မိုးဗြဲမြို့တိုက်ပွဲ PDF တပ်သား ၁၀ ဦးခန့် ကျဆုံး၊ ဒဏ်ရာရရှိသူများပြား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) ရက်တွင် စစ်ကောင်စီ နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဘက်က ကျဆုံးမှု များစွာရှိပြီး အရပ်သား ၇ ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မနက်ပိုင်းမှ စတင်ပြီး ည ၈နာရီကျော်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး (၂၀) ဦးခန့် သေဆုံးခဲ့ပြီး PDF တပ်ဖွဲ့ဘက်မှ ၁၀ ဦးဝန်းကျင်အထိရှိနိုင်ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်ကတော့ အနည်းဆုံး ၂၀ ဦးထိရှိတယ်။ အဲထက်များဖို့ဘဲ ရှိတယ်။ စစ်ကောင်စီဘက်က တော်တော် အထိနာတယ်။ ကျနော်တို့ မိုးဗြဲ အဖွဲ့ကတော့ ၇ ဦး ကျရှုံးသွားတယ်။ ၆ ဦးလောက်တော့ ဒဏ်ရာရသွားတယ်။ မဟာမိတ်တပ်ဖွဲ့တွေလည်း ကျဆုံးမှုတွေရှိတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့အပြင် မဟာမိတ်အနေဖြင့် ပါဝင်တိုက်ခိုက်ခဲ့သည့် KNDF ဖယ်ခုံအခြေစိုက် တပ်ရင်းမှ (၂) ဦး ကျဆုံးသွားပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီကျဆုံးမှုက များမယ်ထင်တာပဲ။ တိကျသတင်းသွားယူဖို့ မရသေးဘူး။ ကျနော်တို့မှာလည်း ဒဏ်ရာ (၅) ယောက်လောက် ရတယ်။ ကျဆုံးကတော့ (၂) ယောက်ရှိတယ်” ဟု KNDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီးနောက်ပိုင်း လက်နက်ကြီးဖြင့် ဝင်ရောက်တိုက်ခိုက် စစ်ဆင်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဘက်မှ ကျဆုံးမှု များသွားကြောင်း သိရသည်။

အဆိုပါ ကျဆုံးသွားသည့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံးသည် လက်နက်ကြီးကြောင့်သာ ကျဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့ ရဲဘော်တွေအားလုံးကလည်း လက်နက်ကြီးနဲ့ လေကြောင်း စစ်ကူမှာ ကျဆုံးသွားတာတွေဘဲရှိမယ်။ လက်နက်ငယ်နဲ့ဆိုရင်ဆိုရင်တော့ ကျနော်တို့ အသာစီးရယူနိုင်တယ်။ လက်နက်ကြီးနဲ့ ပစ်ကူနေတာတော့ ကျနော်တို့ တော်တော်လေးကို ခံလိုက်ရတယ်” ဟု အထက်ပါ မိုးဗြဲ PDF က ပြောသည်။

ကျဆုံးသွားသူများသည် PDF တပ်ဖွဲ့အပြင် PDF များကို ရှေ့တန်းတွင် တာဝန်ယူပြီး ဆေးကုသပေးနေသည့် ဒေါက်တာ တစ်ဦးလည်း ကျဆုံးသွားကြောင်း သိရသည်။ အဆိုပါ ဒေါက်တာလည်း လက်နက်ကြီးကြောင့် သေဆုံးသွားကြောင်း သိရသည်။

“ဒေါက်တာက ရှေ့တန်းစစ်မြေပြင်မှာ ဆေးလိုက်ကုပေးတာပေါ့။ လိုက်ကုပေးတဲ့အခါမှာ သူလည်း ရဲဘော်တွေနဲ့အတူ ကျဆုံးသွားတယ်။ ဒေါက်တာလည်း လက်နက်ကြီးကြောင့်ပဲ ကျဆုံးသွားတယ်” ဟု PDF တပ်ဖွဲ့များက ပြောသည်။

ယမန်နေ့တိုက်ပွဲသည် စစ်ကောင်စီဘက်မှ အထိနာပြီးနောက်ပိုင်း တင့်ကား၊ တိုက်လေယာဉ်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” မနေ့က ပြည်သူကတော့ (၇) ယောက်ထိခိုက်ဒဏ်ရာရတယ်။ ကလေး ၁ ဦး နဲ့ အမျိုးသမီး ၂ ဦးလည်းပါတယ်။ အမျိုးသမီးတစ်ဦးကတော့ တင့်ကားနဲ့ ပစ်လို့ ခြေထောက်ထိတာ။ ခြေထောက်ဖြတ်ရတယ်လို့သိရတယ်” ဟု Mobye Rescue Team က အဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီက တင့်ကားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးထိမှန်သွားခဲ့ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...