ဟိုးပုံမြို့နယ် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲ စစ်ရှောင်များ ထပ်မံတိုးလာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့တိုက်ပွဲ ထပ်မံဖြစ်ပွားကာ စစ်ရှောင်များ ထပ်မံတိုးလာကြောင်း သတင်းသိရသည်။

ဟိုပုံးမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့ သည် ယနေ့ (ဖေဖော်ဝါရီ ၁၈)ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် တကြိမ် နှင့် မွန်းလွဲပိုင်း ၂နာရီဝန်းကျင်တွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ်။ မနက်က ၁၀ နာရီဝန်းကျင်တိုက်ပွဲမှာ တစ်နာရီနီးပါးကြာခဲ့တယ်၊မွန်းလွဲ ပိုင်း ၁ နာရီဝန်းကျင်မှာ နာရီဝက်လောက်ပစ်ကြတယ်၊ လက်နက်ကြီးလက်နက်ငယ်တွေလည်း ကြားရလို့ တိုက်ပွဲ က ပြင်းထန်တယ်လို့ ယူဆပါတယ်၊ ရွာသားတွေလည်း ထွက်ပြေးကြပြီ” ဟု မိုင်းလင်းကျေးရွာအုပ်စုမှ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားသည့် ဟိုပုံးမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုတွင်းမှ ပြည်သူများသည် ပင်လုံမြို့နယ် ဝမ်းယိမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးခိုလှုံ နေရကြောင်း၊ ဝမ်ယိင်းမှပြည်သူများလည်းတိုက်ပွဲကြိုတင်ရှောင် ရှားသည့်အနေဖြင့် ပင်လုံမြို့ပေါ်ရှိ ဆွေမျိုးအိမ်များသို့ သွားရောက်ခိုလှုံနေကြောင်း ပင်လုံရောက် စစ်ရှောင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့က မိုင်းလင်းကနေ စစ်ရှောင်လာတာပါ၊ မနက်ပိုင်း ပစ်ခတ်သံတွေကြားရတယ်။ ကျမတို့ထွက်ပြေး လာတာ အသက်ကြီးပိုင်းတွေ အများစုပါလာကြတယ်၊ တချို့က ဘာပစ္စည်းမှ မယူဘဲ စစ်ရှောင်လာရတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းကိုင်မြို့နယ် နောင်မွန်ကျေးရွာမှ ဒေသခံပြည်သူများကလည်း မိုင်းကိုင်မြို့ပေါ်သို့ စစ်ဘေးရှောင် ရောက်ရှိလာကြောင်း မိုင်းကိုင်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ တိုက်ပွဲဖြစ်သွားတဲ့ နေရာက မြို့နယ် ၃ ခုရဲ့ နယ်နမိတ်လိုနေရာမျိုးမှာပေါ့၊ ဖြစ်တာက ဟိုပုံးမြို့နယ်ထဲ ဒါပေမဲ့ စစ်ရှောင်တာက ဟိုပုံးက မိုင်းလင်းရော၊ ဝမ်ယိမ်းရော၊ ပြီးတော့ သူတို့နဲ့ ရွာချင်းနီးစပ်နေတဲ့ မိုင်းကိုင်မြို့ နယ်ထဲက နောင်မွန်ကျေးရွာက ပြည်သူတွေကလည်း မြို့ပေါ်ကိုစစ်ရှောင်ရောက်လာတယ်” ဟု မိုင်းကိုင်မြို့မှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ဟိုပုံးမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် SSPP/SSA တပ်သား ပုံရိပ်များ လူမှုကွန်ယက်စာမျက်နှာသို့ ပျံ့နှံ့လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...