသည် သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြင့် သော်လည်းကောင်း၊ ကရင်နီပြည် မှာ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့်...
ရပ်စောက်မြို့နယ် ကျောက်ဂူ အမျိုးသမီး ၂ဦး မိုင်းထိ ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ဒေသခံ အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာနှင့်...
PNLO/PNLA မှ ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအတွင်း ရောက်ရှိလာသည့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်များကို PNLO/PNLA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ကရင်နီပြည်ဘက်မှ ကဒူးကြီးကျေးရွာဘက်သို့ စစ်ရှောင်ရောက်ရှိ လာသည့် စစ်ဘေးရှောင်များကို PNLO မှ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ...
ရပ်စောက်မြို့နယ်ရောက် ကျောက်မဲ စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းတိုက်နယ်တွင် ရောက်ရှိနေသည့် သျှမ်းမြောက် ကျောက်မဲမြို့နယ်က စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၉)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ကျိုင်းခမ်းကျေးရွာအုပ်စုသို့ ရောက်ရှိနေသည့် ကျောက်မဲ စစ်ရှောင် (၅၆၀)ခန့်သည် ဟိုပုံးမြို့နယ် ဖာလိုင်းကျေးရွာရှိ ကျီတောဘုန်းကြီးကျောင်းသို့ ထပ်မံ ထွက်ပြေးရကြောင်း...






