ရန်ကုန်နှင့် ပဲခူး တိုက်ပွဲစတင်ဖော်ဆောင်တော့မည် ဟု NUG အစိုးရ ပြော

ရန်ကုန်နှင့် ပဲခူးတိုင်းတို့ကို ပြန်လည်စိုးမိုးရန်အတွက် တိုက်ပွဲစတင်ဖော်ဆောာင်တော့မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

ရန်ကုန်သို့ ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် ထပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့သည် ရုပ်သံကို NUG က ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

“မင်းတို့တပ်တွေ ရွှေ့တော့မယ်။ ရွှေ့တော့မယ်ဆိုတာ ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး ဒီဒေသတွေပြန်လည်စိုးမိုးဖို့အတွက် ရည်ရွယ်ချက်ရှိတယ်။ ဒီအတွက်လည်း ရွှေ့တာ၊ ဒီနေ့ရွှေ့တာက တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မယ်ပေါ့။တပ်ထွက်တယ်ဆိုတာ ပန်းခင်းလမ်းကိုသွားတာမဟုတ်ဘူး၊ ဆူးခင်းလမ်းကိုသွားတာ” ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

စစ်အာဏာရှင် များမရှိအောင် တော်လှန်ရေးလုပ်ဆောင်ရခြင်းဖြစ်ပြီး၊ အဓိက ရည်ရွယ်ချက်မပျောက်အောင် ရည်ရွယ်ချက်ခိုင်မာအောင် ထားရှိရန် လည်း မှားကြားခဲ့သည်။

PDF

ထို့ပြင် သင်တန်းများလည်း ပြီးဆုံးသွားပြီဖြစ်၍ အတွေ့အကြုံများလည်း ရရှိပြီဖြစ်ကြောင်း၊ စစ်သင်တန်းသားများ ကြံ့ကြံ့ခံနိုင်သည့်အတွက်လည်း များစွာဂုဏ်ပြုကြောင်း၊ အာဏာရှင်စနစ်ပျောက်မှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ရည်ရွယ်ချက်များ၊ ခံယူချက်များ မပျောက်စေရန် နှင့် သွေးခွဲမှုများကိုလည်း နားမယောင်ဖို့ရန်အတွက်လည်း ဝန်းကြီးချုပ်က မှာကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်မြို့နယ် အတွင်းနေထိုင်သည့်ပြည်သူများအနေဖြင့် ၎င်းသတင်းအပေါ် စိုးရိမ်မှုရှိသော်လည်း ယခင်ကဲ့သို့ စားစရာ များဝယ်ယူစုဆောင်းထားကြခြင်းမရှိတော့ကြောင်းသိရသည်။

“ ရန်ကုန်ကို လာမယ်ဆိုပြီးပြောနေတာတော့ကြာလှပါပြီ။ တိုက်မယ်ဆိုရင်လည်း အပြီးတိုက်လိုက်၊ တခါပြော တခါစိုးရိမ် တခါဆန်၊ဆီ၊စျေးတက်နဲ့ သံသယလည်နေတာ။ မြန်မြန်တိုက်၊ မြန်မြန်ပြီးတာပေ့ါ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အိမ်ရှင်မ တစ်ဉီးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စေ့စပ်ဆွေးနွေးရေး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာလား

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ယူနီဖောင်းချွတ် အစိုးရအသွင်ပြောင်းရန် စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေစဉ် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...