တိုက်ပွဲ

ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...

သျှမ်း-ကရင်နီ နယ်စပ်နှင့် အင်းလေးဘက် တိုက်ပွဲ ပြင်းထန်၊ PNAဘက်မှ စစ်သုံ့ပန်း (၄)ဦး ဖမ်းမိ

သျှမ်း-ကရင်နီ နယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် အင်းလေးဒေသတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး အင်းလေး တိုက်ပွဲတွင် PNAစစ်သုံ့ပန်း (၄)ဦး ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက် ညနေ (၂နာရီခွဲ) ဝန်းကျင်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်...

မိုးကုတ် ဗုံးကြဲခံရမှုအတွင်း TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးဟု သတင်းအမှားဖြန့်

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးကြောင်း သတင်းအမှားဖြန့်ချိ နေပါသည်။ စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “...

စစ်ကောင်စီမှ မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက် လာသောကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ ထိတွေ့တိုက်ပွားဖြစ်နေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ( ၅ )ရက်တွင် စစ်ကောင်စီတပ်နှင့် KNDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့်...

နမ့်ခမ်းမြို့ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံး ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တောင်ယာထဲ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံးကို ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေ ၃ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာ၌ တောင်ယာထဲ ကြံစိုက်နေစဉ်...

သျှမ်းမြောက်တကြော ၂၀၂၅ နှစ်အစပိုင်း မိုင်းနင်းမိရာ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ၂၀၂၅ နှစ်စအတွင်းတွင် မိုင်းနင်းမိပြီး ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့ ၊ ကွတ်ခိုင်မြို့နှင့် သီပေါမြို့ စသည့် တိုက်ပွဲဖြစ်ပွားသည့် ဒေသအသီးသီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကိုင်တွယ်မိရာနှင့် မိုင်းနင်းမိရာတွင်...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ‌တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ ထိတွေ့တိုက်ပွဲများရှိနေကြာင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့၏ အရှေ့တောင်ဘက် နှင့် အ‌နောက်တောင်ဘက်တို့တွင် စစ်‌ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ထိတွေ့တိုက်ပွဲများရှိနေပြီး၊ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ...

ဗန်းမော်မြို့ အပြီးသတ် ထိုးစစ် စတင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ကို ယနေ့ ဖော်ဖော်ဝါရီ ၂ ရက် နံနက် ၅ နာရီခွဲမှစ၍ အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်များ ပိတ်ဆို့...

မြန်မာ့လူထု လိုအပ်ချက် နဲ့ တရုတ်ပြည် လိုအပ်ချက် ဘယ်လိုတန်းညှိမလဲ

၂၀၂၅ ဖေဖေါ်ဝါရီလ ၁ ရက် နေ့မှာ စစ်ကောင်စီ SAC က တိုင်းပြည်အာဏာကို သိမ်းယူလာခဲ့တာ ၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၄ နှစ်တာ ကာလာမှာ လူထု သေကြေရတယ်၊ မိသားစုတွေ ခွဲခွါကြရတယ်၊ အသက်အိုးအိမ် စည်းစိမ်...

ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုပေါ် စိုးရိမ်နေကြ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို မတ်လကုန်တွင် နေရပ်ပြန်ရန် ပြောဆိုနေကြသည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ် ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေးပြောဆိုမှုရှိခဲ့ကြောင်းညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မတ်လမှာ ပြောင်းဖို့နေရပ်ပြန်ဖို့ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးပါဘူး။ အထွေထွေအုပ်ချုပ်‌ရေးရုံးရဲ့...

Latest news