ပင်လုံမြို့သို့ စစ်ဘေးရှောင်လာသူ ၅၀၀ ဝန်းကျင်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲအချင်းချင်းကြောင့် စစ်ဘေးကြိုတင် ရှောင်လာသည့်သူ (၅၀၀) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့နယ် ဝမ်းယိမ်းကျေးရွာအုပ်စု နှင့် ပင်လုံမြို့ နားတစ်ကျေးရွာအုပ်စုတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများက ပင်လုံမြို့တွင်းသို့ စစ်ဘေးရှောင်လာခဲ့ကြောင်း သိရသည်။

“သူတို့တွေက စစ်ဘေးကို ကြိုရှောင်လာကြတာ။ တချို့နေရာမှာတော့ ပစ်ခတ်နေကြပြီ။ ပင်လုံမြို့ထဲက ရှောင်လာတဲ့သူတွေက ၅၀၀ ကျော်လောက်တော့ရှိနေပြီထင်တယ်။ ကျနော်တို့လည်း စာရင်း အတိကျ မရသေးဘူး။ အခုပဲ လိုက်ကောက်နေသေးတယ်” ဟု ပင်လုံမြို့ ဒေသခံ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံမြို့သို့ ရောက်ရှိလာသူများသည် တစုတစည်းတည်း စစ်ရှောင်စခန်းတွင် နေထိုင်ခြင်းမဟုတ်ဘဲ ဆွေမျိုးအိမ်များတွင် သွားရောက် ခိုလှုံနေကြကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်လာပါက စစ်ရှောင်များကို ကူညီနိုင်ရန်အတွက် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ က ပင်လုံမြို့ဒေသခံများနှင့် သံဃာများက အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုပင်လုံမှာရောက်နေကြတဲ့ စစ်ရှောင်တွေဟာ မိတ်ဆွေ၊ ဆွေမျိုးအိမ်တွေမှာပဲ သွားနေကြတာ။ တစ်နေရာထဲမှာ စုနေကြတာတော့မဟုတ်ဘူး။ ကျနော်တို့လည်း အခု စာရင်းကောက်နေတယ်။ တကယ်လို့ စစ်ဘေးရှောင်တွေများလာပြီး နေစရာမရှိဘူးဆိုရင်လည်း ကျနော်တို့ဘက်ကနေ နေရာတွေ စီစဉ်ပေးထားတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် လူငယ်အမျိုးသားက ဆိုသည်။

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တို့သည် မိုင်းကိုင်မြို့နယ်အတွင်းသို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုရက်ပိုင်းတွင် လဲချားမြို့နှင့် ပင်လုံမြို့ကြားရှိ ကျေးရွာတစ်ချို့သို့ စစ်မီးကူးလာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ နှစ်ဘက်တပ်များ စစ်ရေးတင်းမားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...